
ရန်ကုန်မြို့ပေါ်မှာ ဗီယက်နမ်စားသောက်ဆိုင်အရေအတွက်က ဂျပန်၊ ကိုရီးယားနဲ့ ထိုင်း အစရှိတဲ့ စားသောက်ဆိုင် တွေနဲ့ ယှဉ်ရင် တော်တော်လေးနည်းပါတယ်။ အဲ့ဒီကြားထဲက နာမည်ကြီးပြီး လူကြိုက်များတဲ့ ဆိုင်တွေရဲ့ လိပ်စာနဲ့ ဟင်းလျာတွေကို MY Yangon အဖွဲ့က ဖော်ပြပေးလိုက်ပါတယ်။
ယခင် ပြင်သစ်ကိုလိုနီလက်အောက် ရောက်ခဲ့ဘူးတဲ့အတွက် ဗီယက်နမ်ရဲ့ အစားအသောက်တော်တော်များများဟာ ပြင်သစ် အစားအစာတွေနဲ့ တော်တော်လေးနီးစပ်ပါတယ်။ မြန်မာပလာဇာ မှာဖွင့်ထားတဲ့ Saigon Baguette Cafe' ရဲ့ လူကြိုက်များတဲ့ ပြင်သစ်အသားညှပ်ပေါင်မုန့်ဟာ ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်း ပါတယ်။ ဆလပ်ရွက်၊ သခွားသီး၊ မုန်လာဥနီ/ဖြူ၊ ကြက်သွန်နီ၊ နံနံပင်တို့လည်း ပါဝင်တဲ့အတွက် စားရတာလတ်လတ် ဆတ်ဆတ် ရှိတယ်။ အဆီအစိမ့် ရှောင်ချင်တဲ့သူတွေအတွက်လည်း အထူး သင့်လျော်ပါတယ်။ ဈေးကတော့ အသားညှပ်ပေါင်မုန့် တစ်ပွဲကို ကျပ် ၄,ဝ၀ဝ အထက်မှာရှိပါတယ်။ အသားရှောင်သူအတွက် သတ်သတ်လွတ်ပေါင်မုန့်လည်း ရှိပါတယ်။ ဗီယက်နမ်ကော်ဖီနဲ့ ကော်ပြန့်စိမ်းကိုလည်း ဒီဆိုင်မှာရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန် ဆန်ဆန်စားချင်တဲ့လူတွေအတွက်အဆင်ပြေပါတယ်။ နဝဒေး လမ်းမှာ ပထမဆိုင်ခွဲရှိပြီး မြန်မာပလာဇာမှာ ဒီနှစ် ၅ လပိုင်းက ဒုတိယဆိုင်ခွဲ စဖွင့်ခဲ့တာပါ။ နောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဗီတာမင်သစ်သီးဖျော်ရည်မျိုးစုံကိုလည်း သုံးဆောင်နိုင်ပါတယ်။
ဆိုင်ခွဲ (၁) - ၁၁ အေ၊ နဝဒေးလမ်း၊ ဒဂုံ
ဆိုင်ခွဲ (၂) - တတိယအထပ်၊ မြန်မာပလာဇာ
ဝ၉ ၉၆၂ ၁၉၉၁၁၃
ရန်ကုန်မြို့က ဝါးတီး (ဗီယက်နမ် စားသောက်ဆိုင်များ)
ရန်ကုန်မြို့ပေါ်မှာ ဗီယက်နမ်စားသောက်ဆိုင်အရေအတွက်က ဂျပန်၊ ကိုရီးယားနဲ့ ထိုင်း အစရှိတဲ့ စားသောက်ဆိုင် တွေနဲ့ ယှဉ်ရင် တော်တော်လေးနည်းပါတယ်။ အဲ့ဒီကြားထဲက နာမည်ကြီးပြီး လူကြိုက်များတဲ့ ဆိုင်တွေရဲ့ လိပ်စာနဲ့ ဟင်းလျာတွေကို MY Yangon အဖွဲ့က ဖော်ပြပေးလိုက်ပါတယ်။
Saigon Baguette Cafe'
