Monday, September 5, 2016





စက်တင်ဘာလ ၇ ရက်နေ့ သွား ၁၁ ရက်နေ့ ပြန်ခရီးစဉ်အတွက် သတ်မှတ်ထားသော လူဦးရေ ပြည့်သွားပါပြီရှင်။

စက်တင်ဘာ ၁၄ ရက်နေ့ မှာ ထွက်ရှိမယ့် ဗီယက်နမ် ဟိုချီမင်း-မိုးနဲ-ဒါလတ် (၅ရက်)+(20KG) ခရီးစဉ်မှာလဲ သတ်မှတ်ထားသော လူဦးရေ ပြည့်ပါတော့မယ်ရှင်။ သတ်မှတ်ထားသော လူဦးရေ ပြည့်ပါက စက်တင်ဘာလ ၂၈ ရက်နေ့ တွင် ဆက်လက်ထွက်ရှိပေးပါမယ်ရှင်။

စက်တင်ဘာလ အတွက်အထူးဈေးနှုန်းများနဲ့  အရမ်းပျော်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်တဲ့ Vietnam- Hochiminh- MuiNe- DaLat
(5 ရက်ခရီး $ 365/-) အရမ်းတန်တဲ့ ဈေးနှုန်းနဲ့ ပျော်စရာခရီးသွားကြမလား ***

ဘာမပါဘူး~ ညာမပါဘူးဆိုပြီး ထပ် ထပ်တောင်းတာ ဘာ ဘာ ဘာမှ မရှိတဲ့ အမှန်ကန်ဆုံး မြန်မာမြတ်ချယ်ရီ မှ ဗီယက်နမ်ခရီးစဉ် (အပတ်စဉ် သောကြာနေ့ တိုင်း ထွက်ရှိပါသည်)

ချစ်ဧည့်သည်တွေရဲ့ အိမ်မက်တွေဆီကို မြန်မာမြတ်ချယ်ရီ နှင့်အတူ အရောက်သွားဖို့အတွက် နောက်မကျရလေအောင် အမြန်ဆုံးစာရင်းပေးသွင်းလိုက် ကြစို့နော်~

မှန်ကန်မှုတွေ နဲ့ အကောင်းဆုံး ၀န်ဆောင်မှုပေးပြီး ဧည့်သည်များကို စိတ်ချမ်းသာစေမှာ မြန်မာမြတ်ချယ်ရီ ပါ။

ပထမနေ့  ✌ ~ Tan Son Nhat လေဆိပ်ရောက်ပြီး ညစာကို
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီတီးရဲ့ ညအလှကို Saigon River Cruise ပေါ်မှာ Dinner စားရင်း Show ကြည့်ရင်း ခံစားမယ်… ညကျတော့ Ben Thanh Night Market နဲ့  Shopping Center အသစ်ကြီးကို သွားလည်မယ်။ (မ၀ယ်သေးဘူး ~ ကြည့်နေတယ်~ နောက်ဆုံးညကျမှ အပီဝယ်ကြမယ်နော်)

ဒုတိယနေ့ ✌
ဗီယက်နမ်နိုင်ငံ၏ နံပါတ် (၁) အလှပဆုံးကမ်းခြေဖြစ်တဲ့ Mui Ne Beach စိတ်ကြိုက် ရေကူးမယ်၊ Seafood တွေ အားရပါးရ စားမယ်၊ အပန်းဖြေမယ်။ အလှပဆုံး Fairy Steam ဒဏ္ဍာရီဆန်သော စမ်းချောင်းလေး နဲ့  ဆံချည်ကွေးကွေးလေးတွေလို ရေကြည်ကြည်လေးတွေ ကွေးကွေးကောက်ကောက်လေး စီးဆင်းနေတဲ့ "နတ်သမီးဆံကေသာ ရေတံခွန်" လေးကို သွားလည်မယ်၊ သဲနီကန္တာရ ကို ဆက်သွားချင်လဲ ရသေးတယ်။ ညကျတော့Night Market သွားချင်လဲ ရသေးတယ် ~

အီဂျစ်လို သဲကန္တာရသဖွယ် လှပဆန်းကြယ်လွန်းတဲ့ သဲသောင်ဖို့ အနီရောင်၊ အ၀ါရောင်၊ အဖြူ ရောင် သဲသောင်ခုံးတွေကြား ဓါတ်ပုံရိုက်မယ်။ fb တင်ကြမယ်။
အဲ့ညမှာ မိုးနဲကမ်းခြေဟိုတယ်မှာ တစ်ညတာအိပ်စက်ပြီး...

