Sunday, August 14, 2016














ဒေါ်လာ 200 ပဲ ကိုင်ပြီး ဟနွိုင်းနဲ့ ဟလောင်ဘေးကို သွားလည်မယ်ကွာ

ဗီယက်နမ် လို့ဆိုလိုက် ရင်ဲ့ အရင်ဆုံး ပြေးမြင်မိတာ ပင်လယ်ထဲ ထိုးထိုးထောင်ထောင် နဲ့ ကျောက်ဆောင်တွေ ကြားမှာ လှေတွေ ဟိုတစ်စု ဒီတစ်စု နဲ့ ကျောက်ချထားတဲ့ အရမ်းလှတဲ့ ဟလောင် ပင်လယ်အော်ကြီးပါပဲ..ဒါနဲ့ တစ်ဆက်တည်း မြိုတော်ကြီး ဟနွိုင်း..ဗီယက်နမ်စာတွေ ..အရပ်ရှည်ရှည် အသားအဖြူဖြူ နဲ့ ဗီယက်နမ် မလေးတွေ ရှိတဲ့ မြောက်ပိုင်း ဗီယက်နမ် ကို အားလပ်ရက်မှာ ခရီးထွက် ကြည့်ကြရအောင်

ဘာကြောင့်သွားလည်သင့်သလဲ

ဗီယက်နမ်ဟာ ဗီဇာ မလိုတဲ့ အပြင် လေယာဉ်ပေါ်မှာတောင် arrival card ဖြည့်စရာမလိုတဲ့ ကမ္ဘာအမြန် ဆုံး immigration ရှိတဲ့ နိုင်ငံလို့တောင်ဆိုရမယ်.. အရင်က ပိုစ့်တွေမှာ ပြောထားခဲ့သလိုပဲ ဗီယက်နမ် က ကိုယ့်ဟာကိုယ် သွားလည်ဖို့ ရာ အကောင်းဆုံး အလွယ်ကူဆုံး ဈေးအပေါဆုံ နီုင်ငံတွေ ထဲမှာပါတယ်.. နောက်ပြီးရက် အများကြီးနေစရာမလိုပဲ ၄ရက်လောက်ဆို မြို့တော် နဲ့ အနီးတ၀ိုက်ကို စုံပြီမို့ ခွင့်ရက်ရှည်မရတဲ့လူတွေ အတွက်တော်တော် အဆင်ပြေလှတယ်..အရမ်းလှတဲ့ ဟလောင်ပင်လယ်အော် ကြီးဟာဆိုရင်လဲကမ္ဘာ့  အံဖွယ် ၇ ခုထဲ သုံးခါဆက်တိုက် ပါခဲ့တဲ့ သဘာဝ အထူးပေးအပ်ထားတဲ့ ရင်သပ်ရူမောဖွယ်အလှတရားဖြစ်တဲ့ အပြင် ကိုယ်တွေရဲ့ အရှေ့တောင်အာ၇ှ နိုင်ငံတွေထဲမှာပဲရှိလို့ သွားရောက်ခံစားသင့်တယ်..

ဘယ်လိုသွားမလဲ

ဟနွိုင်းဆိုတာ မြန်မာ ပြည်ကနေဆို နှစ်နာရီလောက်ပဲ လေယာဉ်စီးရတော့ သိပ်မဝေးလှပါဘူး .. ရန်ကုန်ကနေ Vietnam Airlines အပြင် အခုဆို Emirates Airline ပါထပ်တိုးပြေးဆွဲနေပြီဆိုတော့ ရွေးချယ်စရာတွေရှိလာပြီပေါ့ ..လေယာဉ်လက်မှတ်က အသွားအပြန်မှ 200$ ပတ်ချာလည်ရယ်.. promotion ရှိရင် 150$ ကျော်ကျော်လောက်နဲ့ကိုရနိုင်တယ်..

