Tuesday, September 6, 2016

Sky Star Hotel




Sky Star Hotel ဟာ ရန်ကုန်မြို့လယ်၏ လူအများ သွားလာလှုပ်ရှားမှုအများအပြားဆုံး ကျိုက္ကဆံအားကစား ကွင်းနဲ့ မျက်နှာချင်းဆိုင် အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီးပေါ် တာမွေမြို့နယ်တွင် တည်ရှိပါတယ်။

ခန်းမ

ခန်းမ၏အမည်ကို Royal Ballroom ဟုခေါ် ပါတယ်။ လူဦးရေ ၃၀၀ နဲ့ အထက်ကို ခန်းမကြေးသီးသန့်မရှိဘဲ  အစားအသောက် package အလိုက် လူတစ်ဦးချင်းစာ charge လုပ်ပြီး လူဦးရေ ၃၀၀ အောက်ဆိုရင် ခန်းမကြေး တစ်နာရီအသုံးပြုခ ဒေါ်လာ ၁၀၀ ကျသင့်မှာဖြစ်ပါတယ်။

အစားအသောက်

အစားအသောက်အနေဖြင့် မုန့်များနဲ့ မြန်မာထမင်းဟင်းလျာများဖြင့် တည်ခင်းကျွေးမွေးနိုင်ပြီး အကျွေးအမွေးကို Package အလိုက် အမျိုးအစား ၄မျိုး ခွဲခြားထားပါတယ်။

အစားအသောက် package အမျိုးအစား Jasmine, Rose, Lotus နဲ့ Orchid ဆိုပြီး ရှိပါတယ်။ Jasmine ဆိုရင် မုန့် ၃ မျိုး၊ ကော်ဖီ နဲ့ ရေခဲမုန့်ကို ၁၂၀၀၀ ကျပ်၊  Rose ဆိုရင် မုန့် ၄ မျိုး၊ ကော်ဖီ နဲ့ ရေခဲမုန့်ကို ၁၄၀၀၀ ကျပ်၊ Lotus ဆိုရင် မုန့် ၅ မျိုး၊ ကော်ဖီ နဲ့ ရေခဲမုန့်ကို ၁၅၀၀၀ ကျပ်၊ Orchid ဆိုရင် ဒံပေါက်၊ ထောပတ်ထမင်း၊ ရေခဲမုန့်ကို ၁၆၀၀၀ ကျပ် စတဲ့ အစားအစာများ ရနိုင်ပါတယ်။

ဟိုတယ်မှ ၀န်ဆောင်မှုများ

ဟိုတယ်တွင်း ၀န်ဆောင်မှုများကတော့ မင်္ဂလာခန်းမအတွင်း ပန်းအလှပြင်ဆင်ပေးခြင်း၊ မင်္ဂလာစင်မြင့် အတွက် ပြင်ဆင်ပေးခြင်း၊ ဓာတ်ပုံ Stand ပေးခြင်း၊ သတို့သား၊ သတို့သမီးအတွက် အ၀တ်အစားလဲခန်းနှင့် မိတ်ကပ် ပြင်ဆင်ရန်အတွက် အခမဲ့အခန်းသုံးစွဲခွင့်ပေးခြင်း၊ ဂုဏ်သရေရှိဧည့်သည်တော်များအတွက် အထူးဝန်ဆောင်မှု ပေးခြင်း၊ ၅ ထပ်အဆင့်ရှိ မင်္ဂလာကိတ် လက်ဆောင်ပေးခြင်း (ဈေးနှုန်းအရ ကိတ်အကြီး၊ အသေး) စသည်တို့ဖြစ်ပါသည်။

ဧည့်သည် ၃၀၀ နဲ့ အထက်အတွက် ရေခဲတုပန်းပုအလှပြုလုပ်ပေးခြင်း၊ လျှောက်လမ်း  စလိုက်ထိုးပေးခြင်း၊ နောက်ခံတေးသံသာဖျော်ဖြေပေးခြင်းနှင့် နောက်ခံမင်္ဂလာစာသားများ ပြင်ဆင် ပေးခြင်း၊ နံနက်စာအပါအ၀င် တစ်ညတာအခမဲ့တည်းခိုခွင့်၊ Honeymoon Room အား တစ်လအတွင်း တည်းခိုနိုင်ရန် အတွက်လည်း စီစဉ်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။ ဧည့်သည် ၄၀၀ နဲ့အထက်အတွက် မင်္ဂလာမောင်နှံ ညစာ သုံးဆောင်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment