Friday, August 26, 2016




ဥရောပတိုက်ကိုသွားမလား.. ဒါလေးတွေ သတိထားး

ဥရောပလို့ တွေးလိုက်တာနဲ့ လည်ပတ်စရာနေရာများပြားပြီး သိပ်ကို လှပတဲ့ရူခင်းတွေ ရဲတိုက်ကြီးတွေ ရှေးခေတ်အဆောက်အဦးတွေ အနုပညာ လက်ရာတွေ နဲ့တူတူ သိပ်ကို အေးဆေး ပြီး ပညာရှင်ဆန် နူးညံပြီး လူကြီး လူကောင်းဆန်ကြတဲ့ ဥရောပတိုက်သားတွေ အကြောင်းရယ် ရာဇဝတ်မူတွေမရှိသလောက်ရှားပါးပြီး ငြိမ်းချမ်းမူ တွေနဲ့ လှပနေမယ့် မြို့တွေ အကြောင်း ကို တွေးမိကြမှာပါ.. ကိုယ်ကိုတိုင်လဲ ဥရောပ ကိုမရောက် ဖူးခင်ကတော့ အရမ်းစိတ်လူပ်ရှားပြီး ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းက ကိုယ်တွေနဲ့ လုံးစုံ ကွဲပြားနေတဲ့ နိဗ္ဗာန် ဘုံလေးကို ရူးသွပ်နေခဲ့တာပေါ့ .. အနွေးထည်ထူထူတွေ ဝတ်.. မာဖလာ တွေ တလွင့်လွင့်နဲ့ လည်ရှည် ဖိနပ်ကြီးတွေ စီးပြီး အီတလီ brand အိတ်တွေ ချက်ချက်းဝယ် ချက်ချင်း ကိုင်ပြီး စတိုင်တွေ ထုတ်မယ်ပေါ့ ..
စတိုင်း အရမ်းမိုက်နေမယ့် ဥရောပတိုက်သားလေးတွေ ကိုလိုက်ကြည့်ပြီး စိတ်ကူးတွေ ယဉ်နေမယ်ပေါ့.. မသွားခင် ဥရောပ အကြောင်း ရေးထားတဲ့ blog တွေ website တွေ အသေကြေ ဖတ်တော့ မှပဲ တိုးရစ်တွေအတွက် ခါးပိုက်နိုက် အကြောင်းတွေကို တော်တော်လေးကို စောင်းပေး ပြီးရေးထားတာ တွေ့တော့ နည်းနည်း လန့်လာတယ်.. ဧည့်သည်တွေကိုလဲ သေချာမှာပေါ့ .. ပိုက်ဆံအိတ်.. Passport တွေ ဘာတွေကို သေချာဂရုစိုက်ဖို့ .. ဟိုရောက်မှ ပဲ သူတို့ local guide ရဲ့ သတိပေး မူ တလှေကြီး ကြားမှ ကိုယ်ဟာ ဥစ္စာရူး တစ်ယောက် ဖြစ်သွားတော့တယ်.. စတိုင်လဲ ဓါတ်ပုံရိုက်ချိန် တချိန်သာ ထုတ်ပြီး ဘေးကပ်လာတဲ့ လူတွေကို ကြည့်ရ ဧည့်သည်တွေကိုကြည့်ရနဲ့ ဂနာမငြိမ် ဖြစ်နေတော့တာပေါ့ .. ကိုယ်တွေ Asia မှာခရီးသွားရင်တောင် အဲ့လောက် ဂရုမစိုက်စရာ မလိုဘူး :( တစ်ကယ့်ကို သူပြောတာတွေ မလွန်ဘူးဆိုတာကို ကိုယ်တိုင် အခေါက်ခေါက် အခါခါ သွားပြီးမှ သိလာတော့တယ်.. ကဲ ဒီတော့ ဥရောပကို ခရီးသွားမယ့် လူတွေအတွက် ဥရောပကို အကျည်းတန်စေတဲ့ အလစ်သုတ်ခါးပိုက်နှိုက်များ အကြောင်းကိုဖောက်သည်ချပါတော့မယ်..

နှစ်စဉ်နှစ်တိုင်း ခရီးသွားပေါင်းများစွာဟာ ခါးပိုက်နှိုက်များရဲ့ သားကောင်အဖြစ် ကြုံတွေ့နေရပေမယ့် သတိထားရမယ့် အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သိပ်စိတပူစရာ မလိုပါဘူး။
ဥရောပမှာရှိတဲ့ ခါးပိုက်နှိုက်အပေါများဆုံး မြို့တွေရောက်ရင် သတိထားနိုင်ဖို့ ဒီမှာ အစဉ်လိုက်ရေးပေးလိုက်တယ်...
Barcelona (စပိန်)
Rome (အီတလီ)
Paris (ပြင်သစ်)
Madrid (စပိန်)
Athens (ဂရိ)
Lisbon (ပေါ်တူဂီ)
Florence (အီတလီ)
London (အင်္ဂလန်)
Amsterdam (နယ်သာလန်)

ဒါပေမယ့် ခါးပိုက်နှိုက်တွေကို မြို့ကြီးတွေမှာပဲ ရှိတယ်လို့ မထင်ပါနင်ငံခြားသား ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့တိုင်းလိုလိုမှာ ရှိတတ်ပါတယ်..

ခါးပိုက်နှိုက်တွေက ဘယ်သူတွေလဲ
လူအများမထင်ထားတဲ့အချက်ကတော့ ခါးပိုက်နှိုက်အများစုဟာ ၁၀နှစ်မှ ၁၆နှစ်အထိ ငယ်ရွယ်တဲ့ကောင်လေး ကောင်မလေးတွေ ဖြစ်နေတတ်ပါတယ်.. ခရီးသွားအများစုဟာလည်း ဒီကလေးတွေကို သူတို့ပစ္စည်းတွေ ခိုးယူမယ့်သူတွေအဖြစ် သံသယမရှိကြပါဘူး..နောက်တမျိုးကတော့ ကောင်းကောင်းမွန်မွန် ၀တ်စားထားလေ့ရှိပါတယ် ဒါဟာလည်းသင်သံသယ မဖြစ်အောင်လုပ်နည်း တမျိုးပါပဲ.. တခါတလေ သူတို့တွေဟာ အုပ်စုလိုက် လှုပ်ရှားလေ့ရှိပါတယ်.. တယောက် ဒါမှမဟုတ် နှစ်ယောက်က သင့်ကို စိတ်ရှုပ်အောင် လုပ်ပါလိမ့်မယ်.. ကျန်တယောက်က သင်ပစ္စည်းကို ရယူဖို့ကြိုးစားပါလိမ့်မယ်.. အကယ်၍ သင်သာသိသွားလိမ့်မယ်ဆိုရင်တော့ သူတို့ဟာ ပစ္စည်းကို တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းပြီး ထွက်ပြေးသွားကြပါလိမ့်မယ်.. ဒါမှလိုက်လို့မမှီနိုင်အောင်ပေါ့..

ခါးပိုက်နှိုက်များရှိတတ်သောနေရာများ
နိုင်ငံခြားသား အများအပြားရောက်ရှိသောနေရာများ
ဥပမာ-ပြင်သစ်နိုင်ငံမှ အီဖယ်မျှော်စင် လိုနေရာ မှာဆိုရင် အပေါ်တက်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးကြားမှာ နောက်ပီး အဲ့ဒီမှာ ဆိုရင် ခရီးသွားများတော်တော် များများက ပတ်ဝန်းကျင်ကို ကြည့်ရှူလေ့လာဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ကိုပဲ စိတ်ဝင်တစားရှိကြတဲ့အတွက် လှုပ်ရှားဖို့ အကောင်းဆုံး နေရာပဲ.. ဈေးရောင်းနေကြတဲ့ အမဲကောင်တွေဟာလဲ အုတ်လိုက် ချဉ်းကပ်လာပြီး ဈေးဆစ်ရင်း ပိုက်ဆံအိတ်ဖွင့်ရင်းလဲ အနိုက်ခံရတတ်တယ်.. ဖြစ်နိုင်ရင် အဲ့ဒီနေရာတွေမှာ လုံးဝ ပိုက်ဆံ အိတ်ကို မဖွင့်တာ အကောင်းဆုံးပါပဲ..

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနေရာများ
မြေအောက်ရထား၊မြို့တွင်ဘက်စ်ကားများဟာလည်း၊သတိထားရမယ့် နေရာများလည်းဖြစ်တယ်.. သူတို့တွေက အထူးသဖြင့် ပိုမိုလူရှုပ်တဲ့နေရာများကို ပစ်မှတ်ထားကြပါတယ်။
ပြတိုက်များ
ပြတိုက်ဝင်ကြေးပေးဆောင်ရပေမယ့်လည်း ခါးပိုက်နှိုက်များဟာ ခရီးသွားဧည့်သည် အသွင်ရောနှောဝင်ရောက်တတ်ကြပါသေးတယ်.. ဒီလိုချိန်တွေဆို သူတို့ရဲ့ နွေရာသီချိန် ဖြစ်ပြီး ခရီးသွား ဝင်ရောက်မူအများဆုံးကာလတွေမို့ ပြတိုက်တွေ နန်းတော်တွေဟာ တိုးမပေါက်အောင် များပြီး ရေကျော် ပွဲဈေး တိုးရသလို ဖြစ်နေလို့ ဒင်းတို့တွေအတွက်က မဟာ အခွင့်အရေးပါပဲ .. ဧည့်သည်များဟာ ပြတိုက်အတွင်း စိတ်ဝင်တစားကြည့်ရှူလေ့လာနေကြပြီဆိုရင်တော့ စတင်လှုပ်ရှားလေ့ရှိကြပါတော့တယ်..
ဘူတာရုံများ
ဘူတာရုံများဟာ ကြီးမားကျယ်ပြန့်ပြီး လူရှုပ်လေ့ရှိပါတယ်။ခရီးသွားတွေဟာလည်းအထုတ်အပိုးများစွာနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ဒါဟာ ခါးပိုက်နှိုက်တွေ အကြိုက်ဆုံးနေရာပါပဲ.. များသောအားဖြင့်ပဲရစ် ကဘူတာ တွေမှာ သတိထားရမှာပါ..
စားသောက်ဆိုင်များ
လူအများစုဟာ အစားအသောက်စားနေချိန်မှာ ၀န်စည်စလွယ်တွေ ပိုက်ဆံအိတ်တွေကို ခုံနောက်မှာ၊ခုံအောက်မှာ လက်ကိုင်ဖုန်းတွေကို စားပွဲပေါ်မှာ ထားပြီး စိတ်လွတ်လက်လွတ် စားတတ်ကြပါတယ်.. အထူးသဖြင့် မြို့ကြီးတွေရဲ့ square တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ဘီယာအေးဆေးထိုင်သောက် ဖုန်းလေးကို စားပွဲပေါ်တင် ပိုက်ဆံအိတ်လေး ဘေးမှာ ချ ထား ဟိုဒီငေးနေပီဆိုရင်တော့ ပါသွားပြီသာမှတ်ပေတော့...
ရွေ့လျားစက်လှေကား
ရွေ့လျားစက်လှေကားတွေဟာလည်းခါးပိုက်နှီုက်များ လှုပ်ရှားရာနေရာပဲ ဖြစ်ပါတယ်။ပစ်မှတ်ထားသူရဲ့အရှေ့မှာ လူနှစ်ယောက်လောက်နဲ့ အနောက်ဘက်မှာ လူနှစ်ယောက် လောက်ကနေရာယူထားတတ်ကြပါတယ်...စက်လှေကားအဆုံးနားရောက်ခါနီးမှာ ထိပ်ဆုံးမှာရှိတဲ့လူတယောက်က ရပ်လိုက်ပြီးလူတွေထပ်ခါရှုပ်ထွေးသွားအောင်ပြုလုပ်ပါလိမ့်မယ်.. ဒီအချိန်မှာ အနောက်မှလူက ခါးပိုက်နှိုက်ဖို့ကြိုးစား ပါတော့တယ်။အကယ်၍ သင်သိသွားခဲ့လျှင် ပစ္စည်းကို ဆန့်ကျင်ဘက်ဖက်စက်လှေကားမှာ ရှိနေတဲ့နောက် အဖော် တစ်ယောက်ကို လက်ဆင့်ကမ်းပါတယ်...
အိတ်ကိုဓားနဲ့ခွဲခြင်း
အချို့ခါးပိုက်နှိုက်တွေဟာ သင့်အိတ်ကို တစ်ကူးတစ်ကဖွင့်ဖို့ မကြ်ုးစားကြတော့ပါဘူး....အလွယ်တကူပဲဓားနဲ့ခွဲပြီးသင့်ပစ္စည်းကို ယူသွားပါလိမ့်မယ်..,
လမ်းဘေးဖျော်ဖြေပွဲများ
ဥရောပရဲ့ လမ်းဘေးဖျော်ဖြေပွဲတွေဟာ တော်တော်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်..ခရီးသွားတွေ တိုးဝေ့ကြည့်နေတတ်ကြပြီး ကိုယ်ဟာလဲ စိတ်လွတ်ကိုယ်လွတ် ငေးနေပီဆိုရင်တော့ သူတို့အတွက် အကွက်ကောင်းပါပဲ

အယောင်ဆောင်ရန်ဖြစ်မှုများ
တခါတခါကျရင် ခရီးသွားဧည့်သည်တွေရဲ့ အနီးအနားလူအုပ်စုတစ်စုဟာ ရန်ဖြစ်ချင်ယောင်ဆောင်ကြပါလိမ့်မယ်..သည်အချိန်မှာ အခြားတစ်ယောက်ကခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ရထားအတက်အဆင်းများ
ကိုယ့်ဟာကိုယ် သွားတဲ့ FIT တွေအတွက် အထူးသတိထားရမှာပါ.. ရထားဆိုက်ပြီးတိုးဝင်ချိန်မှာ ပစ်မှတ်ထားတဲ့လူနားမှာရှိတတ်ကြပါတယ်..ရထားဆိုက်ပြီးတိုးဝင်ချိန်မှာပစ်မှတ်ကိုတွန်းတိုက်တိုးဝှေ့တက်ပြီးရထားပေါ်တက်ဖို့ကြိုးစားရင်းခါးပိုက်နှိုက်ပါတယ်.. ပြီးရင်တံခါးမပိတ်ခင်မှာ အလျှင်အမြန်ပြန်ဆင်းသွားကြပါတယ်...

အိတ်ကူသယ်ပေးသူများ
ဘူတာရုံအချို့မှာလှေကားထစ်များကို အတက်အဆင်းလုပ်ရတတ်ပါတယ်..သည်အခါမျိုးမှာ သင့်အိတ်ကို ကူသယ်ပေးပါမယ်.. ပြီးရင်အစောင့်အရှောက်မရှိချိန် လူပျက်ချိန်မျိုးမှာ အလစ်သုတ်လေ့ရှိပါတယ်..ဘယ်သူ့ကိုမှ မယုံပါနဲ့..

ခါးပိုက်နှိုက်များသုံးလေ့ရှိသောနည်းလမ်းများ

ပရဟိတအလှူခံများ ပြင်သစ်မှာတော့အများဆုံးသုံးတဲ့နည်းလမ်းပါ.. ဆွံ့အနားမကြားအမျိုးသမီးငယ်လေးများဟာ သင့်ဆီလာပြီးအလှူခံပါလိမ့်မည်.. ပြီးရင် လက်မှတ်ထိုးခိုင်းပါလိမ့်မည်.. တကယ်တော့ အလှူခံတာဟာ အတုအယောင်ပါ..သင်လက်မှတ်ထိုးဖို့စာရွက်ကိုထုတ်ပြီး အလုပ်ရှုပ်နေချိန်မှာ ခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ဘယ်သူတွေကပစ်မှတ်လဲ
လူတိုင်းဟာ ခါးပိုက်နှိုက်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်... ဒါပေမယ့် သူတို့ဟာ လွယ်ကူဆုံးသူတွေကိုပဲအရင်ဆုံးပစ်မှတ်ထားတတ်ကြပါတယ်..
ခရီးသွားဧည့်သည်များ
ခါးပိုက်နှိုက်တွေရဲ့အမြင်မှာ သင်ဟာခရီးသွားဧည့်သည်ပုံဆိုရင်တော့ သင်ဟာအလိုအလျောက်ပစ်မှတ်ဖြစ်သွားပါပြီ...
အိတ်အများအပြားနဲ့လူတွေ
သင်ဟာ ခရီးဆောင်အိတ်တစ်ဖတ်တစ်ချက်စီနဲ့ကျောပိုးအိတ် နဲ့ဆိုရင်တော့ ခါပိုက်နှိုက်တွေအတွက် ပစ်မှတ်ဖြစ်ချင်စရာပါပဲ
အာရှသားများ
အာရှသားများအထူးသဖြင့် တရုတ်လူမျိုးတွေဟာ ခါးပိုက်နှိုက်တွေအတွက် ရွေးချယ်စရာ အကောင်းဆုံးတွေပါပဲ.. ခရီးသွားတဲ့ တရုတ်တွေဟာ ချမိးသာကြပါတယ်.. တရုတ်နိုင်ငံသား အများအပြားဟာ ကတ်တွေမသုံးကြပါဘူး ဒါကြောင့် သူတို့ဟာ ပိုက်ဆံအများအပြားကိုသယ်ပြီး ခရီးသွားလေ့ရှိပါတယ်..ဒါကို သူတို့လည်းကောင်းကောင်းသိပါတယ်.. ဖြစ်နိင်ရင် တရုတ် အုပ်စု နောက်က ကပ်မလိုက်ပါနဲ့ .. သူတို့နဲ့ရော ပြီး သင်ပါ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်..

ခါးပိုက်နှိုက်ရန်ကဘယ်လိုကာကွယ်မလဲ

သင်သယ်မသွားနိုင်တဲ့အရာတွေကို အလစ်မသုတ်နိုင်ပါဘူး ဒါကြောင့် သင်လိုအပ်သလောက်ပစ္စည်းနဲ့ ငွေကြေးကိုပဲသယ်ဆောင်သွားသင့်ပါတယ်..ငွေသားကိုအများကြီးမသယ်သွားသင့်ပါဘူး.. visa , master card တွေ လုပ်သွားပါ.. အခုဆို လုပ်ရတာအရမ်းလွယ်ကူနေပါပြီ.. ဟိုမှာ ပိုက်ဆံကုန်သွားရင်လဲ ဒီကနေ လှမ်းထည့်ပေးလို့ရပါတယ်... နောက်ပြီး တချို့ shopping တွေဆို euro 1000 ဖိုးလောက်အထိပဲ cash နဲ့ဝယ်လို့ရလို့ card လုပ်သွားတာလျင် အကောင်းဆုံးပါပဲ..
euro ငွေ အကြွေလေးတွေ လဲသွားပါလမ်းဘေး မုန်ဝယ်စား ရေဝယ်သောက်ဖို့အတွက် ၁၀၀ တန် ၂၀၀ တန်တွေ ခနခန လူမြင်ခံလို့မကောင်းပါဘူး..
သင့်ရဲ့အိတ်တွေကို အသေအချာ သော့ခတ် ဇစ်ပိတ်ထားပါ..
အမျိုးသားများဟာ ပိုက်ဆံအိတ် များကိုဘောင်းဘီအရှေ့အိတ်မှာထားရပါမယ်..
သင့်ရဲ့ဖုန်းကို စားပွဲပေါ်လုံးဝ လုံးဝ မထားခဲ့ပါနဲ့
ကိုယ့်ရဲ့ လက်ကိုင် ဖုန်းတွေ ကင်မရာတွေ ကို သူမှား ကို ပေးပြီး ဓါတ်ပုံမရှိုက်ခိုင်းပါနဲ့
သင့်ရဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာများကို မတူညီတဲ့အိတ်များထဲမှာခွဲထည့်ထားပါ..
အမျိုးသမီးများ အိတ်ကိုတစောင်းလွယ်ပြီး ရှေ့ဘက်မှာထားပါ..
Passport ပထမစာမျက်နှာကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားပါ.. ဗီဇာ စာမျက်နှာကိုလဲ ဓါတ်ပုံရိုက်ထားပါ.. ဈေးဝယ် ပြီး tax refund ပြုလုပ်တဲ့အခါ ..ခနခန passport ထုတ်ရခြင်းမှ ကင်းဝေးအောင်ပါ....

ဥရောပကိုခရီးသွားခြင်းဟာ အံ့သြဖွယ်အခွင့်အရေးတစ်ခုပါ.. ဒါကို ခါးပိုက်နှိုက်တွေကြောင့် စိတ်အနှောက်အယှက်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ကြပါစေ..
Excel Treasure Hotel



Excel Treasure Hotel သည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ် တွင် တည်ရှိပြီး အောက်ထပ်တွင် Victoria ကုန်တိုက်ရှိပါသည်။

ဟိုတယ်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကို ကျင်းပနိုင်ပါသည်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ၊ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီ၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ ကြိုက်နှစ်သက်သည့်အချိန်ယူနိုင်ပါသည်။

ခန်းမ

ခန်းမကြေးမှာ လူဦးရေ ၄၀၀ အောက်ဆိုရင် ကျပ် ၂ သိန်းနှင့် လူဦးရေ ၄၀၀ ပြည့်ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပေ။

ခန်းမကြေးအပြင် နောက်ခံစာတမ်းရေးထိုးခ ကျပ် ၃ သောင်းခွဲ၊ သီချင်းဖွင့်ရန်မီတာခ ကျပ် ၂သောင်း၊ ဒီဗွီဒီ ရိုက်ကူးမှုအတွက် ကျပ် ၂ သောင်း၊ အပြင်မှ တေးဂီတဖျော်ဖြေမှုအတွက် ကျပ် ၃ သောင်း ကုန်ကျမည်ဖြစ်သည်။

မင်္ဂလာခန်းမအတွင်း ပန်းအိုး ၃ အိုး၊ ပန်းတိုင် ၄ တိုင်၊ စားပွဲတင်ပန်းအတွက် ကျပ် ၁ သိန်း ၇ သောင်းနှင့် ကြဲပန်း၊ ပန်းကုံးတွက် ကျပ် ၄ သောင်း ကုန်ကျမည်ဖြစ်သည်။ဟိုတယ်မှ အခမ်းအနားမှူးနှင့် တေးဂီတ၀ိုင်းအတွက် ကိုလည်း အပြင်မှ ငှားရမ်း စီစဉ်ဆောင်ရွက်ပေးပါသည်။

ဟိုတယ်တွင် ဧည့်သည်အတွက် အကျွေးအမွေးကို Snack, Dimsum, ဒံပေါက်ထမင်းနှင့် ထောပတ်ထမင်းတို့ကို ကျွေးမွေးနိုင်ပါသည်။ အကျွေးအမွေးတွင် ရေသန့်ဗူး မပါသည့်အတွက် ဟိုတယ်တွင် တစ်ဗူးနှုန်း ၅၀၀ ကျပ်နှင့် ၀ယ်ယူနိုင်သည်။ (မှတ်ချက်။ ပြင်မှယူဆောင်ခွင့်မပြု)

အစားအသောက်
စဉ်     အမျိုးအစား     တစ်ယောက်ကုန်ကျစရိတ်
၁     မုန့် ၄ မျိုး၊ ကော်ဖီ၊ Chinese Tea ၊ ရေခဲမုန့်၊     ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိ
၂     Dimsum ၅ မျိုး၊ အချိုပွဲ၊ ကော်ဖီ၊ Chinese Tea     ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိ
၃     ဒံပေါက်ထမင်း(ကြက်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၄၅၀၀
၎     ဒံပေါက်ထမင်း(ဆိတ်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၃၀၀
၅     ထောပတ်ထမင်း(ကြက်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၀၀၀
၆     ထောပတ်ထမင်း(ဆိတ်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၈၀၀

ဝန်ဆောင်မှု

လူဦးရေ ၄၀၀ ကျော်ပါက ငွေလင်ဗန်း၊ ဖလား၊ လျှောက်လမ်းအ၀င်ဝပန်းစင်၊ သတို့သား၊ သတို့သမီး နားနေခန်း၊ မင်္ဂလာကိတ်၊ Hotel တွင် Breakfast အပါအ၀င် တစ်ညတာတည်းခိုခွင့်တို့ကို Hotel မှ လက်ဖွဲ့ပေးပါသည်။ (အထက်ပါ ဈေးနှုန်းများသည် တစ်လအတွင်း အပြောင်းအလဲရှိနိုင်သည်)



အမှတ် ၅၂၀၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း၊ ရန်ကုန်။

၀၁-၅၅၉၁၅၀

Wednesday, August 24, 2016









ချောင်းသာကမ်းခြေကို ဈေးနှုန်းသက်သာလေးနဲ့ ဟိုတယ်ကောင်းကောင်းလေးမှာတည်းပီး သွားချင်နေတဲ့ City Vista Myanmar ၇ဲ့ customer များအတွက် ......
(နေ့လည်စာမှလွဲ၍ မနက်စာ + ညစာ + Tea Time + ဟိုတယ်+ ကားလက်မှတ် အသွားအပြန် တို့ပါဝင်တဲ့ ခရီးစဉ်လေးဖြစ်ပါတယ်.............)
.
❤❤ (၁ ညအိပ် - ၂ ရက် ခရီးစဉ်)❤❤Garden View - 47000 ks (တစ်ဦးလျှင်) Sea View - 56000 ks (တစ်ဦးလျှင်)
❤❤ (၂ ညအိပ် - ၃ ရက် ခရီးစဉ်)❤❤Garden View - 68000 ks (တစ်ဦးလျှင်)Sea View - 88000 ks (တစ်ဦးလျှင်)
---------------------------------------------------------------------------
# ချောင်းသာကမ်းခြေရဲ့ 3 Star Hotel တွင် တည်းခိုခွင့်
# ဟိုတယ်တွင် မနက်စာ + Tea Time + ညစာ
# 45 ယောက်စီး Air-con express car ကားလက်မှတ် အသွား + အပြန်
(မှတ်ချက် - အထက်ပါခရီးစဉ်တွင် နေ့လည်စာ မပါဝင်ပါ)နေ့စဉ်သွားလာနိင်ပါသည်။
----------------------------------------------------------------------- ဆက်သွယ်ရန်လိပ်စာ - အမှတ် ၇၉(B), ပထမထပ်, သုခ မှတ်တိုင် အနီး ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎ ဖုန်းနံပါတ် - ၀၁-၅၂၅၆၀၁ ၊ ၀၉-၃၁၉၄၉၆၂၃




Monday, August 22, 2016













ကျန်းမာရေးဆောင်းပါးများ

ပျိုမေတို့အတွက် တစ်လအတွင်း ၂၅ ပေါင် ကျနည်း (ကိုယ်တွေ့)
မိန်းကလေးနဲ့ ယောက်ျားလေး အစားအစာချင်း ညီမျှစွာ စားရင်တောင် သာမန်အားဖြင့် မိန်းကလေးတွေက အဆီပိုပြီး ထွက်တတ်ကြပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ဘာမှမလုပ်နိုင်ရင် နေရာတကာအဆီတွေစုပြီး ဝ,ဝလာတာပေါ့။ အအိပ်အစား မမှန်ရင် ပိုဆိုးပါတယ်။
အစဦးဆုံးပြောပြချင်တာက ညီမနည်းကချက်ချင်းမသိသာပါဘူး။ စစလုပ်တာနဲ့ ပေါင်ချိန်ထားပြီး တစ်လနေမှထပ်ချိန်ပေးပါ။
(1) မနက်စောစော နိုးတာနဲ့ ရေတစ်ခွက်ပြည့်ပြည့် သောက်ပေးပါ။ ဘာမှမစားခင် သောက်ပေးပါ။ အစပိုင်းအန်ချင်သလိုဖြစ်တတ်ပါတယ်။ နောက်ကျကျင့်သားရသွားပါလိမ့်မယ်။ရေသောက်ပြီး ၁၅မိနစ် ခြားပြီးမှ မနက်စာစားပေးပါ။ အရေးကြီးပါတယ်။ အချိန်ခြားပေးပါ။
(2) မနက်စာနဲ့နေ့လည်စာ ကြားအချိန်မှာ တစ်နာရီခြား တစ်ခါ ရေတစ်ခွက် သောက်ပေးပါ။ ပူစီနံအရွက် စိမ်ထားတဲ့ရေ သောက်ပေးရင် ပိုကောင်းပါတယ်။
(3) နေ့လည်စာစားခါနီး ၅မိနစ်အလိုမှာ ရေသောက်ပေးပါ။ ပြီးမှ နေ့လည်စာစားပါ။ အစာစားပြီး အနည်းဆုံး တစ်နာရီအချိန်ခွာပြီးမှ ရေသောက်ပါ။ အစာစားပြီးပြီးချင်း ရေမသောက်ရ။ ရေငတ်ပါက အာစွတ်ရုံသာ သောက်ပါ။
(4) နေ့လည်စာနဲ့ညစာ ကြားအချိန်မှာ သံပုရာသီး ခြမ်းပြီး ရေနွေးစိမ် သောက်ရပါမယ်။ ဘာသကြားမှ မထည့်ရပါဘူး။ စသောက်ခါစ ချဉ်ခါးကြီးပါ။ အစာအိမ်ရှိတဲ့သူများ ပျားရည်ထည့်နိုင်ပါတယ်။ သံပုရာသီး ရေနွေးစိမ်ကို ရေငတ်တိုင်းသောက်ပေးပါ။ သွေးအားနည်းတတ်တဲ့သူ ဆိုရင်တော့ ဒီနည်းကိုမလုပ်လည်း ရပါတယ်။
(5) ညစာစားတဲ့အချိန်ရောက်ပါပြီ။ တက်နိုင်ရင် ခါတိုင်းစားနေကျထက် တဝက်လျော့စားပေးပါ။ ညနေစာကို အတက်နိုင်ဆုံး ၇နာရီထက် မကျော်ပါစေနဲ့။ ညစာကို ကန်စွန်းရွက်ကြော်လို ဟင်းသီးဟင်းရွက်ကြော် တစ်ခုခုပါပါစေ။ အသားမပါသလောက် စားပေးရင် ပိုကောင်းပါတယ်။
(6) ဝိတ်လျှော့နေတဲ့အချိန်မှာ အဓိကကြုံရတာက အသားတွေ ရွဲကျလာတတ်ပါတယ်။ ညပိုင်းကို ခြေလှမ်း ၁၅၀၀ ပြည့်အောင် လမ်းလျှောက်ပေးပါ။ အသားကျစ်ပြီး ဗိုက်ချပ်အောင်လို့ပါ။ နာရီဝက်နီးပါးဘဲ ကြာပါတယ်။
(7) ညီမနည်းက ရေသောက်နည်းနဲ့ ထိန်းတာပါ။ အစာစားပြီးပြီးခြင်း ရေမသောက်ပါနဲ့ တစ်နာရီကွာပါစေ။ အစာစားခါနီး ရေသောက်ပေးပါ။ သံပုရာရေနွေးစိမ်သောက်ပေးပါ။ သံပုရာသီးတစ်လုံးဆိုရင်ရပါတယ်
‌ဒီနည်းနဲ့ချလိုက်လို့ ညီမကတော့ တစ်လအတွင်း ၂၅ပေါင်ကျပါတယ်။
===================================================
အပေါ်ကနည်းလမ်းက အွန်လိုင်းကနေ ညီမ တစ်ယောက် ပေးထားတဲ့ နည်းပါ။ ယခုနည်းကို စမ်းသပ်ချင်တဲ့အတွက် ပိန်ချင်ပါတယ်ရှင့် ဘယ်လိုဝိတ်ချရမလဲဆိုပြီး Page မှာ လာမေးသောသူများအား ပြန်လည်ဝေမျှရင်း အမှန်တကယ် ဝိတ်ကျလာကြလို့ Page မှာ Post တစ်ခု အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာတော့ ကိုယ်တွေ့ ထောက်ခံချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
(((တောင်ဒဂုံတွင်နေ၍ အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၃၄ ရှိ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))
ဝိတ်ချနည်းတွေလည်း စုံနေပါပြီ။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖြစ် (Gym မှာတောင်သွားဆော့ဖြစ်) တာပဲ။ ရုံးမှာဆိုတော့ အထိုင်များလို့လား မသိဘူး။ ဝိတ်က သိသိသာသာ ကျမလာဘူး။ လူမောတာပဲ အဖတ်တင်နေတယ်။ အဲ့ဒါနဲ့ ဒီနည်းလေး ပြောပြလို့ လုပ်ကြည့်တာ သူပြောသလို ၂၅ ပေါင်လောက် မကျပေမယ့် ပေါင် ၂၀ လောက် ကျတယ်ဆိုတော့ အရမ်းပျော်သွားတယ်။ လူလည်း မပင်ပန်းဘူးလေ။ ပြီးတော့ တစ်လအတွင်း အဲ့လောက်တောင်ဖြစ်တာဆိုတော့ လူပုံစံပြောင်းသွားလို့ သူငယ်ချင်းတွေက နင်ပိန်သွားတယ်နော်လို့ ပြောကြတဲ့ အထိပါပဲ။ အခုဆို အဲ့နည်းအတိုင်း နေနေပါတယ်ရှင့်။
(((အလုံတွင်နေ၍ Mini Mart တစ်ခုတွင် ညပိုင်း အလုပ်လုပ်နေသော အသက် ၂၆ နှစ်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))
ညီမက ညပိုင်း အလုပ်ဆင်းရတဲ့သူပါ။ နေ့လယ် ဘက်ဆို သင်တန်းတက်ရပါတယ်။ မနက်ပိုင်းကတော့ အိပ်ပါတယ်။ အလုပ်မလုပ်ခင်ကတော့ အားလပ်ချိန်ရှိတဲ့အတွက် လေ့ကျင့်ခန်းတော့ မကြာခဏ လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ပြီး နောက်ပိုင်း တော်တော်ကြာလာတော့ လူက နည်းနည်းဝချင်သလိုလို ဖြစ်လာပါတယ်။ အရမ်းကြီးတော့ မဝလာပေမယ့် ခါးမှာ အဆီများလာပြီး ဘောင်းဘီ size နံပါတ် တိုးလာတော့တာပါပဲ။ အရင်လို အားလပ်ချိန်မရှိ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်တော့ ဝိတ်တွေတက်လာတာလား၊ အလုပ်ချိန်ကြောင့် နေ့နဲ့ည ပုံမှန်မဖြစ်လို့ပဲ ဝိတ်တက်လာတာလား မသိဘူး။ အဲ့ဒါနဲ့ Page ကနေ မေးကြည့်တော့ chat box ကနေ ဒီနည်းလေးပေးလို့ လုပ်ကြည့်တာ တစ်လထဲနဲ့ ၁၅ ပေါင်လောက် ကျသွားတယ်။ အရမ်းလွယ်ကူပြီး အဆင်ပြေတဲ့ နည်းလေးလို့ မှတ်ချက်ပြုချင်ပါတယ်ရှင့်။
(((ရွှေပြည်သာတွင်နေ၍ သားသမီး သုံးယောက် ရှိသော အသက် ၅၀ ကျော် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))
အမက အိမ်ထောင်သက်တမ်းလည်း ကြာပြီ။ မြေးတွေလည်း ရနေပြီဆိုတော့ အလှအပကို သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ အလှအပကို သိပ်စိတ်မဝင်စားတော့ဘူး ဆိုပေမယ့်လို့ ကျန်းမာရေးတော့ လိုက်စားဖြစ်တယ်။ စားသင့်တန်တာ စား ရှောင်သင့်တန်တာ ရှောင်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေလည်း မကြာခဏဆိုသလို ဖတ်ဖြစ်တယ်။ အရမ်းကြီး ကျန်းမာရေး မဆိုးရွားပေမယ့်လို့ လွန်ခဲ့တဲ့ ခြောက်လ လောက်က အမရဲ့ ညာဘက်ခြေထောက် ဒူးဆစ်နားက လှေကား အတက်အဆင်း လုပ်ရင် ကိုက်ကိုက် လာလေ့ရှိတယ်။ ဆရာဝန်ပြတော့လည်း အဆင်မပြေဘူး။
အရိုး အကြောပြလည်း အရှင်းမပျောက်ဘူး။ လေ့ကျင်ခန်းလုပ်လို့ ပြောပေမယ့် မိသားစုအတွက်နဲ့ ဆိုတော့ မလုပ်ဖြစ်ဘူးလေ။ အသိ ဆရာဝန်ကတော့ နင် ဝိတ်လေး ဘာလေး ချပါဦးတဲ့။ သူပြောမှပဲ ကိုယ့်ကိုယ်ကို ကြည့်မိတယ်။ ငါ ဝိတ်တွေ တော်တော်များနေပါလားပေါ့။ အဲ့မှာပဲ Gym သွားကစားရမလား၊ အဆီကျဆေးသောက်ရမလား ဝေခွဲမရ ဖြစ်နေတုန်းမှာ Facebook ကနေ ဒီ Page ရဲ့ ဝိတ်ကျနည်းလေးရေးထားတာကို fri တစ်ယောက် share ထားတာ တွေ့လိုက်တယ်။ Chat Box ကနေ သူတို့ပေးတာလေး တစိုက်မတ်မတ် လုပ်ကြည့်ရင်း အခုဆို ပေါင် ၂၀ လောက်ကျသွားပြီ။ ဒူးဆစ်ကိုက်တာလည်း မရှိတော့ဘူး။ အချိန်ရရင် ရသလို လေ့ကျင့်ခန်းတွေလည်း လုပ်နေပါပြီ။

Facebook ပေါ်မှာ မှားပြီးဖျက်လိုက်မိတဲ့ Message တွေ၊ ဓာတ်ပုံတွေကို ဘယ်လိုပြန်ယူမလဲ

သင့်အနေနဲ့ Facebook ပေါ်မှာ သင်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တခြားသူတစ်ယောက်ကပဲဖြစ်ဖြစ် သင်တင်ထားတဲ့ ဗီဒီယို၊ ဓာတ်ပုံတွေ၊ တစ်ယောက်ယောက်နဲ့ ပြောထားတဲ့ Message တွေကိုမှားယွင်းပြီး ဖျက်ပစ်လိုက်မိတာမျိုးတွေ၊ တမင်ဖျက်ပြီးမှ ပြန်လိုအပ်နေတာမျိုးတွေ မကြာခဏ ကြုံဖူးမှာပါ။ ဒီအခါ သင့်အနေနဲ့ အဲ့ဒီ Message တွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ပြန်လိုချင်၊ ပြန်လိုအပ်တဲ့အခါမှာ ခေါင်းကိုက်ရပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ မိတ်ဆွေတို့ရဲ့ Facebook အကောင့်ကနေ ဖျက်လိုက်တဲ့ Message တွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ပြန်လည် ရယူလို့ရမယ့်နည်းလမ်းကို ပြသပေးမှာပါ။ ဒီနည်းလမ်းက ပြုလုပ်ရတာအခက်အခဲမရှိပေမယ့် သင့်အနေနဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ ဆဲလ်ဖုန်းတွေက Facebook App နဲ့ တော့ပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ ကျွန်တော်စမ်းကြည့်သလောက်တော့ App တွေမှာသာမက ဖုန်း Browser ရဲ့ Facebook စာမျက်နှာကနေတောင် ပြုလုပ်လို့မရပါဘူး။
ဒါကြောင့် ကျွန်တော့်အနေနဲ့ PC ကွန်ပျူတာတွေမှာ ပြုလုပ်တဲ့နည်းလမ်းကိုပြသပေးမှာဖြစ်ပါတယ်။ နည်းလမ်းက PC ကွန်ပျူတာတွေကနေပဲ ပြုလုပ်လို့ရနိုင်တာကြောင့် Message တွေကို ဖျက်မိပြီး အရေးတကြီးပြန်လည်လိုအပ်လာရင်တော့ အသုံးပြုလို့ရနိုင်မှာပါ။
၁) အရင်ဆုံးပြုလုပ်ရမှာက သင့် PC ကွန်ပျူတာထဲမှာ Facebook Account နဲ့ Facebook နဲ့ ချိတ်ထားတဲ့ Email တို့ကို Log In လုပ်ထားရမှာဖြစ်ပါတယ်။
၂) နှစ်ခုလုံးကို Log In လုပ်ပြီးပြီဆိုရင်တော့ Facebook ထဲကိုအရင်ဝင်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း Menu အောက်က Settings ထဲကိုသွားလိုက်ပါ။
ht-recover-deleted-message-on-fb1
၂) ဒီအတိုင်းတွေ့ရပြီဆိုရင် ပြထားတဲ့အတိုင်း General Account Settings ရဲ့ အောက်က “Download a copy” ဆိုတာကိုနှိပ်လိုက်ပါ။
ht-recover-deleted-message-on-fb2
၃) အပေါ်ကအတိုင်းတွေ့ရပြီဆိုရင်တော့ Start My Archive ဆိုတာကို ကလစ်လုပ်လိုက်ပါ။
ht-recover-deleted-message-on-fb3၄) ဒါဆိုရင်သင့်ကို သင့်ရဲ့ Facebook Account Password ရိုက်ထည့်ခိုင်းပါလိမ့်မယ့် ရိုက်ထည့်ပြီး Submit လုပ်လိုက်ပါ။
ht-recover-deleted-message-on-fb4
၅) အောက်ပုံအတိုင်းတွေ့ရပါလိမ့်မယ်။
ht-recover-deleted-message-on-fb5
၆) အဲ့ဒီအတိုင်းတွေ့ရပြီး Facebook ကခနထွက်ပြီး နောက် Tab တစ်ခုမှာဖွင့်ထားတဲ့ email ထဲကိုဝင်လိုက်ပါတယ်။ Gmail နဲ့အကောင့်နဲ့တွဲထားရင်လည်း Gmail ထဲကိုဝင်လိုက်ပါ။
ဝင်လိုက်ရင်သင့်အနေနဲ့ သင့်ရဲ့ Inbox ဒါမှမဟုတ် Social ဆိုတဲ့ Box ထဲမှာ Facebook ကနေပို့လိုက်တဲ့ Facebook download requested ဆိုတဲ့ Mail ကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် အဲ့ထဲကိုဝင်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း ပထမဆုံး Link ကိုနှိပ်ပေးရပါမယ်။
ht-recover-deleted-message-on-fb6
၇) သင့်အနေနဲ့ ခုနကလင့်ကိုနှိပ်ပြီးသွားရင် အဲ့ဒီလင့်ထဲကိုဝင်စရာမလိုပဲ အရင်ဆုံးပြုလုပ်ခဲ့တဲ့ နံပါတ် ၅) အဆင့်မှာပြထားတဲ့အတိုင်းမြင်ရတဲ့ Facebook ရဲ့စာမျက်နှာကိုပြန်သွားလိုက်ပါ။ ပြီးရင် အဲ့ဒီစာမျက်နှာကို ပြန်လည် Refresh လုပ်လိုက်ပါ။ ဒါဆိုရင် အောက်ပါပုံအတိုင်း Download လုပ်ဖို့ Archive Link လေးကျလာမှာဖြစ်ပါတယ်။ Download Archive ကိုနှိပ်လိုက်ပါ။
ht-recover-deleted-message-on-fb7
၈) ဒါဆိုရင် Zip တစ်ခုကို ဒေါင်းနေတာမြင်ရမှာဖြစ်ပါတယ်။
ht-recover-deleted-message-on-fb8
၉) ပြီးသွားရင်တော့ Zip ဖိုင်ကိုဖွင့်ပြီး အထဲက index.html ဖိုင်ကိုကလစ်လုပ်လိုက်ရင် သင့် Browser မှာ Box တစ်ခုပွင့်သွားတာကိုတွေ့ရမှာပါ။
ht-recover-deleted-message-on-fb9
ဒါဆိုရင်ရပါပြီ အထဲမှာသင့် Profile ပုံနဲ့အတူ အောက်ဖက်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Note တွေ၊ သင်ပြောခဲ့တဲ့ Message တွေကိုတွေ့ရမှာဖြစ်ပါတယ်။ Message တွေကလွဲပြီး တခြား သင်တင်ထားခဲ့တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအကုန်လုံးကို Zip ဖိုင်ထဲမှာ တွေ့မြင်နိုင်ပါတယ်။
messages-link-in-archive

 

Sunday, August 21, 2016

 











Facebook Messenger Code ဖြင့် လူတစ်ယောက်ကို လျှင်မြန်စွာ Add နည်း
===================================================
Facebook မှာ လူတစ်ယောက်ကို Add ဖို့ Search Box ကနေ ရှာဖွေရတာ ခက်ခဲပါတယ်။ နာမည်တူလူတွေ အများကြီး ထဲက ရှာဖွေရလို့ ဖြစ်ပါတယ်။ Facebook က မကြာခင်က Messenger Code ကို မိတ်ဆက်ခဲ့ပါတယ်။ သင့်အကောင့်ထဲမှာ မရှိတဲ့ လူတစ်ယောက်ကို Messenger မှာ လျှင်မြန်စွာ ထည့်သွင်းဖို့ဖြစ်ပါတယ်။ Messenger Code ကို အသုံးပြုပြီးလည်း သင့် အကောင့်မှာ မရှိတဲ့ လူတစ်ယောက်ကို သူငယ်ချင်းအဖြစ် လျှင်မြန်စွာ Add နိုင်ပါတယ်။
၁။ သူငယ်ချင်း တစ်ယောက်ကို Add ဖို့ အတွက် သင့်ရဲ့ Messenger ကို ဖွင့်ပါ။ ညာဘက်အပေါ်ဆုံး ထောင့်မှ ခလုတ်ကို နှိပ်ပါ။ စက်ဝိုင်းပုံ ခလုတ်ကို နှိပ်ပါ။
၂။ သင့်ရဲ့ ကုဒ်ကို My Code မှာ ပြသပေးထားပါတယ်။ သင်က သူငယ်ချင်းရဲ့ ကုဒ်ကို Scan လုပ်ဖို့ Scan Code ထဲကို သွားပါ။ သင့်ရဲ့ သူငယ်ချင်းကို သူ့ Messenger ကနေ My Code ကို သွားခိုင်းပါ။ သူ့ရဲ့ ကုဒ်ကို သင့်ဖုန်းဖြင့် Scan လုပ်ပါ။ စက်ဝိုင်းထဲကို ကုဒ်အားထားရှိခြင်းဖြင့် Scan လုပ်နိုင်ပါတယ်။
၃။ Scan လုပ်လို့ အောင်မြင်လျှင် သူငယ်ချင်း ဒါမှမဟုတ် Page နဲ့ စကားပြောနိုင်မယ့် စကရင်ကို ရောက်ရှိမှာပါ။ ဒီနည်းဖြင့် လူတစ်ယောက် သို့မဟုတ် Page တစ်ခုကို သင့်ရဲ့ Messenger မှာ လွယ်ကူ လျှင်မြန်စွာ ထည့်သွင်းနိုင်ပါတယ်။ သူ့ရဲ့ ပရိုဖိုင်ကို သွားပြီး Add ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပါ။
၎။ View profile ကို နှိပ်လျှင် သူ့ရဲ့ ပရိုဖိုင်ကို ရောက်သွားမှာ ဖြစ်ပြီး သူငယ်ချင်းအဖြစ် Add နိုင်ပါပြီ။

Friday, August 19, 2016


 နားကျပ် သုံးစွဲခြင်း၏ ဘေးထွက် ဆိုးကျိုးများ
























ကားမောင်းရင်း ဖုန်းပြောတဲ့အခါ ဖြစ်စေ၊ သီချင်းနားထောင်တဲ့အခါ ဖြစ်စေ၊ တီဗွီကြည့်တဲ့အခါ ဖြစ်စေ၊ ကွန်ပျူတာ အင်တာနက်လိုင်း သုံး၍ စကားပြောတဲ့အခါ ဖြစ်စေ၊ ကွန်ပျူတာဂိမ်းဆော့တဲ့အခါ ဖြစ်စေ
မိမိကြောင့် ဘေးပတ်ဝန်းကျင်ကို အသံဖြင့် နှောင့်ယှက်မှု မရှိစေဘဲ တစ်သီးပုဂ္ဂလ ကြည်လင် ရှင်းလင်းစွာ နားသောတ ဆင်နိုင်ရန် အတွက် နားကျပ်လေးတွေက လွန်စွာ အသုံးတည့်လှ ပါတယ်။ သို့သော် ထိုနားကျပ်တွေကပဲ နားကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး များစွာ ဖြစ်စေနိုင်ကြောင်းကို သိထားဖို့ လိုပါတယ်။

(၁) အကြားအာရုံ ချို့ယွင်းခြင်း

ယနေ့ ကမ္ဘာပေါ်၌ အကြားအာရုံ ချို့ယွင်းကြသူ အများစုမှာ ဆယ်ကျော်သက် အရွယ်များ ဖြစ်ကြပြီး ၎င်းတို့သည် အသက် ၁ဝ နှစ်အရွယ် မတိုင်မီ ကတည်းကစ၍ အသံနှုန်းမြှင့်ကာ နားကျပ်ဖြင့် သီချင်း ကျယ်ကျယ် နားထောင်လေ့ ရှိကြကြောင်း၊ ထိုသို့ ကာလတာရှည်စွာ နားထောင်ခြင်းက လုံးဝ နားကန်းသွား နိုင်ကြောင်း၊ တချို့လည်း ယာယီ နားပင်းသွားတာမျိုးတွေ ရှိကြောင်း ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Dr. Brian Fligor က ဆိုပါတယ်။ အမေရိကန်နိုင်ငံသား အကြားအာရုံ ဆုံးရှုံးသွားတဲ့ ဆယ်ကျော်သက် အရေအတွက်မှာ ၁၉၉၄ ခုနှစ်က ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝဝ၆ ခုနှစ် အတွင်းမှာတော့ ၅ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်သွားကြောင်း၊ ပျမ်းမျှ အသက် ၁၂ နှစ်နှင့် ၃၅ နှစ်ကြား လူပေါင်း ၄၃ သန်းမှာ အကြားအာရုံ ဆုံးရှုံးသွားပြီး ယင်း အရေအတွက်မှာ ပို၍ တိုးလာနေပြီ ဖြစ်ကြောင်း၊ ချမ်းသာသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများမှ လူ ထက်ဝက်ခန့်မှာ တစ်ကိုယ်ရေသုံး သီချင်းဖွင့်စက်များမှ ဘေးမကင်းသော အသံမြင့်နှုန်းများဖြင့် ထိတွေ့နေကြပြီး ထို အတောအတွင်း ၄ဝ ရာခိုင်နှုန်းမှာ ကလပ်များနဲ့ အရက်ဆိုင်များမှ ထိခိုက်ပျက်စီး စေနိုင်သော အသံအမြင့် မျိုးဖြင့် ထိတွေ့နေရကြောင်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန် ကြေညာထားတယ်လို့ ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် BBC သတင်းမှာ ဖော်ပြထားပါတယ်။