ဘယ်ချိန်သွားမလဲ

နိုင်ငံ တစ်နိုင်ငံကိုသွားလည်ပြီဆိုရင်တော့ အရင်ဆုံးကိုယ်အားတဲ့ရက်ရွေးချယ်ပြီးရင် ဘယ်အချိန်သူ့ဆီ သွားလဲသင့်လဲဆိုတာ ဟာအရေးကြီးပါတယ်..နို့မဟုတ် သွားလည်ပြီး အပြည့်အ၀ မပျော်ခဲ့ အမှတ်တရတွေ အများကြီး မကျန်ခဲ့ရင် ပိုက်ဆံကုန် ကိုယ့်ရက်တန်ဖိုးရှိတဲ့ အချိန်တွေ အလကားဆုံးရူံးမှာပါ..သွားလည်ပြီး မိုးအရမ်းရွာနေတာ တို့ အေးခဲ ပြီး ဖျားလောက်တဲ့ အခြေအနေတို့ နေ တွေ အရမ်းပူပြီး ပင်ပန်းနေမှာတို့ ကိုရှောင်ရှားနိုင်မှာပါ ဆောင်းဦး ..ဆောင်းရာသီ နဲ့ နွေဦးရာသီတွေ ဆို သိပ်ကိုသာယာတာပဲ ..စက်တင်ဘာ..အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေဟာ ဆောင်းဦး ကာလတွေဖြစ်လို့ သစ်ပင်တွေ က အရောင်တွေပြောင်း လေအေးလေးတွေ ကတိုက်ခတ်နဲ့ အနွေးထည်ပါးပါးလေးဝတ်ပြီး လျောက်သွားလို့ သိပ်ကောင်းတာ.. ဆောင်းတွင်းဘက်ကတော့ အနည်းငယ်အေးပေမယ့် အနွေးထည်ထူထူ ၀တ်ပြီးရှိုးထုတ်လို့တော့ကောင်းပါတယ်..ကိုယ်တွေ သွားခဲ့တဲ့ အချိန်ကနွေရာသီဆိုတော့ သိပ်ြပီးလည်လို့ မကောင်းလှဘူး..
လေဆိပ်ကနေဆိုရင်
လေဆိပ်ကို စရောက်တာ နဲ့ ထုံးစံအတိုင်း ပိုက်ဆံ လဲတာတွေ ဖုန်းကဒ်ဝယ်တာတွေ စလုပ်လိုက်ပါ..ဟိုတယ် ခပေးတာက လွဲလို့ ကျန်တာ အကုန်လုံးကတော့ သူ့ငွေ နဲ့ သုံးရမှာမို့လို့…ဟနွိုင်းလေဆိပ်ဟာ မြို့ထဲနဲ့ 45 kilometer ဝေး ပြီး တစ်နာရီလောက် ကားစီးရမှာပါ..မြို့ထဲ သွားတော့မယ်ဆိုရင်တော့ လူနည်းမယ်ဆိုရင် အသက်သာဆုံး ဖြစ်တဲ့ Vietnam Airline shuttle mini bus ကို စီးလဲရတယ်..လေဆိပ် အဆောက်အဦးကနေထွက်တာနဲ့ တန်းပြီး မီနီဘတ်စ်လေးတွေ ကိုတွေ့ရမှာပါ .လက်မှတ်ဝယ်စရာမလိုပါဘူး ..ဒီအတိုင်း တက်ထိုင်လိုက်ရုံပါပဲ..သူကမြို့ထဲက Vietnam airline office အထိကို တယောက် ကို 2$ ပဲပေးရပြီး ကိုယ်နေ့မယ့်ဟိုတယ် အထိ အတိအကျ ပို့ခိုင်းမယ်ဆိုရင်တော့ တယောက် 3-4$ လောက်ပေးရပါမယ်..လူပြည့်တာနဲ့ ထွက်တာမို့ သိပ်တော့စောင့်စရာမလိုပါဘူးး..နောက် taxi ငှားမယ်ဆိုရင်တော့ တစ်စီးကို 20$ လောက်ပေးရမှာဖြစ်ပြီး 7 seater ဆိုရင်တော့ 30$ လောက်ရှိပါတယ်..ကိုယ်တွေသွားတုန်းက လူ၁၀ ယောက်ဆိုတော့ shuttle bus စီးလဲ မထူးဘူးဆိုပြီး airport information ကနေ ကားကြီးငှားခိုင်းတာ တစ်စီးလုံးမှ 40$ ပဲပေးရတယ်…

ဘယ်မှာနေမှာလဲ ..