တတိယနေ့  ✌ ဗီယက်နမ်နိုင်ငံရဲ့ တောင်ပိုင်း
အလယ်ဒေသရှိ Da Lat မြို့ သို့ ခရီးဆက်ကြမယ်။

ကေဘယ်ကားစီးပြီး Robin Mount တောင်တန်းတလျှောက် Tuyein Lam ရေကန်နှင့် ဗီယက်နမ်နိုင်ငံတွင် အကြီးဆုံးကျောင်းတော်ဖြစ်သည့် Truc Lam ဘုန်းတော်ကြီးကျေင်းတော်သို့ ကေဘယ်ကားများစီးကာ လည်မယ်၊

Da Lat Night Market မှာ ဗီယက်နမ် ထွက်ကုန်များကို စိတ်ကြိုက်ဝယ်မယ်။ (ပစ္စည်းကောင်း ဈေးချိုတဲ့ ဆိုင်တွေကို ညွှန်ပြပေးမယ်နော်- ကော်မရှင်ဆိုင်များ လုံးဝ မပါဝင်ပါ)
Da Lat Hotel မှာ တစ်ညတာ အိပ်စက်မယ်။.......

စတုထ္တနေ့ ✌
ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အလွန်လှပသော အသူတစ်ရာနက်သည့် ချောက်၊ နှစ်ထပ် ရေတံခွန်ရှိရာ Datanla Waterfall ကို Alpine Coaster ကြီးစီးပြီး သွားမယ်။ (အရမ်းစိတ်လှုပ်ရှားရလို့  ကြောက်နဲ့ နော်~~~)

Crazy House အရူးအိမ်ထဲ ၀င်ကြမယ်။ Da Lat တောင်ပေါ်မြို့၏ အလှပဆုံး ပန်းမျိုးစိတ်ပေါင်း ၃၀၀ကျော် ရှိတဲ့ ပန်းဥယျာဉ် Da Lat City's Flower Garden မှာ တစ်နှစ်ပတ်လုံး ပွင့်ဖူးနေတဲ့ ပန်းမျိုးစိတ်ပေါင်း တစ်ရာကျော်နဲ့  အေးစိမ့်နေတဲ့ ပန်းဥယျာဉ်ထဲမှာ ကျူးလစ်ပန်းတွေနဲ့ အလှ~ ဓါတ်ပုံရိုက်ကြအုံးမှာ ~

ပဉ္စမနေ့  ✌
နံနက်စောစော Ho Chi Min City ၏ နာမည်ကျော် Ben Thanh Market မှာ ဈေးဝယ်ပြီး Home Sweet Home နော်~~~~

- ကမ္ဘာမှာ နံပါတ် (၂) နေရာမှာရှိတဲ့ ဗီယက်နမ် ကော်ဖီတွေလည်း ၀ယ်မယ်၊ ဗီယက်နမ် အိတ်လှလှလေးတွေလည်း ၀ယ်မယ် အပြန်အတွက်လည်း စိတ်ပူစရာ မရှိအောင် (20 kg) လည်းဝယ်ပေးထားတဲ့အတွက် ဘာမှစိတ်ပူစရာမရှိ လည်မယ်၊ ၀ယ်မယ်၊ စားမယ်၊ ပျော်ကြမယ်၊ ဒီနေရာတွေ အကုန်ရောက်မယ်ဗျာ့။

မြန်မာမြတ်ချယ်ရီရဲ့  အမြဲ တီထွင် ဆန်းသစ်ထားသော ခရီးစဉ်များကို ဦးဦးဖျားဖျား လိုက်ပါနိုင်ခြင်းဖြင့် ဂုဏ်ယူလိုက်ပါရှင့်။

- ကုမ္ပဏီအမှတ်- ၃၂၇ / ၂၀၁၃-၂၀၁၄
- ဟိုတယ်နှင့် ခရီးလှည့်လည်ရေးလိုင်စင်- အမှတ်-ခ-၂၄၆၄
- ပြည်ပခရီးသွားလာခွင့် လိုင်စင် -အမှတ် - ပခ- ၀၀၃၂

အမှတ် ၁၂၂/၁၂၄၊ ကျိုက္ကဆံလမ်း နဲ့  လမ်း ၁၅၀ထောင့်၊ (United Living Mall အနီး)၊ တာမွေ။
01 551240, 09 5003647, 09 73160843

ချစ်ဧည့်သည်တော်များအနေဖြင့် စိတ်ဝင်စားတယ်ဆိုရင်တော့ viber ဖုန်းနံပါတ်လေးတွေကချန်ထားပေးခဲ့ဖို့ မမေ့နဲ့နော်။
မြန်မာမြတ်ချယ်ရီရဲ့ ချစ်ဧည့်သည်တော်များကို အထူးကျေးဇူးတင်ပါတယ်ရှင်။

***** စိတ်ချယုံကြည် မြန်မာမြတ်ချယ်ရီ****

No comments:

Post a Comment