(၂) Decibel Ranges (ခေါ်) အသံ ပါဝါယူနစ်များ

အသံပါဝါ ယူနစ်ဆိုတာ အသံ အတိုးအကျယ်ကို တိုင်းတာနှုန်းထား ဖြစ်ပါတယ်။ နားကျပ်မှ အသံပါဝါ ယူနစ်ကို ၈၅ dB (Decibel) အထိ ထား၍ တစ်နေ့ကို ရှစ်နာရီကြာ သီချင်း နားထောင်တဲ့အခါ ယာယီ နားကန်း သွားစေနိုင်ပါတယ်။ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ dB အထိထား၍ လေးနာရီ ကြာမျှ သီချင်း နားထောင်တဲ့ အခါမှာလည်း ယာယီ နားကန်း သွားစေပါတယ်။ အကယ်၍ MP3 ဖွင့်စက်ကို အမြင့်ဆုံး အသံဖြစ်သည့် ၁၀၅ dB ထား၍ နားထောင်ပါက လေးမိနစ်မျှ အထိသာ နားထောင်သင့်ပြီး ထို့ထက် အချိန်ပို၍ သီချင်းနားထောင်ခဲ့မယ် ဆိုရင်တော့ ၁၅ မိနစ် အချိန်တွင်းမှာပင် နားလုံးဝ ကန်းသွားနိုင်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှု စစ်တမ်းများအရ ဆူညံသံကို နားထောင် လက်ခံသင့်သော စာရင်းများကို ယခုလို ထုတ်ပြန် ထားပါတယ်။ (က)ကား တစ်စီးထဲတွင် ဆူညံသံ အဆင့် ၈၅ dB ကို ရှစ်နာရီ အထိသာ နားဆင် သင့်ပါတယ်။ (ခ) မြက်ရိတ်စက် တစ်လုံး၏ ဆူညံသံ ၉ဝ dB ကို နာရီဝက် အထိသာ အများဆုံး သည်းခံ သင့်ပါတယ်။ (ဂ) မော်တော်ဆိုင်ကယ် တစ်စီး၏ ပျမ်းမျှ ဆူညံသံ ၉၅ dB ကို ၄၇ မိနစ်၊ ကား သို့မဟုတ် မြေအောက်ရထား ဟွန်းသံ၏ ဆူညံသံ ၁ဝဝ dB ကို ၁၅ မိနစ် အထိသာ နားထောင် သင့်ပါတယ်။ (ဃ) ရော့ခ်ဂီတ ဖျော်ဖြေပွဲ တစ်ခု၏ ဆူညံသံ ၁၁၅ dB ကို ၂၈ စက္ကန့်အထိသာ နားထောင် သင့်ပါတယ်။

(၃)နားထဲသို့ ပိုးဝင်သွားခြင်း

ဥပမာ-အင်တာနက် ဂိမ်းဆိုင်တွေမှာ နားကျပ်ကို မပျက်စီးသမျှ ကာလပတ်လုံး အသစ်လဲလှယ်ခြင်း မရှိ လူတကာ သုံးထားတာကြောင့် ဗက်တီးရီးယား ပိုးမွှားတွေကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း သယ်ဆောင်သွားကြပြီး နားထဲ ပိုးဝင်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိ ကိုယ်ပိုင်နားကျပ် သီးသန့် ထား၍ သုံးပါ။ ခေတ္တ ငှားရမ်းသုံးစွဲခြင်း မပြုရ။

(၄) အချိန် အကန့်အသတ် ရှိပါစေ

အလုပ်သဘော အရ မဖြစ်မနေ နားကျပ်တပ်၍ သုံးရတဲ့အခါ နားစည် တုန်ခါမှု မပြင်းထန်စေဖို့ အတွက်

(က) နားကျပ်ကို ဟိုးအတွင်း နားကလိုင်ပေါက်ထဲ အထိ ထိုး၍ မတပ်ပါနှင့်။

(ခ) မိမိ ကြားလောက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍ လျှော့သုံးပါ။

(ဂ) နားကျပ် သုံးစွဲချိန်ကို အချိန် ၁ နာရီပြည့်တိုင်း ငါးမိနစ် ခေတ္တနားပါ။

နားကျန်းမာရေး အသိဖြင့် မိမိဘာသာ ဆင်ခြင်၍ မိမိပတ်ဝန်းကျင် ရှိသူများကိုပါ နားကျပ်ဝတ္ထု ပစ္စည်းလေး တွေကြောင့် အကြားအာရုံ မဆုံးရှုံးကြလေအောင် ကျန်းမာရေး အသိဖြင့် လက်ဆင့်ကမ်း သတင်းမျှဝေ ပေးကြပါလို့ တိုက်တွန်းလိုက် ပါရစေ။ ။

Thursday, August 18, 2016































 ထိုင်းနိုင်ငံ ဘန်ကောက်မြို. သို.ပြည်တွင်းခရီးသွားသလောက်ကုန်ကျစရိတ်နဲ.သွားနိုင်မယ့်ခရီးစဉ်လေးတွေကို AGM Travel မှစီစဉ်ထားပါတယ်။ တစ်ယောက်လျှင် ၈၇ ဒေါ်လာမှစ၍
‪#‎USD87‬ 3 Days & 2 Nights (Airticket+Service Apartment)
‪#‎USD97‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast)
‪#‎USD117‬ 3 Days & 2 Nights (Airticket+Servie Apartment+Airport Transfers)
‪#‎USD127‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers)
‪#‎USD155‬ 3 Days & 2 Nights (Airticket+Service Apartment+Airport Transfers+One Day Tour of your choice)
‪#‎USD165‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers+One Day Tour of your choice)
‪#‎USD100‬ 4 Days & 3 Nights (Airticket+Service Apartment)
‪#‎USD115‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast)
‪#‎USD130‬ 4 Days & 3 Nights (Airticket+Servie Apartment+Airport Transfers)
‪#‎USD145‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers)
‪#‎USD169‬ 4 Days & 3 Nights (Airticket+Service Apartment+Airport Transfers+One Day Tour of your choice)
‪#‎USD185‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers+One Day Tour of your choice)

Hotel & Service Apartment များသည် Pratunam Area တွင်ဖြစ်ပါသည်။
One Day Tour အတွက်အောက်ပါနေရာများထဲမှတစ်နေရာရွေးချယ်သွားနိုင်ပါသည်။
1. Pattaya & Coral Island
2. Ayutthaya
3. Dream World
4. Safari World
5. Siam Park
ခရီးသွားကာလာမှာ 1 Aug-31 Oct, 2016 (Limited Seats and Selected Dates)
အသေးစိတ်သိရှိလိုပါက 097 8888 2060, 097 8888 2050,
097 8888 9487 & 09 777 444 517 ဖုန်းများသို.ဆက်သွယ်စုံစမ်းနိုင်ပါသည်။





















ထိုင်းနိုင်ငံ ဘန်ကောက်မြို. သို.ပြည်တွင်းခရီးသွားသလောက်ကုန်ကျစရိတ်နဲ.သွားနိုင်မယ့်ခရီးစဉ်လေးတွေကို AGM Travel မှစီစဉ်ထားပါတယ်။ တစ်ယောက်လျှင် ၁၀၂ ဒေါ်လာမှစ၍
‪#‎USD102‬ 3 Days & 2 Nights (Airticket+Service Apartment)
‪#‎၁၀၂ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း)
‪#‎USD112‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast)
‪#‎၁၁၂ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ)
‪#‎USD132‬ 3 Days & 2 Nights (Airticket+Servie Apartment+Airport Transfers)
‪#‎၁၃၂ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း + လေဆိပ်ကြိုပို့)
‪#‎USD142‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers)
‪#‎၁၄၂ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ + လေဆိပ်ကြိုပို့)
‪#‎USD170‬ 3 Days & 2 Nights (Airticket+Service Apartment+Airport Transfers+One Day Tour of your choice)
‪#‎၁၇၀ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း + လေဆိပ်ကြိုပို့ + အောက်တွင်ဖော်ပြထားသော ခရီးစဉ် ၅ ခုမှကြိုက်နှစ်သက်ရာ တစ်ခုရွေးချယ်သွားလာခွင့်)
‪#‎USD180‬ 3 Days & 2 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers+One Day Tour of your choice)
‪#‎၁၈၀ဒေါ်လာ‬ ၂ညအိပ် ၃ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ + လေဆိပ်ကြိုပို့ + အောက်တွင်ဖော်ပြထားသော ခရီးစဉ် ၅ ခုမှကြိုက်နှစ်သက်ရာ တစ်ခုရွေးချယ်သွားလာခွင့်)
‪#‎USD115‬ 4 Days & 3 Nights (Airticket+Service Apartment)
‪#‎၁၁၅ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း)
‪#‎USD130‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast)
‪#‎၁၃၀ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ)
‪#‎USD145‬ 4 Days & 3 Nights (Airticket+Servie Apartment+Airport Transfers)
‪#‎၁၄၅ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း + လေဆိပ်ကြိုပို့)
‪#‎USD160‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers)
‪#‎၁၆၀ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ + လေဆိပ်ကြိုပို့)
‪#‎USD185‬ 4 Days & 3 Nights (Airticket+Service Apartment+Airport Transfers+One Day Tour of your choice)
‪#‎185ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + Juladis Tower မှ အခန်း တစ်ခန်း + လေဆိပ်ကြိုပို့ + အောက်တွင်ဖော်ပြထားသော ခရီးစဉ် ၅ ခုမှကြိုက်နှစ်သက်ရာ တစ်ခုရွေးချယ်သွားလာခွင့်)
‪#‎USD199‬ 4 Days & 3 Nights (Airticket+3 Star Hotel with Breakfast+Airport Transfers+One Day Tour of your choice)
‪#‎၁၉၉ဒေါ်လာ‬ ၃ညအိပ် ၄ရက် (လေယျာဉ်လက်မှတ် + ၃ စတားအဆင့်ရှိဟော်တယ် နှင့် မနက်စာ + လေဆိပ်ကြိုပို့ + အောက်တွင်ဖော်ပြထားသော ခရီးစဉ် ၅ ခုမှကြိုက်နှစ်သက်ရာ တစ်ခုရွေးချယ်သွားလာခွင့်)
Hotel & Service Apartment များသည် Pratunam Area တွင်ဖြစ်ပါသည်။
One Day Tour အတွက်အောက်ပါနေရာများထဲမှတစ်နေရာရွေးချယ်သွားနိုင်ပါသည်။
1. Pattaya & Coral Island
2. Ayutthaya
3. Dream World
4. Safari World
5. Siam Park
ခရီးသွားကာလာမှာ 02 Aung 2016 မှ စတင်၍ 31 Aug 2016 အထိဖြစ်ပါတယ် (Limited Seats and Selected Dates)
Booking Preiod ကတော. 23 July 2016 မှ 31 July 2016 အထိဖြစ်ပါတယ်
အသေးစိတ်သိရှိလိုပါက 097 8888 2060, 097 8888 2050,
097 8888 9487 & 09 777 444 517 ဖုန်းများသို.ဆက်သွယ်စုံစမ်းနိုင်ပါသည်

























သက်သာတဲ့ ဈေးနှုန်းနဲ့ ဘန်ကောက်မှာ ရက်တို သွားရောက် လည်ပတ်လိုသူတွေအတွက် အထူး အစီအစဉ်တွေကို AGM Travels & Tours မှ စီစဉ်ပေးနေပါပြီ။
- အားလပ်ရက်တွေမှာ ဘန်ကောက်ကိုသွားပြီး အပန်းဖြေခရီးထွက်ချင်သူတွေ
- ဟန်နီးမွန်းခရီးထွက်ဖို့စီစဉ်နေတဲ့ ညားခါစ ဇနီးမောင်နှံတွေ
- ဘန်ကောက်ကိုသွားပြီး ဈေးဝယ်ထွက်ချင်သူတွေ
- အဖွဲ့လိုက် ခရီးသွားချင်တဲ့ မိတ်ဟောင်း မိတ်သစ်တွေအတွက် အထူးသင့်လျော်တဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။
ခရီးစဉ်တွေကို ဝယ်ယူရရှိနိုင်တဲ့ ကာလကတော့ သြတ်ဂုတ်လ ၃၁ရက်နေ့ ‪#‎August31‬ အထိဖြစ်ပါတယ်။
(၂၀၁၆ သြဂုတ်လ ၃၁ရက်)ကနေ (၂၀၁၇ မတ်လ ၃၁ ရက်နေ့) အတွင်း မိမိကြိုက်နှစ်သက်တဲ့ ခရီးစဉ်၊ မိမိကြိုက်နှစ်သက်တဲ့ နေ့ရက်တွေကို စိတ်ကြိုက် ကြိုတင်ဝယ်ယူထားနိုင်ပါပြီ။ (၂၀၁၆ ဒီဇင်္ဘာလအတွင်း နေ့ရက်တချို့အတွက်ကတော့ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်)
အောက်မှာဖော်ပြပေးထားတဲ့ Packaေges Tours ကို မိမိအကြိုက်ရွေးချယ်ပြီး အခုဘဲ AGM ကို ဆက်သွယ်လိုက်ပါ………………….
"Bangkok Free & Easy" ‪#‎USD129‬ per person
၂ညအိပ်၃ရက်ခရီးစဉ် တွင်ပါဝင်မှုများ
- လေယာဉ်လက်မှတ် (Nok Air including 30 KG)
- ၂ညတာတည်းခိုခွင့် နှင့် မနက်စာ Good quality & location guarantee!
(3 Star Hotel at Pratunam Area)
“Bangkok Free & Easy 4 Star” ‪#‎USD145‬ per person
၂ညအိပ်၃ရက်ခရီးစဉ် တွင်ပါဝင်မှုများ
- လေယာဉ်လက်မှတ် (Nok Air including 30 KG)
- ၂ညတာတည်းခိုခွင့် နှင့် မနက်စာ Good quality & location guarantee!
(4 Star Hotel at Indra Regent Hotel, Pratunam Area)
“Bangkok Free & Easy Plus” ‪#‎USD169‬ per person
- လေယာဉ်လက်မှတ် (Nok Air including 30 KG)
- ၂ညတာတည်းခိုခွင့် နှင့် မနက်စာ (3 Star Hotel at Pratunam Area)
- Day 2 တွင် အောက်ပါတို.မှ မိမိကြိုက်နှစ်သက်ရာ နေရာတစ်ခုခုသို.သွားလာခွင့်
1. Dream World (OR)
2. Safari World (OR)
3. Siam Park (OR)
4. Emerald Pagoda & Grand Palace (OR)
5. Pattaya (OR)
6. Ayutthaya
“Bangkok Free & Easy Comfort” ‪#‎USD199‬ per person
- လေယာဉ်လက်မှတ် (Nok Air including 30 KG)
- ၂ညတာတည်းခိုခွင့် နှင့် မနက်စာ (3 Star Hotel at Pratunam Area)
- လေဆိပ်ကြိုပို.
- Day 2 တွင် အောက်ပါတို.မှ မိမိကြိုက်နှစ်သက်ရာ နေရာတစ်ခုခုသို.သွားလာခွင့်
1. Dream World (OR)
2. Safari World (OR)
3. Siam Park (OR)
4. Emerald Pagoda & Grand Palace (OR)
5. Pattaya (OR)
6. Ayutthaya
အဆင့်မှီပြီးအချက်အချာကျသောနေရာတွင်ရှိသည့်ဟိုတယ်ဖြစ်ကြောင်းအာမခံပါသည်။
(Good quality and location of hotel is guaranteed.)
မိမိသွားလိုသောရက်နှင့်လေယာဉ်ချိန်ကိုပိုမိုရွေးချယ်နိုင်အောင်စီစဉ်ပေးထားပါသည်။
Flexible dates and time of travel.
အသေးစိတ်သိရှိလိုပါက 097 8888 2050, 097 8888 2060,
097 8888 9487, 09 777 444 517, 09 777 444 519 သို.ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Trip BKK



























ကြားရက်တွေမှာ ရုံးတက်ရတဲ့သူတွေအတွက် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ Bangkok ကို shopping ထွက်နိုင်မယ့် အစီအစဉ်
125 USD (လေယာဉ်လက်မှတ်အသွားအပြန်+ ၃ စတားဟိုတယ် ၁ ညတာတည်းခိုခွင့် နှင့်မနက်စာ)
149 USD (လေယာဉ်လက်မှတ်အသွားအပြန်+ ၃ စတားဟိုတယ် ၁ ညတာတည်းခိုခွင့် နှင့်မနက်စာ + လေဆိပ်ကြိုပို့)
လက်မှတ်တွေ ဝယ်ယူနိုင်တဲ့ ကာလကတော့ သြဂုတ်လ အကုန်ထိဘဲဖြစ်ပြီးတော့ခရီးစဉ်ကာလကတော့ ၂၀၁၆ စက်တင်္ဘာလမှ ၂၀၁၇ မတ်လအတွင်း ဖြစ်ပါတယ်။
ပိတ်ရက်တွေအတွင်းဘန်ကောက်မှာ မြို့အနှံ့ ဈေးဝယ်ထွက်ပြီးတော့ ပျော်စရာအချိန်တွေကို ခံစားချင်တယ်ဆိုရင်တော့
ဒီဖုန်းနံပါတ်တွေကို ခေါ်ဆိုလိုက်ပါ… ၀၉-၇၈၈၈၈ ၂၀၅၀၊၀၉- ၇၈၈၈၈ ၂၀၆၀၊ ၀၉-၇၈၈၈၈ ၉၄ ၈၇၊၀၉- ၇၇၇ ၄၄၄ ၅၁၇၊ ၀၉-၇၇၇ ၄၄၄ ၅၁၉
AGM က အမြဲတမ်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ကြိုဆိုနေပါတယ်။