ဟနွိုင်းမှာ နေရမယ့်နေရာကတော့ အစားအသောက် ဟိုတယ်..shopping..တွေပေါ လည်စရာတွေနဲ့ လဲနီးတဲ့ old quarter မှာပဲ နေသင့်ပါတယ်.ဓါတ်ပုံတွေထဲပါပါနေတဲ့ နာမည်ကျော် hoan Kien ရေကန် ကြီးနဲ့ ကပ်ရက် မှာရှိလို့ အရမ်းကို သာယာပါတယ်..တစ်ခုနဲ့တစ်ခုဆက်နေတဲ့ဟိုတယ်တွေ..လမ်းကျဉ်းလေးတွေ..ဈေးဆိုင်တွေ..အကျီင်္ဆိုင်တွေ..လမ်းဘေးစာတွေ..travel agent တွေ..tourist တွေ.. ဆိုင်ကယ်တွေ နဲ့ ဒီ old quarter ကို ရောက်ရင် ကိုယ့်ရပ်ကွက် ထဲကိုယ် ပတ်နေရသလိုပါပဲ.. ဒီနားမှာနေလိုက်ရင် ကိုဟနွိုင်းမှာ၇ှိတဲ့ လည်စရာ အားလုံး ကုန်သွားပီလို့ မှတ်ယူလို့ရအောင် အားလုံးဟာ အနီးအနား ကိုလမ်းလျောက်ထွက်လိုက်ရုံပါပဲ..ဟလောင် ကိုသွားလည်တဲ့ နေ့ရယ် လေဆိပ်ပြန်တော့မှ ပဲကားစီးရတော့မှာပါ..ကိုယ်တွေ နေခဲ့တဲ့ ဟိုတယ်ကတော့ ထုံးစံ အတိုင်း 35$ ပါပဲ.. ကိုယ်ကတော့ lake view လေးလိုချင်လို့ 40$ တန်အခန်းကိုပြောင်းခဲ့တော့ အားလုံးဝိုင်းပြောကြတာပေါ့ :P အခန်းက နေ lake ကြီး ကို မြင်ရတာ ညဘက်ကျရင် မီးတွေ ထိန်ညီးနေတာ ကိုမြင်ရတာ အရမ်းသဘောကျလို့ပါ.. ဟိုတယ် နာမည်က Artisan Lakeview Hotel တဲ့ ..မြေပုံ ထဲမှာကြည့်ပြီး lake နဲ့အနီးဆုံးကိုယူလိုက်တာ..service လဲတော်တော်ကောင်းပါတယ်..breakfast လဲ buffet ကိုမှတော်တော် ကိုစုံတယ်..မျက်စောင်းထိုးမှ 7eleven ရှိလို့ တော်တော့်ကိုအဆင်ပြေတယ်..

ဘယ်တွေလျောက်သွားမလဲ

ဟနွိုင်းမှာ ကလည်စရာ သိပ်မ၇ှိလှဘူးရယ်..ကိုယ်တွေ ဈေးပဲဝယ်ချင်နေတာလဲပါတာပေါ့လေ.. museum တွေဘာတွေလဲ လူငယ်တွေကြီးပဲ ဆိုတော့ ပျင်းတယ်ဆိုပြီး မသွားကြဘူး..လမ်းလျောက်..တွေ့သမျှ မုန့်ဝယ်စား ကော်ဖီဆိုင်ထိုင် ..ဈေးပတ်နဲ့ ပဲ ကို အချိန်က မလောက်ဘူးရယ်.. မနက်ပိုင်းဆိုရင်တော့ မြန်မာပြည်က ဆိုက်ကားလို မျိုးကို သူတို့ နောက်ကနေ နင်း ကိုယ်ကရှေ့ကနေ အမိုးလေးနဲ့ စီးရတဲ့ဟာလေး ကန်တစ်ပတ် ကိုပတ်စီးပေါ့ ..ပြီးရင် ကန်ထဲက တံတားအနီလေးမှာလမ်းလေးလျောက်..သွားလည်ချင်သေးရင်တော့ one pillor pagoda ကိုသွားလည်လို့ရတယ်.. သူကတရုတ် ဘုံကျောင်းပုံနဲ့ အထဲမှာလဲ ဥယျာဉ်လေးနဲ့ ဆိုတော့တော်တော်သာယာပါတယ်.. အဓိက သွားလည်ရမှာတော့ ဟလောင်ဘေးပါပဲ .. တချို့ကတော့ Ninh Bin ကိုပါသွားလည်ကြတယ်.. ကိုယ်တွေကတော့ လုံးဝမကြိုက်ဘူးရယ်.. ဟလောင်ဘေးနဲ့ သိပ်မကွာ တဲ့အပြင်နေပူနေရင် ထီးကြီးဆောင်းပြီး လှေလေးတွေပေါ်လိုက်သွားရတာ ..ဓါတ်ပုံထဲမှာသာ ဟိုးးအပေါ်က နေရိုက်ထားလို့ လှနေတာ..ကိုယ့်ဟာဆို အဲ့လောက် မလှသလိုပါပဲ.. ဟလောင်ဘေးမှ သေချာလည်ပြီးရင်တော့ အဲ့ဒီကို တစ်ရက်လုံးလုံးအချိန်ပေးပြီးမလည်ချင်တော့ဘူးရယ်..

