Tuesday, September 6, 2016

Park Royal Hotel

Park Royal Hotel သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်တွင် တည်ရှိသည့် 5 star အဆင့်ရှိသော ဟိုတယ်ဖြစ်သည်။

ဟိုတယ်၏ အနီးအနားတွင် လပြည့်ဝန်းပလာဇာ၊ သမ္မတရုပ်ရှင်ရုံနှင့် ရန်ကုန်မီးရထားဘူတာကြီးတို့ တည်ရှိသည်။

ခန်းမ

ဟိုတယ်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကို ကျင်းပနိုင်ပါသည်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အထိ ကြိုက်နှစ်သက်သည့် အချိန်ကျင်းပနိုင်ပါသည်။ မင်္ဂလာခန်းမတွင် ဧည့်သည်အယောက် ၃၃၀ အထိ ဆန့်ပါသည်။ ဟိုတယ်တွင် Yadanar Grand Ballroom ဟူ၍ ခန်းမတစ်ခန်းရှိပြီး ခန်းမကြေးကို သီးခြားကောက်ခံခြင်းမရှိဘဲ package အလိုက်သာ ကုန်ကျမည်ဖြစ်ပါသည်။

ဟိုတယ်တွင် wedding package သုံးမျိုးရှိပါသည်။ Shappire Wedding Package, Ruby Wedding Package, Diamond Wedding Package ဟူ၍ ရှိပါသည်။

Shappire Wedding Package တွင် လူဦးရေ ၃၀၀ နှင့် အထက်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၁၆ ဒေါ်လာ၊ Ruby Wedding Package တွင် လူဦးရေ ၂၈၀ နှင့် အထက်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၁၇ ဒေါ်လာ နှင့် Diamond Wedding Package လူဦးရေ ၂၅၀ နှင့် အထက်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၁၈ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ စရံအဖြစ် ၃၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်သည်။

အစားအသောက်
စဉ်     အမျိုးအစား     တစ်ယောက်ကုန်ကျစရိတ်
၁     မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်     ၁၆ ဒေါ်လာ
၂     မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်     ၁၇ ဒေါ်လာ
၃    

မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်

(OR)

Dim Sum
    ၁၈ ဒေါ်လာ

ဟိုတယ်မှဝန်ဆောင်မှုများ

ဟိုတယ်တွင် ဧည့်သည်ဦးရေပေါ်မူတည်၍ ၀န်ဆောင်မှုများ အနည်းငယ် အပြောင်းအလဲရှိပါသည်။ မင်္ဂလာခန်းကြေး အခမဲ့သုံးစွဲခွင့်၊ မြန်မာ (သို့) အင်္ဂလိပ်ဘာသာ (သို့) တရုတ်ဘာသာ စကားတို့ဖြင့် နောက်ခံစာတန်းပြင်ဆင်ပေးခြင်း၊ ခေတ်မီဆန်းသစ်လှပသည့် ပန်းများဖြင့် အလှဆင်ပေးခြင်း၊ မင်္ဂလာမောင်နှံ အတွက် မင်္ဂလာကိတ်လက်ဆောင်၊ မင်္ဂလာမောင်နှံအတွက် မိတ်ကပ်အလှပြင်ခန်း၊ မင်္ဂလာမောင်နှံအတွက် တစ်ညတာတည်းခိုခွင့်နှင့်အတူ နံနက်စာ အခမဲ့ သုံးဆောင်နိုင်ခွင့်ရှိပါသည်။

အမှတ် ၃၃၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

၀၁-၂၅၀၃၈၈

No comments:

Post a Comment