Tuesday, August 16, 2016

















ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ဝန်ကြီးဌာနများ၏ Website လိပ်စာများ

၁။နိုင်ငံခြားရေးဝန်ကြီးဌာန
www.mofa.gov.mm
၂။သမ္မတရုံးဝန်ကြီးဌာန
www.president-office.gov.mm
၃။ပြည်ထဲရေးဝန်ကြီးဌာန
အထွေထွေအုပ်ချပ်ရေးဦးစီးဌာန http://www.gad.gov.mm/
မြန်မာနိုင်ငံရဲတပ်ဖွဲ့ www.myanmarpoliceforce.org
မီးသတ်ဦးစီးဌာန www.fsd.gov.mm
၎။ ကာကွယ်ရေးဝန်ကြီးဌာန
http://www.mod.gov.mm/
http://www.mod.gov.mm/zg/
၅။ နယ်စပ်ရေးရာဝန်ကြီးဌာန
www.mba.gov.mm/
၆။နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
www.statecounsellor.gov.mm/
၇။ပြန်ကြားရေး ဝန်ကြီးဌာန
http://www.moi.gov.mm/
http://www.mrtv.gov.mm/
http://www.iprd.gov.mm/
http://www.ppd.gov.mm/
http://www.npe.gov.mm/
၈။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
www.mora.gov.mm/
www.culture.gov.mm/
www.nlm.gov.mm/
www.dhrmyanmar.gov.mm/
www.fineartsdepartment.gov.mm/
၉။ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
www.moai.gov.mm/
www.mali.gov.mm/
www.mlfrd.gov.mm/
၁၀။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
http://www.mcit.gov.mm/
၁၁။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန
www.moecaf.gov.mm/
www.mining.gov.mm/
၁၂။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
www.moep.gov.mm
www.energy.gov.mm
၁၃။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန
www.dop.gov.mm/
၁၄။ စက်မှုဝန်ကြီးဌာန
www.industry.gov.mm/
၁၅။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
www.commerce.gov.mm
www.myanmartradenet.com.mm
၁၆။ ပညာရေးဝန်ကြီးဌာန
www.moe.gov.mm/
၁၇။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
www.moh.gov.mm
၁၈။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
www.mof.gov.mm
www.cbm.gov.mm
www.mebank.com.mm
www.irdmyanmar.gov.mm
www.mminsurance.gov.mm
www.mmse.gov.mm
၁၉။ ဆောက်လုပ်ရေး ဝန်ကြီးဌာန
www.ministry-construction.gov.mm
၂၀။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
www.mswrr.gov.mm
www.dsw.gov.mm
www.rrdmyanmar.gov.mm
၂၁။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
www.myanmartourism.org
၂၂။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး
www.ucsb.gov.mm/
၂၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
www.oagmac.gov.mm/
၂၄။ ပြည်ထောင်စုရှေ့နေချုပ်ရုံး
www.oag.gov.mm/
၂၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး
www.unionsupremecourt.gov.mm/
၂၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး
www.myanmarconstitutionaltribunal.org.mm/
၂၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
www.uecmyanmar.org/

Monday, August 15, 2016

Wedding Services

 

 

 

 

Sedona Hotel သည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်တည်ရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်သည်။ Myanmar Plaza နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။


ဘ၀တစ်သက်တာ အမှတ်ရစေမည့် မင်္ဂလာအခမ်းအနားကို Sedona Hotel တွင် ကျင်းပနိုင်ပါသည်။ Sedona Hotel တွင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် မင်္ဂလာပွဲများ၊ တရုတ်ရိုးရာ မင်္ဂလာပွဲများနှင့် အနောက်တိုင်း မင်္ဂလာပွဲများကိုလည်း ကျင်းပနိုင်ပါသည်။

ဟိုတယ်တွင် မင်္ဂလာအချိန် ၃ ချိန် ကျင်းပနိုင်ပြီး မနက် ၉ နာရီမှ ၁၁ နာရီတစ်ချိန်၊ နေ့လည် ၁၂ နာရီခွဲမှ ၂ နာရီခွဲတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီထိ တစ်ချိန် မိမိကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါသည်။

မင်္ဂလာခန်းမ

ဟိုတယ်တွင် မင်္ဂလာခန်းမများမှာ ဒဂုံ၊ အလုံ၊ မင်းတုန်း၊ Ballroom၊ ရန်ကင်းနှင့် အင်းယား ဆိုပြီး ရှိပါသည်။ ဒဂုံခန်းမနှင့် အလုံ ခန်းမတွင် ဧည့်သည်အယောက် ၄၀ ဆန့်ပါသည်။ ရန်ကင်းခန်းမတွင် ဧည့်သည်အယောက် ၅၀ ဆန့်ပါသည်။

မင်းတုန်း ခန်းမတွင် ဧည့်သည်အယောက် ၅၀ မှ ၁၅၀ အထိ ဆန့်ပါသည်။ Grand Ball တွင် ဧည့်သည်အယောက် ၃၅၀ မှ ၆၀၀ အထိ ဆန့်ပါသည်။

အင်းယားခန်းမတွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၅၀ သာဆန့်ပြီး $ 2000 ကုန်ကျခံမှသာ ကျင်းပနိုင်ပါသည်။

ခန်းမကြေးကို သီးခြားကောက်ခံခြင်းမရှိဘဲ Package ဖြင့်သာ ကုန်ကျမည်ဖြစ်ပါသည်။ စရံငွေအဖြစ် မင်းတုန်းခန်းမကို မြန်မာငွေကျပ် ၁၀ သိန်းကို စရံအဖြစ်ပေးရမည်ဖြစ်ပြီး Ballroom ကို မြန်မာငွေကျပ် သိန်း ၂၀ ကို စရံအဖြစ်ပေးရမည်ဖြစ်ပါသည်။

ဟိုတယ်တွင် Dinner ပွဲကိုလည်း ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပနိုင်ပါသည်။ Dinner ပွဲတွင် အကျွေးအမွေးအဖြစ် တရုတ်အစားအစာများနှင့် ဘူဖေးတို့ကို တစ်ယောက်ကုန်ကျစရိတ် ၄၅၀၀၀ ကျပ် ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ပါသည်။

အစားအသောက်ဈေးနှုန်း
စဉ်     အမျိုးအစား     တစ်ယောက်ကုန်ကျစရိတ်
၁     မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၁၀၀၀ိ/-
၂     မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၂၀၀၀ိ/-
၃     မုန့် ၆ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၃၀၀၀ိ/-



ဟိုတယ်မှ ၀န်ဆောင်မှုများ

ဟိုတယ်တွင် ဧည့်သည်အယောက် ၃၅၀ မှ ၆၀၀ အထိဆိုလျှင် ၀န်ဆောင်မှုများအဖြစ် မင်္ဂင်္လာဆောင် အခမ်းအနား အပြင်အဆင်များ၊ စာတမ်းရေးထိုးခြင်း၊ တည်ခင်းကျွေးမွေးမှုများ၊ သတို့သား၊ သတို့သမီး အ၀တ်လဲခန်း၊ Wedding Cake၊ တီးလုံးများဖွင့်ပေးခြင်း၊ ရေခဲပန်းပု၊ ဇနီးမောင်နှံတို့ တစ်ညတာ တည်းခိုခွင့် တို့ကိုလည်း ဟိုတယ်မှဝန်ဆောင်မှု အပြည့်အ၀ပေးပါသည်။

အထက်ပါဈေးနှုန်းများသည် ၂၀၁၆ တစ်နှစ်တည်းအတွက်သာ အကျုံးဝင်ပါသည်။

အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၁-၈၆၀၅၃၇၇

 

Sunday, August 14, 2016














ဒေါ်လာ 200 ပဲ ကိုင်ပြီး ဟနွိုင်းနဲ့ ဟလောင်ဘေးကို သွားလည်မယ်ကွာ

ဗီယက်နမ် လို့ဆိုလိုက် ရင်ဲ့ အရင်ဆုံး ပြေးမြင်မိတာ ပင်လယ်ထဲ ထိုးထိုးထောင်ထောင် နဲ့ ကျောက်ဆောင်တွေ ကြားမှာ လှေတွေ ဟိုတစ်စု ဒီတစ်စု နဲ့ ကျောက်ချထားတဲ့ အရမ်းလှတဲ့ ဟလောင် ပင်လယ်အော်ကြီးပါပဲ..ဒါနဲ့ တစ်ဆက်တည်း မြိုတော်ကြီး ဟနွိုင်း..ဗီယက်နမ်စာတွေ ..အရပ်ရှည်ရှည် အသားအဖြူဖြူ နဲ့ ဗီယက်နမ် မလေးတွေ ရှိတဲ့ မြောက်ပိုင်း ဗီယက်နမ် ကို အားလပ်ရက်မှာ ခရီးထွက် ကြည့်ကြရအောင်

ဘာကြောင့်သွားလည်သင့်သလဲ

ဗီယက်နမ်ဟာ ဗီဇာ မလိုတဲ့ အပြင် လေယာဉ်ပေါ်မှာတောင် arrival card ဖြည့်စရာမလိုတဲ့ ကမ္ဘာအမြန် ဆုံး immigration ရှိတဲ့ နိုင်ငံလို့တောင်ဆိုရမယ်.. အရင်က ပိုစ့်တွေမှာ ပြောထားခဲ့သလိုပဲ ဗီယက်နမ် က ကိုယ့်ဟာကိုယ် သွားလည်ဖို့ ရာ အကောင်းဆုံး အလွယ်ကူဆုံး ဈေးအပေါဆုံ နီုင်ငံတွေ ထဲမှာပါတယ်.. နောက်ပြီးရက် အများကြီးနေစရာမလိုပဲ ၄ရက်လောက်ဆို မြို့တော် နဲ့ အနီးတ၀ိုက်ကို စုံပြီမို့ ခွင့်ရက်ရှည်မရတဲ့လူတွေ အတွက်တော်တော် အဆင်ပြေလှတယ်..အရမ်းလှတဲ့ ဟလောင်ပင်လယ်အော် ကြီးဟာဆိုရင်လဲကမ္ဘာ့  အံဖွယ် ၇ ခုထဲ သုံးခါဆက်တိုက် ပါခဲ့တဲ့ သဘာဝ အထူးပေးအပ်ထားတဲ့ ရင်သပ်ရူမောဖွယ်အလှတရားဖြစ်တဲ့ အပြင် ကိုယ်တွေရဲ့ အရှေ့တောင်အာ၇ှ နိုင်ငံတွေထဲမှာပဲရှိလို့ သွားရောက်ခံစားသင့်တယ်..

ဘယ်လိုသွားမလဲ

ဟနွိုင်းဆိုတာ မြန်မာ ပြည်ကနေဆို နှစ်နာရီလောက်ပဲ လေယာဉ်စီးရတော့ သိပ်မဝေးလှပါဘူး .. ရန်ကုန်ကနေ Vietnam Airlines အပြင် အခုဆို Emirates Airline ပါထပ်တိုးပြေးဆွဲနေပြီဆိုတော့ ရွေးချယ်စရာတွေရှိလာပြီပေါ့ ..လေယာဉ်လက်မှတ်က အသွားအပြန်မှ 200$ ပတ်ချာလည်ရယ်.. promotion ရှိရင် 150$ ကျော်ကျော်လောက်နဲ့ကိုရနိုင်တယ်..

ဘယ်ချိန်သွားမလဲ

နိုင်ငံ တစ်နိုင်ငံကိုသွားလည်ပြီဆိုရင်တော့ အရင်ဆုံးကိုယ်အားတဲ့ရက်ရွေးချယ်ပြီးရင် ဘယ်အချိန်သူ့ဆီ သွားလဲသင့်လဲဆိုတာ ဟာအရေးကြီးပါတယ်..နို့မဟုတ် သွားလည်ပြီး အပြည့်အ၀ မပျော်ခဲ့ အမှတ်တရတွေ အများကြီး မကျန်ခဲ့ရင် ပိုက်ဆံကုန် ကိုယ့်ရက်တန်ဖိုးရှိတဲ့ အချိန်တွေ အလကားဆုံးရူံးမှာပါ..သွားလည်ပြီး မိုးအရမ်းရွာနေတာ တို့ အေးခဲ ပြီး ဖျားလောက်တဲ့ အခြေအနေတို့ နေ တွေ အရမ်းပူပြီး ပင်ပန်းနေမှာတို့ ကိုရှောင်ရှားနိုင်မှာပါ ဆောင်းဦး ..ဆောင်းရာသီ နဲ့ နွေဦးရာသီတွေ ဆို သိပ်ကိုသာယာတာပဲ ..စက်တင်ဘာ..အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေဟာ ဆောင်းဦး ကာလတွေဖြစ်လို့ သစ်ပင်တွေ က အရောင်တွေပြောင်း လေအေးလေးတွေ ကတိုက်ခတ်နဲ့ အနွေးထည်ပါးပါးလေးဝတ်ပြီး လျောက်သွားလို့ သိပ်ကောင်းတာ.. ဆောင်းတွင်းဘက်ကတော့ အနည်းငယ်အေးပေမယ့် အနွေးထည်ထူထူ ၀တ်ပြီးရှိုးထုတ်လို့တော့ကောင်းပါတယ်..ကိုယ်တွေ သွားခဲ့တဲ့ အချိန်ကနွေရာသီဆိုတော့ သိပ်ြပီးလည်လို့ မကောင်းလှဘူး..
လေဆိပ်ကနေဆိုရင်
လေဆိပ်ကို စရောက်တာ နဲ့ ထုံးစံအတိုင်း ပိုက်ဆံ လဲတာတွေ ဖုန်းကဒ်ဝယ်တာတွေ စလုပ်လိုက်ပါ..ဟိုတယ် ခပေးတာက လွဲလို့ ကျန်တာ အကုန်လုံးကတော့ သူ့ငွေ နဲ့ သုံးရမှာမို့လို့…ဟနွိုင်းလေဆိပ်ဟာ မြို့ထဲနဲ့ 45 kilometer ဝေး ပြီး တစ်နာရီလောက် ကားစီးရမှာပါ..မြို့ထဲ သွားတော့မယ်ဆိုရင်တော့ လူနည်းမယ်ဆိုရင် အသက်သာဆုံး ဖြစ်တဲ့ Vietnam Airline shuttle mini bus ကို စီးလဲရတယ်..လေဆိပ် အဆောက်အဦးကနေထွက်တာနဲ့ တန်းပြီး မီနီဘတ်စ်လေးတွေ ကိုတွေ့ရမှာပါ .လက်မှတ်ဝယ်စရာမလိုပါဘူး ..ဒီအတိုင်း တက်ထိုင်လိုက်ရုံပါပဲ..သူကမြို့ထဲက Vietnam airline office အထိကို တယောက် ကို 2$ ပဲပေးရပြီး ကိုယ်နေ့မယ့်ဟိုတယ် အထိ အတိအကျ ပို့ခိုင်းမယ်ဆိုရင်တော့ တယောက် 3-4$ လောက်ပေးရပါမယ်..လူပြည့်တာနဲ့ ထွက်တာမို့ သိပ်တော့စောင့်စရာမလိုပါဘူးး..နောက် taxi ငှားမယ်ဆိုရင်တော့ တစ်စီးကို 20$ လောက်ပေးရမှာဖြစ်ပြီး 7 seater ဆိုရင်တော့ 30$ လောက်ရှိပါတယ်..ကိုယ်တွေသွားတုန်းက လူ၁၀ ယောက်ဆိုတော့ shuttle bus စီးလဲ မထူးဘူးဆိုပြီး airport information ကနေ ကားကြီးငှားခိုင်းတာ တစ်စီးလုံးမှ 40$ ပဲပေးရတယ်…

ဘယ်မှာနေမှာလဲ ..