ဟလောင်ဘေး ကိုသွားလည်မယ်

ဟနွိုင်းကနေ 185km ဝေးတဲ့ ဟလောင်ဘေးကို သွားလည်မယ်ဆိုရင်တော့ ဟနွိုင်းကနေ တစ်ခါတည်း tour package လိုက် ၀ယ်သွားဖို့ အကြံပေးချင်တယ်..အချိန်ကုန်သက်သာတဲ့ဈေးလဲသိပ်မကွာ သူတို့စီစဉ်တဲ့ အတိုင်းဇိမ်နဲ့ လိုက်သွားရုံပါပဲ.သွားလည်ချင်ရင်တော့ နှစ်မျိုးရှိတယ်. ပထမက နေ့ချင်းပြန် တဲ့တိုး ..သူက ဟိုတယ် ကိုမနက် ၇ခွဲလောက် ကားနဲ့လာကြိုတယ် ..ဂိုက်တွေ.နေ့လည်စာတွေပါပြီးသားကို မှ တယောက် ကို 30$ လောက်ရှိမယ်. လူများရင်တော့ ကိုယ့်လူကြီးပဲ သွားလို့ရတယ် 40$လောက်တော့ကျမယ်..ဟနွိုင်းကနေ ဆို ၄နာရီလောက်ကားမောင်းသွား ဟိုပေါ်မှာနေ့လည်စာစား .သဘောင်္ပေါ်ကနေ အရမ်းလှတဲ့ရူခင်းတွေ ကြည့် .နောက်ပြီး ကနူးစီးလို့ရတဲ့ နေရာရောက် ရင်သူတို့ရပ်ပေးတယ်..ကနူး သို့မဟုတ် လှေစီးလဲရတယ..တစ်ယောက် ကို 7$ ပေးရတယ်.. ကိုယ်တွေကတော့ သိတဲ့ အတိုင်း ကို့ဟာကို လှော်တယ်.. နောက်ပြီး ရင် အရမ်းလှတဲ့ ဂူတစ်ခုကို လဲသူတို့ ပို့ပေးသေးတယ်.. လှေကားတွေ အများကြီးနဲ့ တက်ပြီး အပေါ်ကနေ ပင်လယ်ထဲကို ကြည့်ရတာ တော်တော်လေးကို မိုက်ပါတယ်..ည ၇နာရီလောက်မှ ဟိုတယ်ကိုရောက်တယ် ..သဘောင်္ပေါ်မှာကျွေးတဲ့နေ့လည်စာကလဲတော်တော်လေးကောင်းတယ်.. seafood တွေကြီးပဲ..များလဲတော်တော် များတယ်.. ရေတော့ဝယ်သောာက်ရတယ်..ဖြစ်နိုင်ရင် အပြင်ကနေေ၇ဘူးများများဝယ်သွားတာကောင်းတယ် ..ဒီနေ့ချင်းပြန်ခရီးစဉ်က အချိန်မရတဲ့လူတွေ အတွက်အဆင်ပြေပေမယ့် ပင်တော့ပင်ပန်းတယ်..အသွားအပြန်ပု ၈နာရီလောက်ကြာတယ်ဆိုတော့ ဟိုမှာလည်ရတာသိပ်မ၀သလိုပါပဲ နောက်ထပ် တစ်မျိုးလည်လို့ရတာကတော့  ပင်လယ်ထဲမှာ ညအိပ်ဖို့ပါပဲ ..ပထမ ကိုယ်ထင်ထားတာ သဘောင်္ကြီပေါ်မှာညအိပ်ရတာ ပျင်းစရာကြီး ပြီးတော့ကြောက်စရာကြီးပေါ့လို့ ..နောက်တစ်ခုက ဘယ်နိုင်ငံ ရောက်ရောက ညဘက်ဆိုရင် သိပ်မအိပ်တတ်ပဲ night life လျောက်သွားတတ်လို့ ဒီလိုမျိုးအငြိမ်ဇယား ကြီးနဲ့ နေရမှာကို သိပ်ပြီးသဘောမတွေ့လှဘူး..