Tuesday, September 6, 2016

Grandamar Grand Ballroom

Grandamar Grand Ballroom ဆိုသည်မှာ မရမ်းကုန်းမြို့နယ်၊ Gandamar Wholesales ရှိ ပွဲကျင်းပရာခန်းမတစ်ခုဖြစ်သည်။

Gandamar Wholesale ကို မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းနှင့် ဝေဇန္တရာလမ်းထောင့်တွင် တည်ဆောက်ထားသည့် အဆောက်အဦးဖြစ်ပါသည်။ Gandamar Wholesale တွင် ပစ္စည်းများကို လက်လီလက်ကားရောင်းချသည့် ဈေးဝယ်စင်တာဖြစ်သည်။

၂၀၁၅ ခုနှစ် ဧပြီလမှ စတင်၍  Gandamar Grand Ballroom တွင် မင်္ဂလာပွဲများ၊ အစည်းအဝေးပွဲများ၊ ညီလာခံပွဲများ၊ ဖက်ရှင်ရှိုးပွဲများ၊ ညစာစားပွဲများ၊ မွေးနေ့ပွဲများ၊ ထုတ်ကုန်ပြပွဲများ၊ တွေ့ဆုံပွဲများနှင့် ၀န်ထမ်းများအတွက် ပါတီပွဲများကိုလည်း  ကျင်းပနိုင်ပါသည်။

ထို Ballroom တွင် Fashion show ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ ညစာစားပွဲ၊ စတိတ်ရှိုးပွဲဖြင့် ပွဲကျင်းပရာများတွင် အသုံးပြုလေ့ရှိပါသည်။ ထင်ထင်ရှားရှားအနေဖြင့် လတ်တလောက Miss Myanmar Universe 2016 ကိုလည်း ကျင်းပခဲ့ရာ နေရာတစ်ခုဖြစ်ပါသည်။ ကားအစီး ၄၀၀ ရပ်နားနိုင်သည့် ကားပါကင်လည်း ပါဝင်ပါသည်။

ခန်းမ

Gandamar Grand Ballroom အကျယ်အ၀န်းမှာ ပေ ၁၅၀ အလျား၊  ပေ ၂၀၀ အနံ၊ ပေ ၂၀ အမြင့်  ကျယ်ဝန်းပါသည်။ ၎င်းခန်းမတွင် ဧည့်သည်စုစုပေါင်း အယောက် ၁၂၀၀ ဆန့် ခန်းမကြီးရှိပါသည်။ ဧည့်သည်အနည်းအများပေါ်မူတည်ပြီး ခန်းမကို ကြည့်စီစဉ်ပေးပါသည်။ ဧည့်သည်အယောက် ၅၀၀ ဆိုလျှင် ၇၅ ပေ အကျယ်ဝန်းသည့် ခန်းမကို ပြုလုပ်ပေးပါသည်။

ခန်းမကို JBL Line Arey Song System ဖြင့် တပ်ဆင်ထားပြီး တီဗွီမှန်ပြား ၂ ခုလည်း ပါဝင်သည်။

ဧည့်သည်အယောက် ၃၀၀ နှင့်အထက်ဆိုရင် ခန်းမကြေး သီးသန့်ပေးစရာမလိုဘဲ အစားအသောက်ပေါ်မူတည်၍သာ ပေးချေရမည်ဖြစ်ပါသည်။ မင်္ဂလာကိတ်မုန့်ကို အခမဲ့ ဖြင့် ၀န်ဆောင်မှုပေးထားပါသည့်အပြင် မင်္ဂလာပွဲအတွက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးပေးပါဝန်ဆောင်မှုအပြည့်ပေးပါသည်။

ဧည့်သည်အယောက် ၃၀၀ နှင့်အောက်ဆိုရင် ခန်းမကြေးအဖြစ် ၂ နာရီစာ ၅ သိန်း ၇ သောင်းကို ပေးချေရမှာဖြစ်ပါသည်။ စရံအဖြစ် ၅ သိန်းကို အရင် ပေးရမည်ဖြစ်သည်။ လူဦးရေ ၃၀၀ နှင့်အထက်ဆိုရင်  လူဦးရေ ၃၀၀ နှင့် အောက်ဆိုရင်တော့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေး မပါဝင်ပါ။



စဉ်
   

မင်္ဂလာပွဲ အစားအသောက်အမျိုးအစား
   

တစ်ယောက်ကုန်ကျစရိတ်


   

မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၂,၀၀၀ ကျပ်


   

မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၃,၀၀၀ ကျပ်


   

မုန့် ၅ မျိုး၊ ကော်ဖီ (သို့) လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၄,၀၀၀ ကျပ်


   

ကြက်ဆီထမင်း (သို့) ထောပတ်ထမင်း၊ ရေခဲမုန့်
   

၁၄,၀၀၀ ကျပ်



Dinner

ပုံမှန်မနက်ခင်းမင်္ဂလာဆောင်အပြင်  ညစာတည်ခင်းကျွေးမွေးလိုသူများအတွက်လည်း အစီအစဉ်တစ်မျိုးရှိပါသည်။ Dinner အစားအသောက်တွင် European Food, Chinese Food, Myanmar Food, Indian Food စသည်တို့ကို ရွေးချယ်နိုင်ပါသည်။

ဧည့်သည် တစ်ယောက်ကုန်ကျစရိတ်ကို ၁၆,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊  ၃၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအစားစားရှိ ပါသည်။

ဧည့်သည်အယောက် ၃၀၀ နှင့်အထက်ဆိုရင် (၂) နာရီကြာ ခန်းမကို အသုံးပြုခွင့် အခမဲ့ပေးထားပြီး ဧည့်သည်အယောက် ၃၀၀ နှင့်အောက် ဆိုရင် (၁) နာရီအသုံးပြုခ ၂ သိန်းကို ပေးချေရမှာ မည်ဖြစ်သည်။

Level -3, Gandamar Wholesale, Corner of Gandamar & Waizayantar Road, Mayangone Township, Yangon.

Ph: 01-657834, 09-782096943

No comments:

Post a Comment