ဟနွိုင်းမှာ နေရမယ့်နေရာကတော့ အစားအသောက် ဟိုတယ်..shopping..တွေပေါ လည်စရာတွေနဲ့ လဲနီးတဲ့ old quarter မှာပဲ နေသင့်ပါတယ်.ဓါတ်ပုံတွေထဲပါပါနေတဲ့ နာမည်ကျော် hoan Kien ရေကန် ကြီးနဲ့ ကပ်ရက် မှာရှိလို့ အရမ်းကို သာယာပါတယ်..တစ်ခုနဲ့တစ်ခုဆက်နေတဲ့ဟိုတယ်တွေ..လမ်းကျဉ်းလေးတွေ..ဈေးဆိုင်တွေ..အကျီင်္ဆိုင်တွေ..လမ်းဘေးစာတွေ..travel agent တွေ..tourist တွေ.. ဆိုင်ကယ်တွေ နဲ့ ဒီ old quarter ကို ရောက်ရင် ကိုယ့်ရပ်ကွက် ထဲကိုယ် ပတ်နေရသလိုပါပဲ.. ဒီနားမှာနေလိုက်ရင် ကိုဟနွိုင်းမှာ၇ှိတဲ့ လည်စရာ အားလုံး ကုန်သွားပီလို့ မှတ်ယူလို့ရအောင် အားလုံးဟာ အနီးအနား ကိုလမ်းလျောက်ထွက်လိုက်ရုံပါပဲ..ဟလောင် ကိုသွားလည်တဲ့ နေ့ရယ် လေဆိပ်ပြန်တော့မှ ပဲကားစီးရတော့မှာပါ..ကိုယ်တွေ နေခဲ့တဲ့ ဟိုတယ်ကတော့ ထုံးစံ အတိုင်း 35$ ပါပဲ.. ကိုယ်ကတော့ lake view လေးလိုချင်လို့ 40$ တန်အခန်းကိုပြောင်းခဲ့တော့ အားလုံးဝိုင်းပြောကြတာပေါ့ :P အခန်းက နေ lake ကြီး ကို မြင်ရတာ ညဘက်ကျရင် မီးတွေ ထိန်ညီးနေတာ ကိုမြင်ရတာ အရမ်းသဘောကျလို့ပါ.. ဟိုတယ် နာမည်က Artisan Lakeview Hotel တဲ့ ..မြေပုံ ထဲမှာကြည့်ပြီး lake နဲ့အနီးဆုံးကိုယူလိုက်တာ..service လဲတော်တော်ကောင်းပါတယ်..breakfast လဲ buffet ကိုမှတော်တော် ကိုစုံတယ်..မျက်စောင်းထိုးမှ 7eleven ရှိလို့ တော်တော့်ကိုအဆင်ပြေတယ်..

ဘယ်တွေလျောက်သွားမလဲ

ဟနွိုင်းမှာ ကလည်စရာ သိပ်မ၇ှိလှဘူးရယ်..ကိုယ်တွေ ဈေးပဲဝယ်ချင်နေတာလဲပါတာပေါ့လေ.. museum တွေဘာတွေလဲ လူငယ်တွေကြီးပဲ ဆိုတော့ ပျင်းတယ်ဆိုပြီး မသွားကြဘူး..လမ်းလျောက်..တွေ့သမျှ မုန့်ဝယ်စား ကော်ဖီဆိုင်ထိုင် ..ဈေးပတ်နဲ့ ပဲ ကို အချိန်က မလောက်ဘူးရယ်.. မနက်ပိုင်းဆိုရင်တော့ မြန်မာပြည်က ဆိုက်ကားလို မျိုးကို သူတို့ နောက်ကနေ နင်း ကိုယ်ကရှေ့ကနေ အမိုးလေးနဲ့ စီးရတဲ့ဟာလေး ကန်တစ်ပတ် ကိုပတ်စီးပေါ့ ..ပြီးရင် ကန်ထဲက တံတားအနီလေးမှာလမ်းလေးလျောက်..သွားလည်ချင်သေးရင်တော့ one pillor pagoda ကိုသွားလည်လို့ရတယ်.. သူကတရုတ် ဘုံကျောင်းပုံနဲ့ အထဲမှာလဲ ဥယျာဉ်လေးနဲ့ ဆိုတော့တော်တော်သာယာပါတယ်.. အဓိက သွားလည်ရမှာတော့ ဟလောင်ဘေးပါပဲ .. တချို့ကတော့ Ninh Bin ကိုပါသွားလည်ကြတယ်.. ကိုယ်တွေကတော့ လုံးဝမကြိုက်ဘူးရယ်.. ဟလောင်ဘေးနဲ့ သိပ်မကွာ တဲ့အပြင်နေပူနေရင် ထီးကြီးဆောင်းပြီး လှေလေးတွေပေါ်လိုက်သွားရတာ ..ဓါတ်ပုံထဲမှာသာ ဟိုးးအပေါ်က နေရိုက်ထားလို့ လှနေတာ..ကိုယ့်ဟာဆို အဲ့လောက် မလှသလိုပါပဲ.. ဟလောင်ဘေးမှ သေချာလည်ပြီးရင်တော့ အဲ့ဒီကို တစ်ရက်လုံးလုံးအချိန်ပေးပြီးမလည်ချင်တော့ဘူးရယ်..

ဟလောင်ဘေး ကိုသွားလည်မယ်

ဟနွိုင်းကနေ 185km ဝေးတဲ့ ဟလောင်ဘေးကို သွားလည်မယ်ဆိုရင်တော့ ဟနွိုင်းကနေ တစ်ခါတည်း tour package လိုက် ၀ယ်သွားဖို့ အကြံပေးချင်တယ်..အချိန်ကုန်သက်သာတဲ့ဈေးလဲသိပ်မကွာ သူတို့စီစဉ်တဲ့ အတိုင်းဇိမ်နဲ့ လိုက်သွားရုံပါပဲ.သွားလည်ချင်ရင်တော့ နှစ်မျိုးရှိတယ်. ပထမက နေ့ချင်းပြန် တဲ့တိုး ..သူက ဟိုတယ် ကိုမနက် ၇ခွဲလောက် ကားနဲ့လာကြိုတယ် ..ဂိုက်တွေ.နေ့လည်စာတွေပါပြီးသားကို မှ တယောက် ကို 30$ လောက်ရှိမယ်. လူများရင်တော့ ကိုယ့်လူကြီးပဲ သွားလို့ရတယ် 40$လောက်တော့ကျမယ်..ဟနွိုင်းကနေ ဆို ၄နာရီလောက်ကားမောင်းသွား ဟိုပေါ်မှာနေ့လည်စာစား .သဘောင်္ပေါ်ကနေ အရမ်းလှတဲ့ရူခင်းတွေ ကြည့် .နောက်ပြီး ကနူးစီးလို့ရတဲ့ နေရာရောက် ရင်သူတို့ရပ်ပေးတယ်..ကနူး သို့မဟုတ် လှေစီးလဲရတယ..တစ်ယောက် ကို 7$ ပေးရတယ်.. ကိုယ်တွေကတော့ သိတဲ့ အတိုင်း ကို့ဟာကို လှော်တယ်.. နောက်ပြီး ရင် အရမ်းလှတဲ့ ဂူတစ်ခုကို လဲသူတို့ ပို့ပေးသေးတယ်.. လှေကားတွေ အများကြီးနဲ့ တက်ပြီး အပေါ်ကနေ ပင်လယ်ထဲကို ကြည့်ရတာ တော်တော်လေးကို မိုက်ပါတယ်..ည ၇နာရီလောက်မှ ဟိုတယ်ကိုရောက်တယ် ..သဘောင်္ပေါ်မှာကျွေးတဲ့နေ့လည်စာကလဲတော်တော်လေးကောင်းတယ်.. seafood တွေကြီးပဲ..များလဲတော်တော် များတယ်.. ရေတော့ဝယ်သောာက်ရတယ်..ဖြစ်နိုင်ရင် အပြင်ကနေေ၇ဘူးများများဝယ်သွားတာကောင်းတယ် ..ဒီနေ့ချင်းပြန်ခရီးစဉ်က အချိန်မရတဲ့လူတွေ အတွက်အဆင်ပြေပေမယ့် ပင်တော့ပင်ပန်းတယ်..အသွားအပြန်ပု ၈နာရီလောက်ကြာတယ်ဆိုတော့ ဟိုမှာလည်ရတာသိပ်မ၀သလိုပါပဲ နောက်ထပ် တစ်မျိုးလည်လို့ရတာကတော့  ပင်လယ်ထဲမှာ ညအိပ်ဖို့ပါပဲ ..ပထမ ကိုယ်ထင်ထားတာ သဘောင်္ကြီပေါ်မှာညအိပ်ရတာ ပျင်းစရာကြီး ပြီးတော့ကြောက်စရာကြီးပေါ့လို့ ..နောက်တစ်ခုက ဘယ်နိုင်ငံ ရောက်ရောက ညဘက်ဆိုရင် သိပ်မအိပ်တတ်ပဲ night life လျောက်သွားတတ်လို့ ဒီလိုမျိုးအငြိမ်ဇယား ကြီးနဲ့ နေရမှာကို သိပ်ပြီးသဘောမတွေ့လှဘူး..ဒါပေမယ့် အတွေ့အကြုံလဲရအောင် စမ်းကြည့်ချင်တာ နဲ့ တစ်ညအိပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်..သူလဲတူတူပါပဲ ဟနွိုင်းမှာ ထဲက တိုး ၀ယ်လာခဲ့လို့ရတယ် .. ကိုယ်စီးမယ့် သဘောင်္ရဲ့ star ပေါ်မှာမူတည်ပြီးဈေးကွာတယ်..အနည်းဆုံ 70$ လောက်ကနေစတယ်..ကိုယ်တွေစီးခဲ့တာကတော့ 3star ပါပဲ 80$ ပေးရတယ်..သူလဲဟိုတယ်မှာမနက်လာကြို ဟိုမှာနေ့လည်စာ ရောညစာ အပြင်နောက်နေ့ အတွက်မနက်စာပါပါတယ်..ညစာဆိုလဲကောင်းမှကောင်း BBQ တွေသဘောင်္ပေါ်မှာတခါတည်းကင်ပေးတာ.. ညအိပ်မယ့် သဘောင်္ဆိုတော့ လည်စရာတွေ များလာတယ်..ဂူတွေ နှစ်ခုလောက်ပို့တဲ့အပြင်.beach တွေမှာပါ ရေကူးလို့ရအောင်ကို ရပ်ပေးတယ် beach ကလဲလှသလားမမေးနဲ့ သဲဆိုတာဖြူဖွေးပြီး ရေကလဲကြည်တောက်နေတာပဲ..ညဘက် သဘောင်္ပေါ်မှာလဲ ဘားအသေးစားလေး၇ှိလို့ သူငယ်ချင်းတွေနဲ့ ထိုင်သောက်ပြီး တခြား နိုင်ငံသားတွေနဲ့ မိတ်ဆက်ရင်းစကားပြော တစ်ဝါးဝါးနဲ့ အဖွဲ့တွေကျ ဆိုတော့ ပျင်းဖို့တောင်အချိန်မရဘူးရယ်..နောက်နေ့မနက်နိုးတော့ ထိုက်ကျိ သင်ပေးတဲ့ဆရာလဲရှိလို့ စောစောစီးစီး ပင်လယိပြင်ကျောက်ဆောင်တွေကြားမှာ ထိုက်ကျိကစား (အမှန်ကလျောက်လုပ်တာ) တော်တော်ပျော်စရာကောင်းတယ်..မလုပ်တတ်လုပ်တတ်နဲ့ တော်တော်ရီရတယ်.. မနက်ခငိး ကျောက်ဆောင်တွေ ကြားကနေထွက်လာတာကိုကြည့်ရတာ လဲဘာနဲ့မှမလဲနိုင်တဲ့ခံစားမူပါပဲ..ကမ္ဘာ အံဖွယ်ထဲမှာပါတဲ့ အလှတရားတွေကြားထဲ နိုးထလာရတယ်ဆိုတဲ့ အသိနဲ့တင် ဒီနေရာလေးမှာ ညအိပ်ခဲ့ရတာ လုံးဝ တန်တယ်လို့ခံစားမိမှာပါ..
ဒီဟလောင်ဘေး tour package တွေက်ု မိမိတို့တည်းနဲ့ ဟိုတယ်ကနေ၀ယ်လို့ရသလို ကိုယ်နေတဲ့ ဟိုတယ် အနီးအနားမှာလဲ tour agent တွေအများကြီးမို့ မေးပြီးဝယ်လိုက်ရုံပါပဲ..အားလုံးဟာ အသွားအပြန် အကြိုအပို့ နေ့လည်စာ ညအိပ်တဲ့သဘောင်္ဆိုလဲ ညစာမနက်စာပါပါပြီးသား မို့ ဈေးတွေလဲ သိပ်မကွာလှလို့ ကြိုက်တဲ့ဆီက ၀ယ်လိုက်ရုံပါပဲ

ဗီယက်နမ် အစားအသောက်တွေ

ဟနွိုင်းကို နောက်ထပ် ကြိုက်ရတဲ့ အချက်ကတော့ အစားအသောက်တွေ အရမ်းပေါတဲ့ အပြင် ဗီယက်နမ် မှာ ဆိုမြောက် ပိုင်းအစားအစာတွေ က စားလို့အကောင်းဆုံး ဆိုပြီး ဗီယက်နမ်သူငယ်ချင်းကပြောလို့ ဟိုလျောက်စား ဒီလျောက်စား တာ ..သူပြောတာ လုံးဝကို မမှားဘူးလို့ မှတ်ချက်ချမိတယ်.. ဗိယက်နမ်ရောက်ရင် မစားမဖြစ်ကတော့ PHO လို့ ခေါ်တဲ့ အသံထွက်ရင် FHAR လို့ထွက်တဲ့ ဗီယက်နမ်ခေါက်ဆွဲကတော့ မစားမဖြစ်ပါပဲ..အမဲသားပြုတ်ရည်နဲ့ အရွက်တွေ အများကြီးထည့်စားရတဲ့ ဒီ Pho ကတော့ အမဲသားမစားတဲ့ကိုယ်တောင် မနေနိုင်ပဲ စားမိတဲ့အထိ ကိုကောင်းလှပါတယ်..နောက်တစ်ခုကတော့ MZ ဟိုတလောက ဗီဒီယို ဖိုင်တင်ပေးဖြစ်တဲ့ အိုဘားမာ လာတုန်းက စားသွားတဲ့ BUN CHA လို့ခေါ်တဲ့ မုန့်ဖတ်နဲ့ ၀က်သားတွဲ ပြီးစားရတဲ့ ဘွန်ချာလို့ အသံထွက်တဲ့ ဒီအစားအစားဟာလဲ ဗီယက်နမ်ရောက်ရင် မစားပဲ ပြန်မလာသင့်ပါဘူး..နောက်ပြီး spring roll လို့ခေါ်တဲ့ နည်းမျိုးစုံနဲ့ လိပ်ထားတဲ့ ကော်ပြန့်လိပ်တွေရယ်.ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်ဟာ ပြင်သစ်စာတော်တော် များများကိုလဲ ဗီယက်နမ်စတိုင် နဲ့ပြုလုပ်ထားလို့ ကိုယ်တွေ အာရှပါးစပ်နဲ့ကတော့ တော်တော်လေးကိုခံတွင်းလိုက်ပါတယ်.. အဲ့ဒီထဲကမှဲ့ Banh Mi လို့ခေါ်တဲ့ ပါမုန့်ကြားမှာ ၀က်အသဲကိုခြေထားပြီး အနှစ်ပြုလုပ်ထားတဲ့ အရွက်တွေ သခွါးသီးတွေ ညှပ်ထားတဲ့ ဒီပါမုန့်ကတော့ ကိုယ့်ရဲ့ အသဲစွဲပါပဲ လမ်းဘေးတွေမှာရောင်းချနေပြီး တစ်ခုမှ 1$ ဈေးပေါတဲ့အပြင် တစ်ခုစားရင်ကို ၀အီနေတာ မို့အရမ်းတန်ပါတယ်.ဗီယက်နမ်ကော်ဖီဟာလဲ မသောက်မဖြစ်ပါပဲ..ကော်ဖီဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်လျောက်ထိုင် ပြီး အကြိုက်ဆုံးကတော့ အခုမှသောက်ဖူးတဲ့ egg-coffee ကတော့ တကယ့်ကို သွားရောက်မြည်းစမ်းကြည့်သင့်တဲ့ထဲမှာပါပါတယ်.အပူနဲ့အအေးနှစ်မျိုးရတဲ့ ဒီကော်ဖီ ဟာ မသောက်ခင်ကတော့ ဟင်… ကြက်ဥကြီးနဲ့ ပျစ်နှစ်နေတာပဲ ဘာကြီးမှန်းမသိဘူး လို့ထင်ခဲ့ပြီး ..သောက်ကြည့်လိုက်မှ .. ဟိုက်ရှားပါးး..ကောင်းလိုက်တာ ..အနှစ်တွေ ကြီးပဲဆိုတာ ဒါဘာလား လို့ ခံစားမိစေတယ်..နှစ် ငါးဆယ်ကျော်ရှိပြီဖြစ်တဲ့ ဒီ egg coffee ဆိုင်ကတော့ lake ဘေးကလမ်းကနေ ပဲသွားရတာပဲ..(ပုံမှာလိပ်စာရေးပေးထားပါတယ် )