ဒါပေမယ့် အတွေ့အကြုံလဲရအောင် စမ်းကြည့်ချင်တာ နဲ့ တစ်ညအိပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်..သူလဲတူတူပါပဲ ဟနွိုင်းမှာ ထဲက တိုး ၀ယ်လာခဲ့လို့ရတယ် .. ကိုယ်စီးမယ့် သဘောင်္ရဲ့ star ပေါ်မှာမူတည်ပြီးဈေးကွာတယ်..အနည်းဆုံ 70$ လောက်ကနေစတယ်..ကိုယ်တွေစီးခဲ့တာကတော့ 3star ပါပဲ 80$ ပေးရတယ်..သူလဲဟိုတယ်မှာမနက်လာကြို ဟိုမှာနေ့လည်စာ ရောညစာ အပြင်နောက်နေ့ အတွက်မနက်စာပါပါတယ်..ညစာဆိုလဲကောင်းမှကောင်း BBQ တွေသဘောင်္ပေါ်မှာတခါတည်းကင်ပေးတာ.. ညအိပ်မယ့် သဘောင်္ဆိုတော့ လည်စရာတွေ များလာတယ်..ဂူတွေ နှစ်ခုလောက်ပို့တဲ့အပြင်.beach တွေမှာပါ ရေကူးလို့ရအောင်ကို ရပ်ပေးတယ် beach ကလဲလှသလားမမေးနဲ့ သဲဆိုတာဖြူဖွေးပြီး ရေကလဲကြည်တောက်နေတာပဲ..ညဘက် သဘောင်္ပေါ်မှာလဲ ဘားအသေးစားလေး၇ှိလို့ သူငယ်ချင်းတွေနဲ့ ထိုင်သောက်ပြီး တခြား နိုင်ငံသားတွေနဲ့ မိတ်ဆက်ရင်းစကားပြော တစ်ဝါးဝါးနဲ့ အဖွဲ့တွေကျ ဆိုတော့ ပျင်းဖို့တောင်အချိန်မရဘူးရယ်..နောက်နေ့မနက်နိုးတော့ ထိုက်ကျိ သင်ပေးတဲ့ဆရာလဲရှိလို့ စောစောစီးစီး ပင်လယိပြင်ကျောက်ဆောင်တွေကြားမှာ ထိုက်ကျိကစား (အမှန်ကလျောက်လုပ်တာ) တော်တော်ပျော်စရာကောင်းတယ်..မလုပ်တတ်လုပ်တတ်နဲ့ တော်တော်ရီရတယ်.. မနက်ခငိး ကျောက်ဆောင်တွေ ကြားကနေထွက်လာတာကိုကြည့်ရတာ လဲဘာနဲ့မှမလဲနိုင်တဲ့ခံစားမူပါပဲ..ကမ္ဘာ အံဖွယ်ထဲမှာပါတဲ့ အလှတရားတွေကြားထဲ နိုးထလာရတယ်ဆိုတဲ့ အသိနဲ့တင် ဒီနေရာလေးမှာ ညအိပ်ခဲ့ရတာ လုံးဝ တန်တယ်လို့ခံစားမိမှာပါ..
ဒီဟလောင်ဘေး tour package တွေက်ု မိမိတို့တည်းနဲ့ ဟိုတယ်ကနေ၀ယ်လို့ရသလို ကိုယ်နေတဲ့ ဟိုတယ် အနီးအနားမှာလဲ tour agent တွေအများကြီးမို့ မေးပြီးဝယ်လိုက်ရုံပါပဲ..အားလုံးဟာ အသွားအပြန် အကြိုအပို့ နေ့လည်စာ ညအိပ်တဲ့သဘောင်္ဆိုလဲ ညစာမနက်စာပါပါပြီးသား မို့ ဈေးတွေလဲ သိပ်မကွာလှလို့ ကြိုက်တဲ့ဆီက ၀ယ်လိုက်ရုံပါပဲ