ယခင် ပြင်သစ်ကိုလိုနီလက်အောက် ရောက်ခဲ့ဘူးတဲ့အတွက် ဗီယက်နမ်ရဲ့ အစားအသောက်တော်တော်များများဟာ ပြင်သစ် အစားအစာတွေနဲ့ တော်တော်လေးနီးစပ်ပါတယ်။ မြန်မာပလာဇာ မှာဖွင့်ထားတဲ့ Saigon Baguette Cafe' ရဲ့ လူကြိုက်များတဲ့ ပြင်သစ်အသားညှပ်ပေါင်မုန့်ဟာ ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်း ပါတယ်။ ဆလပ်ရွက်၊ သခွားသီး၊ မုန်လာဥနီ/ဖြူ၊ ကြက်သွန်နီ၊ နံနံပင်တို့လည်း ပါဝင်တဲ့အတွက် စားရတာလတ်လတ် ဆတ်ဆတ် ရှိတယ်။ အဆီအစိမ့် ရှောင်ချင်တဲ့သူတွေအတွက်လည်း အထူး သင့်လျော်ပါတယ်။ ဈေးကတော့ အသားညှပ်ပေါင်မုန့် တစ်ပွဲကို ကျပ် ၄,ဝ၀ဝ အထက်မှာရှိပါတယ်။ အသားရှောင်သူအတွက် သတ်သတ်လွတ်ပေါင်မုန့်လည်း ရှိပါတယ်။ ဗီယက်နမ်ကော်ဖီနဲ့ ကော်ပြန့်စိမ်းကိုလည်း ဒီဆိုင်မှာရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန် ဆန်ဆန်စားချင်တဲ့လူတွေအတွက်အဆင်ပြေပါတယ်။ နဝဒေး လမ်းမှာ ပထမဆိုင်ခွဲရှိပြီး မြန်မာပလာဇာမှာ ဒီနှစ် ၅ လပိုင်းက ဒုတိယဆိုင်ခွဲ စဖွင့်ခဲ့တာပါ။ နောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဗီတာမင်သစ်သီးဖျော်ရည်မျိုးစုံကိုလည်း သုံးဆောင်နိုင်ပါတယ်။
ဆိုင်ခွဲ (၁) - ၁၁ အေ၊ နဝဒေးလမ်း၊ ဒဂုံ
ဆိုင်ခွဲ (၂) - တတိယအထပ်၊ မြန်မာပလာဇာ
ဝ၉ ၉၆၂ ၁၉၉၁၁၃
Golden Pho
ဆိုင်လေးကသေးငယ်ပေမယ့် စားသုံးသူတွေအတွက် သက်တောင့်သက်သာရှိပြီး ဝန်ဆောင်မှုအနေနဲ့ မြန်ဆန်ပြီး ဧည့်ဝတ်ကျေပွန်ပါတယ်။ ဗီယက်နမ်တောင်ပိုင်းက နာမည်ကျော် လူကြိုက်များတဲ့ ဟင်းလျာတွေ မှာယူရရှိနိုင်ပါတယ်။ ဒီဆိုင်ကလူကြိုက်များတဲ့ ဟင်းလျာကတော့ Pho လို့ခေါ်တဲ့ ဗီယက်နမ် စတိုင်ခေါက်ဆွဲစွပ်ပြုတ်ဟင်းရည်ပါပဲ။ မှာယူသူစိတ်ကြိုက်အသားနဲ့ ရွေးချယ်မှာယူနိုင်ပြီး ဝက်သား၊ အမဲသား၊ ကြက်သား စတာတွေ မှာယူနိုင်ပါတယ်။ နောက်ထပ်စားဖွယ်ရာတစ်ခုကတော့ ဗီယက်နမ် ရိုးရာကော်ပြန့်စိမ်းပါပဲ။ စိတ်ကြိုက်အသား၊ ပုစွန်နဲ့ မှာယူနိုင်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ ဆော့စ် (Hoisin Sauce) ရဲ့ အရသာကလည်း ထူးခြားပါတယ်။ ကောင်းမွန် ထူးကဲတဲ့ အသားအရသာကို လေးလေးပင်ပင် ရရှိခံစားရမှာပါ။ ခေါက်ဆွဲအရသာကလည်း နူးညံ့ ပျော့ပြောင်းပြီး ပါးစပ်ထဲမှာ ပျော်ဝင်သွားပါတယ်။
အမှတ် ၂၃၊ Golden View Tower (ကန်တော်ကြီးဝင်ပေါက်အနီး)
ဦးအောင်မြတ်လမ်း၊ မင်္ဂလာတောင်ညွှန့်၊ ဝ၉၄၅၅၁၆၈၁၃၇၊ ဝ၁ ၈၆၁၉၁၉၄
Omai Vietnamese Restaurant
