Monday, August 15, 2016

Wedding Services

 

 

 

 

Sedona Hotel သည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်တည်ရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်သည်။ Myanmar Plaza နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။


ဘ၀တစ်သက်တာ အမှတ်ရစေမည့် မင်္ဂလာအခမ်းအနားကို Sedona Hotel တွင် ကျင်းပနိုင်ပါသည်။ Sedona Hotel တွင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် မင်္ဂလာပွဲများ၊ တရုတ်ရိုးရာ မင်္ဂလာပွဲများနှင့် အနောက်တိုင်း မင်္ဂလာပွဲများကိုလည်း ကျင်းပနိုင်ပါသည်။

ဟိုတယ်တွင် မင်္ဂလာအချိန် ၃ ချိန် ကျင်းပနိုင်ပြီး မနက် ၉ နာရီမှ ၁၁ နာရီတစ်ချိန်၊ နေ့လည် ၁၂ နာရီခွဲမှ ၂ နာရီခွဲတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီထိ တစ်ချိန် မိမိကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါသည်။

မင်္ဂလာခန်းမ

ဟိုတယ်တွင် မင်္ဂလာခန်းမများမှာ ဒဂုံ၊ အလုံ၊ မင်းတုန်း၊ Ballroom၊ ရန်ကင်းနှင့် အင်းယား ဆိုပြီး ရှိပါသည်။ ဒဂုံခန်းမနှင့် အလုံ ခန်းမတွင် ဧည့်သည်အယောက် ၄၀ ဆန့်ပါသည်။ ရန်ကင်းခန်းမတွင် ဧည့်သည်အယောက် ၅၀ ဆန့်ပါသည်။

မင်းတုန်း ခန်းမတွင် ဧည့်သည်အယောက် ၅၀ မှ ၁၅၀ အထိ ဆန့်ပါသည်။ Grand Ball တွင် ဧည့်သည်အယောက် ၃၅၀ မှ ၆၀၀ အထိ ဆန့်ပါသည်။

အင်းယားခန်းမတွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၅၀ သာဆန့်ပြီး $ 2000 ကုန်ကျခံမှသာ ကျင်းပနိုင်ပါသည်။

ခန်းမကြေးကို သီးခြားကောက်ခံခြင်းမရှိဘဲ Package ဖြင့်သာ ကုန်ကျမည်ဖြစ်ပါသည်။ စရံငွေအဖြစ် မင်းတုန်းခန်းမကို မြန်မာငွေကျပ် ၁၀ သိန်းကို စရံအဖြစ်ပေးရမည်ဖြစ်ပြီး Ballroom ကို မြန်မာငွေကျပ် သိန်း ၂၀ ကို စရံအဖြစ်ပေးရမည်ဖြစ်ပါသည်။

ဟိုတယ်တွင် Dinner ပွဲကိုလည်း ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပနိုင်ပါသည်။ Dinner ပွဲတွင် အကျွေးအမွေးအဖြစ် တရုတ်အစားအစာများနှင့် ဘူဖေးတို့ကို တစ်ယောက်ကုန်ကျစရိတ် ၄၅၀၀၀ ကျပ် ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ပါသည်။

အစားအသောက်ဈေးနှုန်း
စဉ်     အမျိုးအစား     တစ်ယောက်ကုန်ကျစရိတ်
၁     မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၁၀၀၀ိ/-
၂     မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၂၀၀၀ိ/-
၃     မုန့် ၆ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်     ၂၃၀၀၀ိ/-



ဟိုတယ်မှ ၀န်ဆောင်မှုများ

ဟိုတယ်တွင် ဧည့်သည်အယောက် ၃၅၀ မှ ၆၀၀ အထိဆိုလျှင် ၀န်ဆောင်မှုများအဖြစ် မင်္ဂင်္လာဆောင် အခမ်းအနား အပြင်အဆင်များ၊ စာတမ်းရေးထိုးခြင်း၊ တည်ခင်းကျွေးမွေးမှုများ၊ သတို့သား၊ သတို့သမီး အ၀တ်လဲခန်း၊ Wedding Cake၊ တီးလုံးများဖွင့်ပေးခြင်း၊ ရေခဲပန်းပု၊ ဇနီးမောင်နှံတို့ တစ်ညတာ တည်းခိုခွင့် တို့ကိုလည်း ဟိုတယ်မှဝန်ဆောင်မှု အပြည့်အ၀ပေးပါသည်။

အထက်ပါဈေးနှုန်းများသည် ၂၀၁၆ တစ်နှစ်တည်းအတွက်သာ အကျုံးဝင်ပါသည်။

အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၁-၈၆၀၅၃၇၇

 

No comments:

Post a Comment