ဗီယက်နမ် အစားအသောက်တွေ

ဟနွိုင်းကို နောက်ထပ် ကြိုက်ရတဲ့ အချက်ကတော့ အစားအသောက်တွေ အရမ်းပေါတဲ့ အပြင် ဗီယက်နမ် မှာ ဆိုမြောက် ပိုင်းအစားအစာတွေ က စားလို့အကောင်းဆုံး ဆိုပြီး ဗီယက်နမ်သူငယ်ချင်းကပြောလို့ ဟိုလျောက်စား ဒီလျောက်စား တာ ..သူပြောတာ လုံးဝကို မမှားဘူးလို့ မှတ်ချက်ချမိတယ်.. ဗိယက်နမ်ရောက်ရင် မစားမဖြစ်ကတော့ PHO လို့ ခေါ်တဲ့ အသံထွက်ရင် FHAR လို့ထွက်တဲ့ ဗီယက်နမ်ခေါက်ဆွဲကတော့ မစားမဖြစ်ပါပဲ..အမဲသားပြုတ်ရည်နဲ့ အရွက်တွေ အများကြီးထည့်စားရတဲ့ ဒီ Pho ကတော့ အမဲသားမစားတဲ့ကိုယ်တောင် မနေနိုင်ပဲ စားမိတဲ့အထိ ကိုကောင်းလှပါတယ်..နောက်တစ်ခုကတော့ MZ ဟိုတလောက ဗီဒီယို ဖိုင်တင်ပေးဖြစ်တဲ့ အိုဘားမာ လာတုန်းက စားသွားတဲ့ BUN CHA လို့ခေါ်တဲ့ မုန့်ဖတ်နဲ့ ၀က်သားတွဲ ပြီးစားရတဲ့ ဘွန်ချာလို့ အသံထွက်တဲ့ ဒီအစားအစားဟာလဲ ဗီယက်နမ်ရောက်ရင် မစားပဲ ပြန်မလာသင့်ပါဘူး..နောက်ပြီး spring roll လို့ခေါ်တဲ့ နည်းမျိုးစုံနဲ့ လိပ်ထားတဲ့ ကော်ပြန့်လိပ်တွေရယ်.ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဗီယက်နမ်ဟာ ပြင်သစ်စာတော်တော် များများကိုလဲ ဗီယက်နမ်စတိုင် နဲ့ပြုလုပ်ထားလို့ ကိုယ်တွေ အာရှပါးစပ်နဲ့ကတော့ တော်တော်လေးကိုခံတွင်းလိုက်ပါတယ်.. အဲ့ဒီထဲကမှဲ့ Banh Mi လို့ခေါ်တဲ့ ပါမုန့်ကြားမှာ ၀က်အသဲကိုခြေထားပြီး အနှစ်ပြုလုပ်ထားတဲ့ အရွက်တွေ သခွါးသီးတွေ ညှပ်ထားတဲ့ ဒီပါမုန့်ကတော့ ကိုယ့်ရဲ့ အသဲစွဲပါပဲ လမ်းဘေးတွေမှာရောင်းချနေပြီး တစ်ခုမှ 1$ ဈေးပေါတဲ့အပြင် တစ်ခုစားရင်ကို ၀အီနေတာ မို့အရမ်းတန်ပါတယ်.ဗီယက်နမ်ကော်ဖီဟာလဲ မသောက်မဖြစ်ပါပဲ..ကော်ဖီဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်လျောက်ထိုင် ပြီး အကြိုက်ဆုံးကတော့ အခုမှသောက်ဖူးတဲ့ egg-coffee ကတော့ တကယ့်ကို သွားရောက်မြည်းစမ်းကြည့်သင့်တဲ့ထဲမှာပါပါတယ်.အပူနဲ့အအေးနှစ်မျိုးရတဲ့ ဒီကော်ဖီ ဟာ မသောက်ခင်ကတော့ ဟင်… ကြက်ဥကြီးနဲ့ ပျစ်နှစ်နေတာပဲ ဘာကြီးမှန်းမသိဘူး လို့ထင်ခဲ့ပြီး ..သောက်ကြည့်လိုက်မှ .. ဟိုက်ရှားပါးး..ကောင်းလိုက်တာ ..အနှစ်တွေ ကြီးပဲဆိုတာ ဒါဘာလား လို့ ခံစားမိစေတယ်..နှစ် ငါးဆယ်ကျော်ရှိပြီဖြစ်တဲ့ ဒီ egg coffee ဆိုင်ကတော့ lake ဘေးကလမ်းကနေ ပဲသွားရတာပဲ..(ပုံမှာလိပ်စာရေးပေးထားပါတယ် )