ဒီဗီယက်နမ်ဆိုင်လေးကတော့ ဝေဇယန္တာလမ်းမပေါ် မှာပါ။ ပတ်ဝန်းကျင်က ရှုပ်ထွေးပေမယ့် ဆိုင်ထဲမှာ ထိုင်ရတာ အေးအေးဆေးဆေး ရှိပါတယ်။ ဗီယက်နမ် အစားအစာကို မြန်မာမှုပြုထားတဲ့အတွက် မြန်မာလျှာ တွေအနေနဲ့ မစိမ်းလှပါဘူး။ ကော်ပြန့်စိမ်း၊ ဝက်နံ ရိုးကင်၊ ပင်လယ်စာနဲ့ချဉ်စပ်သုပ်ထားတဲ့ ပဲကြာဆံသုပ် တို့က လူကြိုက်များပါတယ်။ နောက်ထူးခြားတာက ပင်လယ်စာကင်းမွန်ကြော်ပါ။ ထောပတ်သီးနဲ့ ပြုလုပ်ထားတဲ့ အချဉ်ရည်နဲ့ တွဲစားရတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဟင်းပွဲတွေက ကျပ် ၃,ဝ၀ဝ နဲ့ ၄,ဝ၀ဝ ကြားမှာရှိတဲ့အတွက် ဈေးနှုန်းသင့်တင့်ပါတယ်။ဆိုင်ကမနက် ၁၁ နာရီကနေ ၂ နာရီခွဲတစ်ကြိမ် ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိတစ်ကြိမ် တနေ့ကို နှစ်ကြိမ်ဖွင့်ပါတယ်။
၃၈၁၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
ဝ၁ ၅၆၉၉၆၆
Vietnamese House
လေဟာပြင်ထဲမှာ ထိုင်လို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ နွေးထွေးတဲ့ ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီဆိုင်မှာလည်း ဗီယက်နမ် Pho ခေါက်ဆွဲစွပ်ပြုတ် အသားဟင်းရည်ကို စိတ်ကြိုက်အသားနဲ့ မှာယူ နိုင်ပါတယ်။ ပုစွန်ကော်ပြန့် (Prawn Roll) ကလည်း စားလို့ အဆင်ပြေပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ မီနူးထဲက ဟင်းလျာတွေ အကုန်လုံးက ကျပ် ၁,၅၀ဝ ကနေ ၃,ဝ၀ဝ အတွင်းသာရှိလို့ ဈေးချိုချိုနဲ့ မှာယူစားနိုင်ပါတယ်။ နာမည်ကျော် ဗီယက်နမ်ကော်ဖီ အစစ် အမှန်ကိုလည်း မြည်းစမ်းနိုင်ပါတယ်။ အရသာက မြန်မာကော်ဖီတွေထက် ပိုမိုခါးသက်ပြီး ပိုပြီးတော့လည်း ပြစ်ပြစ်နှစ်နှစ် ရှိပါတယ်။
အမှတ်၈၁၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း
ဝ၁ ၅၁၂၆၄၁
Cyclo Vietnamese Restaurant
ဆိုင်ကရိုးရိုးရှင်းရှင်းလေးနဲ့ ပြင်ဆင်ထားတာပါ။ ဗီယက်နမ်မှ ဝါရင့် စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်ထားတာလို့ ဆိုင်ရဲ့ Facebook မှာ ကြော်ငြာထားပါတယ်။ ဗီယက်နမ်အရသာ စစ်စစ်ကို စားချင်တဲ့သူတွေအတွက် ဟင်းသီးဟင်းရွက်များတဲ့ ဗီယက်နမ်ဟင်းလျာမျိုးစုံနဲ့ ဗီယက်နမ် ဟော့ပေါ့လည်း ရပါ တယ်။ ရန်ကုန်မှာရှိတဲ့ ဗီယက်နမ်ဆိုင်တွေထဲမှာ ဗီယက်နမ် ဟင်းလျာအစုံဆုံး ဆိုင်ပါ။ ဒီဆိုင်ရဲ့ ကြက်သားငှက်ပျောအူ သုပ်က မြည်းသင့်တဲ့ ဟင်းလျာပါ။ အရသာရှိတဲ့ ဝက် သားထမင်းလိပ်က ဒီဆိုင်မှာ နောက်ဆုံးထွက်တဲ့ဟင်းလျာ အသစ်ပါ။ ဈေးနှုန်းကတော့ နဲနဲလေးများတယ်လို့ ဆိုရမှာပါ။
၁၃၃၊ လမ်းမတော်လမ်း၊ လမ်းမတော်
ဝ၉ ၂၅၀၈၀ဝ၆၀၅
No comments:
Post a Comment