ညဘက်ကို ဘယ်လိုအချိန်ဖြုန်းမလဲ

Weekend မှာ ဟနွိုင်းကိုရောက်ရင်တော့ ညဈေးလေးကပတ်လို့တော်တော်ကောင်းတယ် မုန့်တွေလျောက်စားမလား အမှတ်တရပစ္စည်းလေးတွေ ၀ယ်မလား အ၀တ်အထည်တွေဈေးပေါပါ နဲ့ဝယ်မလား အားလုံးရတယ်.. old quarter နားမှာပဲရှိလို့ ကိုယ်တည်းတဲ့ဟိုတယ်ကိုသာ ဘယ်လိုသွားရမလဲ လမ်းညွန်ခိုင်းလိုက်ရုံပါပဲ.. နောက်ထပ် ကိုယ်အကြိုက်ဆုံး နံပါတ်တစ် နေရာကတော့ Bia Hoi Junction လို့ခေါ်တဲ့ old quarter မှာပဲရှိတဲ့ လမ်းကျဉ်းလေးပါပဲ ..ကားဝင်လို့မရတဲ့ ဒီလမ်းဟာတော်တော်လေးကိုရှည်ပါတယ် Ta Hien လမ်းပေါ်နဲ့ နဲ့ Ngoc Quyen လမ်းထောင့်မှာ တည်ရှိပါတယ် .. ဘန်ကောက်က ခေါက်ဆန်လမ်းလိုမျိုးပေမယ်. သူကတော့ အဲ့ဒီထက်တောင်ပိုမိုက်တယ်လို့ ဆိုရမယ်..လမ်းကကျဉ်းတော့ လူတွေ ပိုပြီးကျိတ်ကျိတ်တိုးနေသလိုမျိုးလဲ ခံစားမိတယ်..ထိုင်ခုံပုလေး တွေနဲ့ အဲ့ဒီပေါ်မှာ ထိုင်လဲထိုင်..စားပွဲလဲဒါပဲ ပြုလုပ်ထားပါတယ်..လမ်းလေးခွဆုံထိပ်ကနေစပြီးဝင်သွားနိုင်ပြီး လမ်းမပေါ်မှာထိုင်နိုင်သလို ဘေးတစ်ဘက်တစ်ချက်စီမှာ ဘားတွေ ကလပ်တွေကလဲတောက်လျောက်ပါပဲ..နောက်ထပ်ဆက်လျောက်သွားပြီး အဆုံးလောက်မှာတော့ စားသောက်ဆိုင် တန်းကြီးကလဲ ဘာစားချင်လဲ ..ဗီယက်နမ်စာ..ကိုရီးယားစာ လား..အကင်လား seafood လား စသည်ဖြင့် ညစာပါဒီမှာ တစ်ခါတည်း စားပီးမှ ဒီဘက်ထဲ ပြန်လာလဲ အေးဆေးပဲ.. ဘီယာတွေဈေးပေါချက် ကလဲ တစ်ခွက်မှ မြန်ငွေ ၈၀၀ လောက်ပဲရှိတယ်..အမြည်းတွေကလဲ ဆန်းဆန်းပြားပြားနေကြာစိတွေ ထမင်းချိုးကြော်တွေနဲ့..မိုက်မှမိုက်.. shisha တွေကလဲ ဈေးအတော်ကိုပေါတာ တစ်အိုးမှ ၉၀၀၀ လောက်ပပြေးရတယ်.. ငါးယောက် ဘီယာတွေ တစ်မုန်းသောက် အမြည်းတွေမှာ shisha တွေ မှာမှ အားလုံးပေါင်း ၂သောင်း လောက်ကျတာရယ်.. သောက်ပြီးတာ နဲ့ တန်းစီနေတဲ့ ကလပ်တွေထဲ ၀င်ကြတာ အပြင်ကကြည့်တော့ ၀င်ပေါက်က ကျဉ်းကျဉ်းလေဆိုတော့ သေးသေးလေးလို့ထင်နေတာ အထဲရောက်မှ နှစ်ထပ် တွေ နဲ့ အကျယ်ကြီးတွေ ကြီးပဲ ..DJ တွေကလဲ ohh la la ..မိုက်မှ မိုက်.. အလည်မှာ ဘားခုံ အကြီးကြီး ကနေ ကိုယ်သောက်တဲ့ဟာမှာရုံပဲ..ဈေးလဲ သိပ်မကြီးဘူးရယ် ..bar tander တွေကလဲ အမိုက်စားနော်..တစ်ချက်တစ်ချက်.ပုလင်းတွေမှာ မီးတွေ တပ်ပြီး ကစားပြသေးတယ်..တခါတလေ.. vodka ပုလင်းတွေ ကိုင်ပြီး ဒီအတိုင်း ကို အပေါ်ကနေ လိုက်တိုက်ကြတာ ပျော်စရာကြီး..၀င်ကြေးမပေးရတဲ့ အပြင်..အလကားပါတိုက်တဲ့ ဒီကလပ်တွေ ကို ကိုယ်တွေ အသေကြွေတာပေါ့ ဟနွိုင်းမှာရှိတဲ့ နှစ်ညလုံး အဲ့ဒီလမ်းမှာ ကြီးပဲ..ပိတ်မှ ကိုပြန်ကြတာာ.. တစ်ညလုံးသုံးမှ 15$ လောက်ပဲ ကုန်တယ်.. အပြန် ဗိုက်ဆာရင် လမ်းဘေးက binh Mi ပေါင်မုန့်လေး ၀ယ်ကိုက်ပြီး စကားတစ်ပြောပြောနဲ့ ဟိုတယ်ပြန်လာရုံပဲ ..

ကဲ..ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ဟနွိုင်းနဲ့ ဟလောင်းဘေးကိုသွားလည်ချင်ရင် သောကြာနေ့ည ၇ နာရီ ထွက်တဲ့ Vietnam Airlines ကိုစီး ပြီး တနလာင်္နေ့ညနေ.. ၆နာရီနဲ့ပြန်လာ..ရောက်ရောက်ချင်း ညဟနွိုင်းမှာ တစ်ည အိပ်..နောက်နေ့ ဟလောင်ဘေးတစ်ည အိပ်ခရီးစဉ် အတွက် ကို ဟိုတယ်မှာ ၀ယ်ထား မနက် အထုပ်အပိုးပြင်ပြီးရင် သူတို့လာခေါ်တဲ့ကားနဲ့ လိုက်သွား .ဟိုမှာ တစ်ညအိပ်.. နောက်နေ့ညနေပိုင်းလောက်ပြန်ရောက် ဟနွိုင်း old quarter ထဲလျောက်ပတ် ဈေးဝယ်မုန့်စားး..ညဘက် ညဈေး ခဏပတ်..ပြီးရင် Boi Hoi junction ကိုသွားကဲ.. မနက် ကို တော့ကျုံးရုံးထ .ဆိုက်ကားလေးတွေ နဲ့ ကန်ကို ပတ် ..egg-coffee လေးသောက်.. အိုဘာမားရဲ့ ဘွန်ချာလေးမှာ နေ့လည်စာစား..ပြီးရင် one pallor pagoda လေးခနသွားဖူးပြီးရင် လေဆိပ်ကို နေ့လည် ၂နာရီ ခွဲလောက် အရောက်သွား.. အားလုံးကွက်စတိပဲနော်.. ဟိုတယ်ခရယ်..ဟလောင်ဘေး ၁ည အိပ် package ရယ်..airport အသွားအပြန်ကားခရယ်..ဟိုစားဒီစားရယ် ..nightlife မှာ ဘီယာသောက်လိုက်ပါအုန်း အဲ့ဒါမှ 200$ လောက်ကုန်တာ ..Shopping ထွက်ချင်ရင်သာ ပိုက်ပိုက်များများထည့်ခဲ့ ..မိန်းကလေး အ၀တ်အစားတွေ ဆိုတာ စွန်းကို ပေါတာ ..H&M , Zara , Mango နဲ့ တခြား နာမည်ကြီး Brand ပေါင်းစုံကို သူတို့ကတော့ outlet လို့ပြောတာပဲ..အားလုံး တစ်ပုံစံထဲရယ် .ဟိုမှာ ထွက်တဲ့ ဒီဇိုင်းသူတို့ကထွက်နေပြီ..ဈေးကလဲ အသေပေါတာ..ဂါဝန်တစ်ထည်မှ ၈ထောင် ၉ ထောင်ရယ်.. ကိုယ်တွေဆိုပြန်တော့ အိတ်တောင် မဆန့်ချင်တော့ဘူး ..ဖိနပ် တွေ..အမှတ်တရ ပစ္စည်းတွေ ဆိုတာလဲ ၀ယ်ချင်စရာကြီးပဲ.. ဘာပဲ ပြောပြော ဘန်ကောက် မှာ shopping ထွက်လို့ ငြီးငွေ့လာ ပြီ ဆိုရင် ဟနွိုင်းသာ သွားလိုက်တော့.. မရောက်ဘူးတဲ့နေရာ တစ်ခုလဲ လည်ပြီးသားဖြစ်မယ်. အစားအသောက် ကောင်းတွေနဲ့ ..သွားရတာ တန်လိုက်တာ ကျေနပ်လိုက်တာ လို့ ခံစားမိမှာ အသေအချာ ပါပဲရှင်..


















ဗီယက်နမ်က သိပ်လှ တယ်လို့ကိုယ်ပြောရင် မင်းယုံလိုက်ပါ ..

ပျော်ဖို့ကာင်းလွန်းခဲ့တဲ့ .. ဗီယက်နမ်ရဲ့ ညချမ်းခရီးစဉ် ရေးလို့ အပြီးမှာ .ဒီတစ်ခါကတော့ အလယ်ပိုင်းရဲ့ အလှဆုံးသော နေရာလေး နှစ်ခု အကြောင်းကို ပြောပြချင်တယ်.. ရောက်သွားတာ နဲ့ လှလိုက်တာ…ကြည်နူးဖို့ကောင်းလိုက်တာ လို့ ခနခန ရေရွတ်နေမိ မယ့်နေရာလေးတွေပေါ့..

ပထမ ဦးဆုံးပုံလေး စစချင်း မြင်တုန်းက.. ဟယ်လှလိုက်တာ ရဲတိုက် ကြီးတွေ နေရောင် ကြားထဲမှာ တောင် ပေါ်ကဥရောပ မြို့လေး သွားချင်လိုက်တာ …ဘယ်နိုင်ငံကမြို့ပါလဲဆိုပြီး.အရမ်းကို သိချင်စိတ်တွေ များသွားတယ်.. တကယ်တော့ ဒီနေရာ ဟာ ဗီယက်နမ် အလယ်ပိုင်း ရဲ့မြို့တော် ဒါနမ်း လို့ ခေါ်တဲ့ အရမ်းကို စည်ကားတဲ့ ဆိပ်ကမ်းမြို့ ကလေးရဲ့တောင်ပေါ်မှာ တည်ရှိတာပါ..
ဒီ ဒါနမ်း မြို့လေးက တော့ ဗီယက်နမ်ရဲ့ မြောက်ဘက် ဟနွိုင်း မြို့ကြီး နဲ့ တောင်ဘက် ဟိုချီမင်း မြို့ကြီးတို့ရဲ့ အလယ် တောင်မြောက် လမ်းဆုံ နေရာမှာ ရှိနေတာပါ.. အရမ်းကို သာယာ လှပပြီး စင်ကာပူလိုမျိုး သန့်ရှင်းတဲ့ မြို့ အဖြစ် စာရင်း ၀င်တော့ မယ် ဆိုပြီး ဒေသခံ ဧည့်လမ်းညွှန်ကတော့ ပြောပါတယ်.. ဒီမြီု့ဟာ ဆိပ်ကမ်းမြို့ဖြစ်ပြီး ပင်လယ်ကူးသဘောင်္ကြီးတွေ အများ ကြီး ၀င်ထွက်သွားလာနေတဲ့ အပြင် အရမ်းလှတဲ့ Beach တွေ အများကြီး ရှိလို့လဲ ကျော်ကြားပါတယ် ..

ဒါနမ်းဆိုတာ

ဒီမြို့လေး က အရမ်းကို သန့်ရှင်း သပ်ရပ် လှပခေတ်မှီနေ တဲ့ အပြင် သဲဖြူဖြူဖွေးဖွေးနဲ့ တော်တော့်ကို လှတဲ့ ကမ်းခြေများကြောင့် နာမည်ကျော် တဲ့ အတွက် အထူးသဖြင့် ဟန်းနီးမွန်း ထွက်မယ့်စုံတွဲတွေ အတွက် အရမ်းကို သင့်တော် တဲ့ beach resort တွေအများကြီးရှိတယ်.. သူ့ရဲ့ က်းခြေတွေ က ညချမ်း လို စည်ကားပြီး လူတွေ အများကြီး ကမ်းခြေလမ်းမ ကြီးတစ်လျောက် အထပ်အမြင့် ဟိုတယ်တွေတန်းစီနေ တာမျိုးမဟုတ်ပဲ.. ဒီက beach တွေလို့ ကိုယ့်ဟိုတယ် ရှေ့ ကိုယ့် ကမ်းခြေ ပဲ တိတ်တိတ်ဆိတ်ဆိတ် နဲ့ အနားယူ အပန်းဖြေ လို့ ရသလို .. ဘော်ဒါတွေ စုပြီး သွားမယ် ဆိုရင်တော့ family ခန်းလို နှစ်ခန်းတွဲ သုံးခန်းတွဲတွေ မှာ ကိုယ်ပိုင် private pool နဲ့ ဟိုတယ် တွေ မှာ နေရင်တော့ တော်တော်လေးမိုက်ပါတယ်.. ဗီယက်နမ် ရဲ့ ထုံးစံ အတိုင်း အခန်းခ ကတော့ ဈေးမကြီးလှဘူးရယ်..

Bana Hill

ဒီတောင်ပေါ်လေးကတော့ ဗီယက်နမ် အလယ်ပိုင်းရဲ့ oasis လေးပေါ့ .. တောင်ခြေကနေ ကေဘယ်ကား နဲ့ ကို 45 မိနစ်လောက် စီးသွားရတယ် ..အာရှရဲ့ အရှည်ဆုံး ကေဘယ်ကားထဲ မှာ ကို တစ်ခုပါတယ် ..ကေဘယ်ကားစီ ရောက်ဖို့ကိုတောင် စက်လှေကားကို အရှည်ကြီးစီးရသေးတယ် .. ကေဘယ်ကား စီးရတာ တကယ် ကို မိုက်တယ် .. တောင်တွေ တစ်တောင်ပြီး တစ်တောင်ကို ဖြတ်ပြီး တက်သွားတာ ..တိမ်တွေက ကိုယ့်အောက်မှာ ကျန်ခဲ့တာ.. အောက် ကိုငုံ့ကြည့်ရင် လဲ အသဲယားစရာ တောအုပ်တွေ နဲ့ လူသွားလမ်းလေး တွေ ကို သေးသေးလေးပဲ မြင်ရတယ်..ဘယ်လောက်မြင့် သလဲဆိုရင် တ၀က်လောက်လဲ ရောက်ရော နားပါ အူလာ ပါလေရော.. တောင်ပေါ်ကို ရောက်တာ နဲ့ တခါတည်း မြင်ကွင်းရော ရာသီဥတုပါ ပြောင်းသွားတာ ..ကိုယ် တွေသွားတဲ့ အချိန် သူတို့ ဆီရဲ့ နွေခေါင်ခါင် ကို အောက်မှာ တုန်းက ချွေးတွေ ထွက် ပြီး မူးနောက်နောက် ဖြစ်ချင်နေတဲ့ ကိုယ် ဟာ အပေါ်လဲရောက်ရော ရုတ်တရက် ကို အေးစိမ့်စိမ့် ကိုဖြစ်သွားတာ..ဆောင်းတွင်းဆို ဘယ်လိုများနေ မလဲ ဆိုပြီးတွေး လိုက် မိသေးတယ် .. မြင်ကွင်းကတော့ စစချင်းမှာ တင် ပဲရစ် မြို့ရဲ့ Nortre Dame ဘုရားကျောင်း ကြီး အပါအ၀င် အားလုံးဟာ ပြင်သစ်ပုံစံ အဆောက်အဦးတွေ ကြီးပဲ .. ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့တဲ့ ဗီယက်နမ် ဟာ ပြင်သစ် လက်ရာတွေ ကို တော်တော်လေးလဲ ကြိုက်နှစ်သက်ပုံရတယ်.. ပြင်သစ် ကိုခနခန ရောက်ဘူးတဲ့ ကိုယ်တောင် ဒီ အဆောက် အဦးတွေ ကို တစ်နေရာထဲ မှာ ပဲအများ ကြီးတွေ့ရတဲ့ အပြင်..တောင်ပေါ့်မှာ ရောက်နေတဲ့ ခံစားမူရော..တိမ်တွေ ကြားထဲကနေ တောင်တွေ ကို လှမ်းကြည့်ရတာ နဲ့ပေါင်းပြီး အောက်ကိုတောင် ပြန်မဆင်းချင်တော့ဘူးရယ်..ပန်းတွေ ဆိုတာလဲ နေရာတိုင်းမှာ စိုက်ထားတာ..လှလိုက်တာ. ရာသီဥတု ကအေးနေတော့ ပန်းလေးတွေကလဲ လန်းနေတာပေါ့.. တောင်ပေါ်မှာ လှည့်ပတ်သွား..ဓါတ်ပုံတွေ တစ်ဝ ကြီးရိုက်ပြီးရင် indoor ကစားကွင်းလဲ ရှိသေးလို့ ၀င်ဆော့ လို့ရသေးတယ်.. indoor ကစားကွင်းဆိုလို့ သေးသေးလေး မထင်နဲ့ ..စီးစရာတွေ မှ အများကြီး၇ယ်.. Apline coaster လဲ outdoor မှာရှိသေးလို့ အဲဒါလဲ စီးလို့ရသေးတယ်.. သူကတော့ စီးတဲ့ လူများလို့ နည်းနည်းတော့ တန်းစီ ရတယ်..နောက်ပြီး ပြင်သစ် မြို့ငယ်လေးဖြစ်တာ နဲ့အညီ ၀ိုင်တွေ စမ်းသောက်လို့ရတဲ့ ဆိုင်တွေ ..ဥရောပ အစားအစာ ဆိုင်တွေ လဲအများကြီးပဲ.. ကိုယ်တွေ စားခဲ့တဲ့ဆိုင် ဆိုရင် ဥရောပ အစားအစာ ဘူဖေး မှ တစ်ယောက် ကို 10 $ ပဲ ပေးရတယ်.. စားပြီးတော ၀ိုင်တွေ သွားသောက် ..ရီဝေေ၀ ..ရာသီဥတုအေးအေး နဲ့ ဓါတ်ပုံတွေ လျောက်ရိုက်ကြတာ .နောက် ပြီး ဥရောပ ၀တ်စုံတွေ နဲ့ parade လှည့်ကြတာ လဲ အရမ်းကြည့်လို့ကောင်းတာ. အပေါ်မှာ တင် လေးနာရီလောက် ကြာအောင် အချိန် ဖြုန်းခဲ့တယ်.. Danang လေဆိပ် ကနေ တောင်ခြေ ကို မိနစ်လေးဆယ်လောက် ပဲမောင်းရပြီး တောင်ခြေမှာ လက်မှတ် တန်းဝယ်လဲ ရတယ် တစ်ယောက် ကို 25US$ ပဲပေးရပါတယ်..ကေဘယ်ကား အသွားအပြန် ရယ် တောင်ပေါ်မှာပါ indoor ကစားကွင်း ကစားလို့ပါ ရလို့ တန်တယ် လို့ပြောရမယ်.. တောင်ပေါ်မှာလဲ resort တွေရှိလို့ အဲ့ဒီပေါ်မှာ ညအိပ်လို့လဲ ရတယ်..အော်.. Pre-wedding လာရိုက်နေတဲ့လူတွေ လဲ များကြီးရယ်.. ဓါတ်ပုံတွေ ကတော့တော်တော်လှမှာပဲ..