ညဘက်ကို ဘယ်လိုအချိန်ဖြုန်းမလဲ

Weekend မှာ ဟနွိုင်းကိုရောက်ရင်တော့ ညဈေးလေးကပတ်လို့တော်တော်ကောင်းတယ် မုန့်တွေလျောက်စားမလား အမှတ်တရပစ္စည်းလေးတွေ ၀ယ်မလား အ၀တ်အထည်တွေဈေးပေါပါ နဲ့ဝယ်မလား အားလုံးရတယ်.. old quarter နားမှာပဲရှိလို့ ကိုယ်တည်းတဲ့ဟိုတယ်ကိုသာ ဘယ်လိုသွားရမလဲ လမ်းညွန်ခိုင်းလိုက်ရုံပါပဲ.. နောက်ထပ် ကိုယ်အကြိုက်ဆုံး နံပါတ်တစ် နေရာကတော့ Bia Hoi Junction လို့ခေါ်တဲ့ old quarter မှာပဲရှိတဲ့ လမ်းကျဉ်းလေးပါပဲ ..ကားဝင်လို့မရတဲ့ ဒီလမ်းဟာတော်တော်လေးကိုရှည်ပါတယ် Ta Hien လမ်းပေါ်နဲ့ နဲ့ Ngoc Quyen လမ်းထောင့်မှာ တည်ရှိပါတယ် .. ဘန်ကောက်က ခေါက်ဆန်လမ်းလိုမျိုးပေမယ်. သူကတော့ အဲ့ဒီထက်တောင်ပိုမိုက်တယ်လို့ ဆိုရမယ်..လမ်းကကျဉ်းတော့ လူတွေ ပိုပြီးကျိတ်ကျိတ်တိုးနေသလိုမျိုးလဲ ခံစားမိတယ်..ထိုင်ခုံပုလေး တွေနဲ့ အဲ့ဒီပေါ်မှာ ထိုင်လဲထိုင်..စားပွဲလဲဒါပဲ ပြုလုပ်ထားပါတယ်..လမ်းလေးခွဆုံထိပ်ကနေစပြီးဝင်သွားနိုင်ပြီး လမ်းမပေါ်မှာထိုင်နိုင်သလို ဘေးတစ်ဘက်တစ်ချက်စီမှာ ဘားတွေ ကလပ်တွေကလဲတောက်လျောက်ပါပဲ..နောက်ထပ်ဆက်လျောက်သွားပြီး အဆုံးလောက်မှာတော့ စားသောက်ဆိုင် တန်းကြီးကလဲ ဘာစားချင်လဲ ..ဗီယက်နမ်စာ..ကိုရီးယားစာ လား..အကင်လား seafood လား စသည်ဖြင့် ညစာပါဒီမှာ တစ်ခါတည်း စားပီးမှ ဒီဘက်ထဲ ပြန်လာလဲ အေးဆေးပဲ.. ဘီယာတွေဈေးပေါချက် ကလဲ တစ်ခွက်မှ မြန်ငွေ ၈၀၀ လောက်ပဲရှိတယ်..အမြည်းတွေကလဲ ဆန်းဆန်းပြားပြားနေကြာစိတွေ ထမင်းချိုးကြော်တွေနဲ့..မိုက်မှမိုက်.. shisha တွေကလဲ ဈေးအတော်ကိုပေါတာ တစ်အိုးမှ ၉၀၀၀ လောက်ပပြေးရတယ်.. ငါးယောက် ဘီယာတွေ တစ်မုန်းသောက် အမြည်းတွေမှာ shisha တွေ မှာမှ အားလုံးပေါင်း ၂သောင်း လောက်ကျတာရယ်.. သောက်ပြီးတာ နဲ့ တန်းစီနေတဲ့ ကလပ်တွေထဲ ၀င်ကြတာ အပြင်ကကြည့်တော့ ၀င်ပေါက်က ကျဉ်းကျဉ်းလေဆိုတော့ သေးသေးလေးလို့ထင်နေတာ အထဲရောက်မှ နှစ်ထပ် တွေ နဲ့ အကျယ်ကြီးတွေ ကြီးပဲ ..DJ တွေကလဲ ohh la la ..မိုက်မှ မိုက်.. အလည်မှာ ဘားခုံ အကြီးကြီး ကနေ ကိုယ်သောက်တဲ့ဟာမှာရုံပဲ..ဈေးလဲ သိပ်မကြီးဘူးရယ် ..bar tander တွေကလဲ အမိုက်စားနော်..တစ်ချက်တစ်ချက်.ပုလင်းတွေမှာ မီးတွေ တပ်ပြီး ကစားပြသေးတယ်..တခါတလေ.. vodka ပုလင်းတွေ ကိုင်ပြီး ဒီအတိုင်း ကို အပေါ်ကနေ လိုက်တိုက်ကြတာ ပျော်စရာကြီး..၀င်ကြေးမပေးရတဲ့ အပြင်..အလကားပါတိုက်တဲ့ ဒီကလပ်တွေ ကို ကိုယ်တွေ အသေကြွေတာပေါ့ ဟနွိုင်းမှာရှိတဲ့ နှစ်ညလုံး အဲ့ဒီလမ်းမှာ ကြီးပဲ..ပိတ်မှ ကိုပြန်ကြတာာ.. တစ်ညလုံးသုံးမှ 15$ လောက်ပဲ ကုန်တယ်.. အပြန် ဗိုက်ဆာရင် လမ်းဘေးက binh Mi ပေါင်မုန့်လေး ၀ယ်ကိုက်ပြီး စကားတစ်ပြောပြောနဲ့ ဟိုတယ်ပြန်လာရုံပဲ ..

