Friday, August 26, 2016

Excel Treasure Hotel



Excel Treasure Hotel သည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ် တွင် တည်ရှိပြီး အောက်ထပ်တွင် Victoria ကုန်တိုက်ရှိပါသည်။

ဟိုတယ်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကို ကျင်းပနိုင်ပါသည်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ၊ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီ၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ ကြိုက်နှစ်သက်သည့်အချိန်ယူနိုင်ပါသည်။

ခန်းမ

ခန်းမကြေးမှာ လူဦးရေ ၄၀၀ အောက်ဆိုရင် ကျပ် ၂ သိန်းနှင့် လူဦးရေ ၄၀၀ ပြည့်ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပေ။

ခန်းမကြေးအပြင် နောက်ခံစာတမ်းရေးထိုးခ ကျပ် ၃ သောင်းခွဲ၊ သီချင်းဖွင့်ရန်မီတာခ ကျပ် ၂သောင်း၊ ဒီဗွီဒီ ရိုက်ကူးမှုအတွက် ကျပ် ၂ သောင်း၊ အပြင်မှ တေးဂီတဖျော်ဖြေမှုအတွက် ကျပ် ၃ သောင်း ကုန်ကျမည်ဖြစ်သည်။

မင်္ဂလာခန်းမအတွင်း ပန်းအိုး ၃ အိုး၊ ပန်းတိုင် ၄ တိုင်၊ စားပွဲတင်ပန်းအတွက် ကျပ် ၁ သိန်း ၇ သောင်းနှင့် ကြဲပန်း၊ ပန်းကုံးတွက် ကျပ် ၄ သောင်း ကုန်ကျမည်ဖြစ်သည်။ဟိုတယ်မှ အခမ်းအနားမှူးနှင့် တေးဂီတ၀ိုင်းအတွက် ကိုလည်း အပြင်မှ ငှားရမ်း စီစဉ်ဆောင်ရွက်ပေးပါသည်။

ဟိုတယ်တွင် ဧည့်သည်အတွက် အကျွေးအမွေးကို Snack, Dimsum, ဒံပေါက်ထမင်းနှင့် ထောပတ်ထမင်းတို့ကို ကျွေးမွေးနိုင်ပါသည်။ အကျွေးအမွေးတွင် ရေသန့်ဗူး မပါသည့်အတွက် ဟိုတယ်တွင် တစ်ဗူးနှုန်း ၅၀၀ ကျပ်နှင့် ၀ယ်ယူနိုင်သည်။ (မှတ်ချက်။ ပြင်မှယူဆောင်ခွင့်မပြု)

အစားအသောက်
စဉ်     အမျိုးအစား     တစ်ယောက်ကုန်ကျစရိတ်
၁     မုန့် ၄ မျိုး၊ ကော်ဖီ၊ Chinese Tea ၊ ရေခဲမုန့်၊     ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိ
၂     Dimsum ၅ မျိုး၊ အချိုပွဲ၊ ကော်ဖီ၊ Chinese Tea     ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ အထိ
၃     ဒံပေါက်ထမင်း(ကြက်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၄၅၀၀
၎     ဒံပေါက်ထမင်း(ဆိတ်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၃၀၀
၅     ထောပတ်ထမင်း(ကြက်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၀၀၀
၆     ထောပတ်ထမင်း(ဆိတ်)၊ ရေခဲမုန့် (ရေသန့်မပါ)     ကျပ် ၅၈၀၀

ဝန်ဆောင်မှု

လူဦးရေ ၄၀၀ ကျော်ပါက ငွေလင်ဗန်း၊ ဖလား၊ လျှောက်လမ်းအ၀င်ဝပန်းစင်၊ သတို့သား၊ သတို့သမီး နားနေခန်း၊ မင်္ဂလာကိတ်၊ Hotel တွင် Breakfast အပါအ၀င် တစ်ညတာတည်းခိုခွင့်တို့ကို Hotel မှ လက်ဖွဲ့ပေးပါသည်။ (အထက်ပါ ဈေးနှုန်းများသည် တစ်လအတွင်း အပြောင်းအလဲရှိနိုင်သည်)



အမှတ် ၅၂၀၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း၊ ရန်ကုန်။

၀၁-၅၅၉၁၅၀

No comments:

Post a Comment