Tuesday, September 6, 2016


 Novotel Hotel


Novotel Hotel  ဟာ မြန်မာနိုင်ငံသားပိုင် ဟိုတယ်တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဟိုတယ်ဟာ ရန်ကုန်မြို့၊ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်ကို မြန်မာနိုင်ငံမှ Max Myanmar ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ပြင်သစ်နိုင်ငံ Accor Group ကုမ္ပဏီမှ စီမံခန့်ခွဲလျက်ရှိပါတယ်။

Novotel Hotel တွင် ၂၉ စတုရန်းမီတာမှ ၇၅ စတုရန်းမီတာအထိ ကျယ်ဝန်းသည့် ဟိုတယ် အခန်းပေါင်း ၃၆၆ ခန်းပါဝင်ပြီး အခန်းများ၌ သဘာဝအလင်းရောင် ကောင်းစွာရရှိစေသော ခေတ်မီဒီဇိုင်းများ၊ ခေတ်မီ အသုံးအဆောင်ပစ္စည်းတို့ဖြင့် အဆင့်အတန်းမီစွာ တည်ဆောက်ထားပါတယ်။

ဟိုတယ်တွင် မင်္ဂလာခန်းမ၊ အစည်းအဝေးခန်းမ၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်များ၊ ဧည့်သည်များ အပန်းပြေစေရန် ကိုယ်ကာယလေ့ကျင့်ခန်း၊ Spa, တင်းနစ်ကွင်း၊ ယောဂခန်းမ၊ ရေကူးကန်၊ ကလေးများအတွက် သီးသန့်ရေကူးကန်နှင့် အပန်းဖြေကစားရန်နေရာတို့ ပါဝင်ပါတယ်။ အဆောက်အအုံတွင် မော်တော်ယာဉ်အစီးရေ ၂၀၀ ထားနိုင်ရန် ကျယ်ဝန်းသည့် ကားပါကင်လည်း ပါဝင်ပါတယ်။

ခန်းမ

Novotel Hotel ဟိုတယ်တွင် မင်္ဂလာအချိန်ကို မနက် ၉ နာရီမှ ၁၁ နာရီတစ်ချိန်၊ ၁ နာရီမှ ၃ နာရီတစ်ချိန်၊ ၂ နာရီမှ ၄ နာရီ တစ်ချိန် နှင့် ညပိုင်းတွင် ညစာစားပွဲများလည်း ကျင်းပနိုင်ပါတယ်။

Novotel Hotel တွင် မင်္ဂလာခန်းမ ၃ ခန်းရှိပြီး ပုသိမ်မင်္ဂလာခန်းမ၊ ပြည်မင်္ဂလာခန်းမ၊ ရန်ကုန်မင်္ဂလာခန်းမဟူ၍ ခန်းမ ၃ ခန်းရှိပါတယ်။ ပုသိမ်ခန်းမတွင် လူဦးရေ ၁၀၀ မှ ၁၈၀ အထိ၊ ပြည်ခန်းမတွင် လူဦးရေ ၂၀၀ မှ ၂၈၀ ထိ၊ ရန်ကုန်ခန်းမတွင် လူဦးရေ ၅၀၀ မှ ၈၀၀ အထိ ဆန့်သော ခန်းမများရှိခြင်းကြောင့် မိမိကြိုက်နှစ်သက်ရာ အခန်းများကို ရွေးချယ်နိုင်ပါတယ်။

ခန်းမတစ်ခုစီတွင် ရှိသင့်သည့် လူဦးရေထက်နည်းနေလျှင် ခန်းမကြေး ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၁၅၀၀ အထိ ရှိပါတယ်။ Novotel Hotel တွင် မင်္ဂလာဆောင်လျှင် စရံအဖြစ် ဒေါ်လာ ၁၀၀၀ ကို အရင်ပေးချေရမှာ ဖြစ်ပါတယ်။ ထိုလူဦးရေထက်ကျော်လျှင် ခန်းမကြေးမပေးရဘဲ အစားအသောက်ရွေးချယ်မှုအလိုက် တစ်ယောက်ကုန်ကျစရိတ်ဖြင့်သာ ပေးချေရမည်ဖြစ်ပါတယ်။

စဉ်
   

အမျိုးအစား
   

တစ်ယောက်ကုန်ကျစရိတ်


   

မုန့် ၃ မျိုး၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၇ ဒေါ်လာ


   

မုန့် ၄ မျိုး၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၈ ဒေါ်လာ


   

မုန့် ၅ မျိုး၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရေခဲမုန့်
   

၁၉ ဒေါ်လာ

မင်္ဂလာဆောင်အခမ်းအနား အပြင်အဆင်ကိုတော့ ဟိုတယ်မှ အကောင်းဆုံး ပန်းအလှဒီဇိုင်းများဖြင့် ပြင်ဆင်ပေးပါတယ်။

လူဦးရေပေါ်မူတည်၍ ၀န်ဆောင်မှုများ အပြောင်းအလဲရှိပါတယ်။ လူဦးရေ ၃၀၀ အထက်ဆိုရင် မင်္ဂလာကိတ်ကိုလက်ဖွဲ့အဖြစ်ပေးခြင်းနှင့် မင်္ဂလာမောင်နှံ တစ်ညတာတည်းခိုခွင့်အပြင် မနက်စာ ဘူဖေး ကျွေးခြင်း စသည့် အစီအစဉ်များလည်း ရှိပါတယ်။

No comments:

Post a Comment