Wednesday, November 9, 2016

Hotel Shwe Gone Daing





Hotel Shwe Gone Daing ဟာ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားအနီး၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်တွင် တည်ရှိသည့် ဟိုတယ်တစ်ခုဖြစ်ပါတယ်။
ဟိုတယ်တွင် Pool Bar, LUV Tunnel, Spa, KTV အစရှိသည်တို့ရှိခြင်းကြောင့် သက်တောင့်သက်သာ အနားယူ အပန်းဖြေစရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဟိုတယ်ရှိ စားသောက်ဆိုင်တွင် ညစာစားပွဲများ၊ မွေးနေ့ပွဲများ၊ မိသားစုမိတ်ဆုံစားပွဲများကိုလည်း တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါတယ်။
ဟိုတယ်တွင် မိမိကြိုက်နှစ်သက်ရာ မင်္ဂလာအချိန်ကို ညှိနှိုင်း၍ ဆောင်ရွက်နိုင်ပါတယ်။
ညစာစားပွဲအတွက် Chinese Set menu ဖြင့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ကျပ် တစ်သောင်း မှ တစ်သောင်းနှစ်ထောင်အထိ ရှိပါတယ်။ ဧည့်သည်အယောက် ၇၀ ကျော်ခန့်သာ ကျင်းပနိုင်ပါတယ်။
အခမ်းအနားအပြင်အဆင်နှင့် နောက်ခံစာတမ်းရေးထိုးခြင်းအစီအစဉ်ကို မိမိဘာသာ အပြင်မှငှားရမ်း၍ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဟိုတယ်တွင် ကားရပ်နားရန်အတွက် ကားပါကင်နေရာ လုံလုံလောက်လောက်လည်း ရှိပါတယ်။

အမှတ် ၂၇၃-A၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၅၅၂၅၈၃~၆

No comments:

Post a Comment