Hoi An

ဒီမြို့လေးကတော့ တော်တော်လေးချစ်စရာကောင်းတယ် .. ရှေးခေတ်ကြီးထဲ ပြန်ရောက်သွားသလို ခံစားချင်ရင် ဒီမြို့လေးကိုသွား.. ဒါနမ်း ကနေ တစ်နာရီလောက် ကားမောင်းသွားရင်ရောက်တဲ့ ဒီမြို့လေးဟာ ဒါနမ်း ကိုရောက်ရင် မသွားမဖြစ် သွားရမယ့်နေရာလေးပေါ့..ဟိုးအရင် နှစ်များစွာ က တရုတ် နဲ့ ဂျပန်တို့ရဲ့ နဲ့ ကုန်သွယ် ပြီး သဘောင်္တွေ ၀င်ထွက် သွားလာ ခဲ့ကြတဲ့ ဒီမြို့လေး ကိုရောက်သွားမယ် ဆိုရင် ကိုယ်တွေ ငယ်ငယ် ထဲက ကြည့်ကြည့်ဖူးနေ တဲ့ တရုတ် ကားထဲက မြို့လေးတွေ ထဲရောက်သွားသလို ပဲ အားလုံးဟာ မပျက်မစီး တည်ရှိနေတယ်.. မြို့ထဲ ၀င်လိုက်တာ နဲ့ ဟိုတယ်တွေ က အစ တရုတ်ဘုံကျောင်းလို လို..တရုတ်ကားတွေထဲက တည်းခိုခန်းတွေ လိုလို..တရုတ်သဋ္ဌေး ကြီးရဲ့ အခန်းတွေ အများကြီးရှိတဲ့ အိမ်ကြီးထဲ ကို တွေက ၀င်တည်းသလိုလို..ဲမြို့ထဲ ရောက်တာ နဲ့ လမ်းတွေက ကျဉ်းကျဉ်းလေးတွေ နဲ့ ကားတောင်သိပ်ဝင်လို့ မရချင်ဘူးရယ်..ဟိုတယ်တွေကတော့ ထုံးစံ အတိုင်းဈေးကပေါသလားမမေးနဲ့ 3star ကို 30$ - 35$ ပဲ.ရေကူးကန်တောင်ပါသေးတယ်...walk-in ၀င်လဲတူတူပဲ 5$ လောက်ပဲကွာတယ်.. မြို့လေးကို လည်မယ်ဆို ရင်ကားမလို ဘူး..လမ်းလျောက်သွား ..ဒါမှ မဟုတ် စက်ဘီးစီး ရုံပဲ..တစ်စီးမှ 1$ ပဲပေးရတယ်.. ဘော်ဒါတွေ နဲ့ သို့ ချစ်သူနဲ့ စက်ဘီးတွေ ပတ်စီး ..ညနေဘက် ဆို ချစ်စရာ ကောင်းတဲ့ သူပွန် မြစ်နားမှာ လမ်းလျောက်..တစ်မြို့လုံး ညဘက်ဆို မီးပုံးလေးတွေ နဲ့ အရမ်းကို ကဗျာဆန်ပြီးလှတာ.ဟန်နီးမွန်း အတွဲတွေ သာ သွားလိုက်လို့ရတော့ ဘယ်လိုတွေ ပိုပြီးအချစ်တွေ တိုးသွားမလဲ ဆိုတာ..

မြစ်ဘေးတစ်လျောက် လမ်းလေးတွေ တလျောက် လမ်းမီး မထွန်းထားပဲ မီးပုံးလေးတွေ ကြီးပဲမို့ ကိုယ်ဟာ ဒဏ္ဍရီ ထဲလမ်းလျောက်နေသလို ခံစားမိတယ်..နောက်ပြီး ညဘက်ရောက်ရင် လှေသေးလေးတွေ နဲ့ မြစ်လယ်လေးကို သွားပြီး မီးပုံးလေးတွေ လွတ်ရတာလဲ အရမ်းမိုက်တယ်..လေလေးတွေက တစ်ဖြူးဖြူးနဲ့တိုက် ကိုယ်ဆုတောင်းချင်တာလေးတွေ စိတ်ထဲက တိတ်တိတ်လေး ဆုတောင်းပြီး မီးပုံးလေးတွေ မျောသွားတာကို ကြည့်ရတာ ကြည်နူးဖို့ အရမ်းကောင်းတယ်.. ပြီးသွားရင် မြစ်ဘေးတလျောက် ကဘားတွေ ဆိုင်လေးတွေ မှာ ထိုင်ပြီး ဖယောင်းတိုင် မီးလေးတွေနဲ့ ညစာ စားရင်း ၀ိုင်လေးတွေ သောက်လဲရတယ်.. ကိုယ်တွေ လို ဘော်ဒါ တွေ နဲ့ လာတဲ့ လူတွေ တောင် စကား ကို တိုးတိုးလေးပြော ..ဖွင့်ထားတဲ့ သီချင်းသံလေးတွေ နားထောင် ပြီး သာယာကြတာ ..အင်းးးးး ချစ်သူနဲ့သာဆိုရင် .. 😃 ဒီမြို့လေးက တော်တော် ကိုဈေးပေါတယ်..အစားအသောက်..ဟိုတယ်..လမ်းလျောက်ပြီး လည်ရတာဆိုတော့ ပိုက်ဆံကို မကုန်တာ.. ဒီမြို့ရောက် ရင် အနောက်နိုင်ငံသားတွေ မလုပ် မဖြစ်လုပ်တာ ကတော့ အကျီင်္ချုပ်တာပါပဲ..လက်ရာအရမ်းကောင်းတယ် လို့ဆိုကြတယ်.. ညနေ ချုပ်ရင် နောက်နေ့ မနက်ဆိုရပြီ..ဈေးလဲ အရမ်းသက်သာတယ်.. ကိုယ်တွေ က အချိန် မရလို့ မချုပ်ခဲ့ရပေမယ့် ဈေးတော့ ကောင်းကောင်းဝယ်ခဲ့တယ်..

အကျီင်္တွေ ဂါဝန်တွေ ဆိုတာ ဈေးပေါသလားမမေးနဲ့ ..တစ်ထည်မှ မြန်မာငွေနဲ့ဆို တစ်သောင်း ပတ်ချာ လညိပဲ.ချည်သားတွေ ဒီဇိုင်းတွေ ကလဲ လှလိုက်တာ.. ကို်ယ်တွေ အုပ်စုက မိန်းကလေး များတော့ ယောင်္ကျားလေးတွေဆိုတာ စိတ် ကိုမရှည်ကြတော့ ဘူး .၀ယ်တာမပြီးနိုင် မစီးနိုင် နဲ့မို့လို့.. အဲ့ဒီတော့ ဒီမြို့ကို ရောက်ခဲ့ရင် ယောကျာင်္းလေးတွေ ကို ဘားတွေ ဘာတွေ ကို အရင်ပို့ထား ..ပြီးရင် မိန်းကလေးတွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးသာ ပတ်ဝယ်..ဆိုင်တွေကလဲ အများကြီး လမ်းတလျောက်လုံး ကပ်ရပ်တွေ ကြီး ဆိုတော့ ဘာပြောကောင်းမလဲ..ချစ်စရာကောင်းတဲ့ ဗီယက်နမ်ကော်ဖီ ဆိုင်လေးတွေလဲ ထိုင်ခဲ့ပါအုန်း..ကော်ဖီရဲ့ အရသာကို ရင်ထဲထိရောက်သွားစေမယ့် ဗီယက်နမ်စတိုင်လေး နဲ့ နှပ်ပြီးတော့ သောက်ရင်းပေါ့.. လမ်းလျောက် (ပ၀ါတစ်ထည်လောက်တော့ဆောင်သွားနော်.လေတိုက်တော့အေးတယ်) ..မီးပုံးလွတ်..စက်ဘီးစီး ..ဈေးဝယ်..ကော်ဖီသောက်..မြစ်ဘေးကဘားမှာထိုင်..ဓါတ်ပုံတွေအများကြီးရိုက်.. ဒါတွေကတော့ ဟွေအန် ရောက်ရင်မဖြစ်မနေ လုပ်ရမယ့် အရာတွေပါပဲ.. ဒီမြို့ကိုတော့ နေ့လည်ဘက်ကြီး ပဲခန လည်မယ်လို့ မစဉ်းစားပါနဲ့ ..ညအိပ်ဖြစ်အောင် အိပ်ပါနော်..သူ့ရဲ့ညလေးကို ခံစားစေချင်လို့ပါ..

ဒါကတော့ ဗီယက်နမ်အလည်ပိုင်း က ဒါနမ်းရဲ့ ကိုယ်အကြိုက်ဆုံး နှစ်နေရာပါပဲ.. ကိုယ်တွေ ညချမ်း ကနေ ဒါနမ်းကို တစ်ခါတည်း ဆက်သွားခဲ့တာ ဆိုတော့ ဒါနမ်းရဲ့ beach life ကိုမခံစားတော့တာ.. အကယ်၍ ဒါနမ်း တစ်ခုထဲ သီးသန့်သွားချင်ရင်တော့ ရန်ကုန်ကနေ ဟိုချီမင်း ကို vietnam airline သို့ viet jet နဲ့သွား ပြီးရင် ဟိုချီမင်းကနေ ..ဒါနမ်းကို လေယာဉ် ထပ်စီး (တစ်ခါတည်းလေယာဉ်လက်မှတ်ကို ဆက်တိုက်ဝယ်သွားပါ) ..ဒါနမ်းရောက်ရင် လေဆိပ်မှာ taxi တွေ အများကြီးပဲရယ်.. ကိုယ် booking လုပ်ထားတဲ့ ဟိုတယ် ကို ငှားသွားလိုက်ရုံပဲ..ဟိုမှာ နှစ်ည သို့ သုံးည အိပ်..bana hill ကိုလဲသွားလည်လို့ရသေးတယ်..နောက်နေ့ မှhoi an ကို ကားငှားပြီး သွားလိုက်ပေါ့နော်.. ကားခကတော့ တစ်စီးကို 30 $ လောက်ပဲပေးရပါတယ်.. hoi an ကနေ နေ့လည် flight နဲ့ ဟနွိုင်း ကို ပြန်ရင်တော့ ညနေ flight နဲ့ မြန်မာပြည် တန်းပြန်လို့ရပါတယ်.. ဒါပေမယ့် Vietnam Airline ပဲရမှာပါ.. Viet Jet စီးချင်ရင်တော့ ဟိုချီမင်းကို ပြန်မှ ရမှာပါ ဟိုချီမင်း မှာ တစ်ဘ အိပ်ပြီးမှ ..ရန်ကုန်ကိုနောက်နေ့မနက်လေယာဉ်နဲ့ ပြန်လို့ရပါတယ်..

ကိုယ်တွေခရီးစဉ်
ကိုယ်တွေကတော့ beach life ကို အပြည့်အ၀ ခံစားချင်လို့ ညချမ်းကို ပဲသွားပါတယ် ..ညချမ်းမှာ သုံးည ရေငုပ်..nightlife ..ကစားကွင်းတွေ နဲ့ မအားရအောင် အမုန်းကဲပြီးတော့မှ .. ဒါနမ်းကို တစ်နာရီလေယာဉ်စီးပြီးသွားပါတယ်.. ဒါနမ်းရောက်တော့ ကားကို တစ်ခါတည်းနှစ်ရက်စာ ငှားလိုက်ပါတယ်.. လေဆိပ် ကနေ bana hill – bana hill ကနေ Hoi An .ဟိုမှာ တစ်ည အိပ်ပြီး နောက်နေ့ လေဆိပ် နေ့လည်လောက် သွားတာ ကို မှ 160 $ ပေးရပါတယ် . ကားက ၁၂ ယောက်လောက်စီးလို့ရပါတယ်..ကိုယ်တွေက ၁၀ယောက် ဆိုတော့ တစ်ယောက်မှအားလုံး 16$ ပဲကျတယ်..ဟိုတယ်က 35$ ဆိုတော့ တစ်ယောက် ကို 18$ ..bana hill က 25$ ..ဒီခရီး တစ်ညစာ ကို မှ 60$ လောက်ပဲ ကျတယ်..လေယာဉ် ခကလဲ ရန်ကုန်ထဲက ရန်ကုန်-ဟိုချီမင်း-ညချမ်း-ဒါနမ်း-ဟနွိုင်း-ရန်ကုန် vietnam airlines နဲ့ ၆ ကြောင်းစာ ဆက်တိုက် တစ်ခါတည်း ၀ယ်လိုက်တာ 295 $ လောက်ပဲ ကျတယ်..ဒါနမ်းကြီးပဲဆိုရင်တော့ 200$ လောက်ပဲကျမှာပါ.. viet jet တော့ နည်းနည်း ပိုသက်သာပါတယ်.. ဒါပေမယ့် သူက.ညချမ်းကနေ ဒါနမ်းကို မဆွဲတော့ Vietnam airline နဲ့ပဲ ၀ယ်ရမှာ ဆိုတော့ လဲမထူးပါဘူး ..ရောက်မယ့်ရောက်တော့လဲ အဲ့ဒီနားတွေ ဆက်တိုက်သွားလိုက်တာ အကောင်းဆုံးပါပဲ..နောက်တစ်ခေါက် ပြန်လာရင် ရန်ကုန်ကနေ အထွက် လေယာဉ်ခက ထပ်ကုန်မှာမို့လို့ပါ.. ဟန်းနီးမွန်း တွေ..လူကြီးတွေ နဲ့ သွားတာ မဟုတ်ရင်တော့ ဒီ ညချမ်းကမ်းခြေက ပိုပြီးတော့ မိုက်ပါတယ်..ဈေးလဲ သက်သာ..တောင်ပေါ်..ကမ်းခြေ..မြို့ဟောင်းလေး ..ဥရောပ စတဲ့ ရသာစုံခံစားရတဲ့ ဗီယက်နမ်ရဲ့ အလယ်ပိုင်း ညချမ်း နဲ့ ဒါနမ်း ကို ခ၇ီးထွက်ရင်း ပျော်ရွင် ခဲ့ကြပါလို့ !း)