ကဲ..ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ဟနွိုင်းနဲ့ ဟလောင်းဘေးကိုသွားလည်ချင်ရင် သောကြာနေ့ည ၇ နာရီ ထွက်တဲ့ Vietnam Airlines ကိုစီး ပြီး တနလာင်္နေ့ညနေ.. ၆နာရီနဲ့ပြန်လာ..ရောက်ရောက်ချင်း ညဟနွိုင်းမှာ တစ်ည အိပ်..နောက်နေ့ ဟလောင်ဘေးတစ်ည အိပ်ခရီးစဉ် အတွက် ကို ဟိုတယ်မှာ ၀ယ်ထား မနက် အထုပ်အပိုးပြင်ပြီးရင် သူတို့လာခေါ်တဲ့ကားနဲ့ လိုက်သွား .ဟိုမှာ တစ်ညအိပ်.. နောက်နေ့ညနေပိုင်းလောက်ပြန်ရောက် ဟနွိုင်း old quarter ထဲလျောက်ပတ် ဈေးဝယ်မုန့်စားး..ညဘက် ညဈေး ခဏပတ်..ပြီးရင် Boi Hoi junction ကိုသွားကဲ.. မနက် ကို တော့ကျုံးရုံးထ .ဆိုက်ကားလေးတွေ နဲ့ ကန်ကို ပတ် ..egg-coffee လေးသောက်.. အိုဘာမားရဲ့ ဘွန်ချာလေးမှာ နေ့လည်စာစား..ပြီးရင် one pallor pagoda လေးခနသွားဖူးပြီးရင် လေဆိပ်ကို နေ့လည် ၂နာရီ ခွဲလောက် အရောက်သွား.. အားလုံးကွက်စတိပဲနော်.. ဟိုတယ်ခရယ်..ဟလောင်ဘေး ၁ည အိပ် package ရယ်..airport အသွားအပြန်ကားခရယ်..ဟိုစားဒီစားရယ် ..nightlife မှာ ဘီယာသောက်လိုက်ပါအုန်း အဲ့ဒါမှ 200$ လောက်ကုန်တာ ..Shopping ထွက်ချင်ရင်သာ ပိုက်ပိုက်များများထည့်ခဲ့ ..မိန်းကလေး အ၀တ်အစားတွေ ဆိုတာ စွန်းကို ပေါတာ ..H&M , Zara , Mango နဲ့ တခြား နာမည်ကြီး Brand ပေါင်းစုံကို သူတို့ကတော့ outlet လို့ပြောတာပဲ..အားလုံး တစ်ပုံစံထဲရယ် .ဟိုမှာ ထွက်တဲ့ ဒီဇိုင်းသူတို့ကထွက်နေပြီ..ဈေးကလဲ အသေပေါတာ..ဂါဝန်တစ်ထည်မှ ၈ထောင် ၉ ထောင်ရယ်.. ကိုယ်တွေဆိုပြန်တော့ အိတ်တောင် မဆန့်ချင်တော့ဘူး ..ဖိနပ် တွေ..အမှတ်တရ ပစ္စည်းတွေ ဆိုတာလဲ ၀ယ်ချင်စရာကြီးပဲ.. ဘာပဲ ပြောပြော ဘန်ကောက် မှာ shopping ထွက်လို့ ငြီးငွေ့လာ ပြီ ဆိုရင် ဟနွိုင်းသာ သွားလိုက်တော့.. မရောက်ဘူးတဲ့နေရာ တစ်ခုလဲ လည်ပြီးသားဖြစ်မယ်. အစားအသောက် ကောင်းတွေနဲ့ ..သွားရတာ တန်လိုက်တာ ကျေနပ်လိုက်တာ လို့ ခံစားမိမှာ အသေအချာ ပါပဲရှင်..



No comments:

Post a Comment