Friday, August 12, 2016














Kandawgyi Palace Hotel
ရေကူးကန်က ကန်တော်ကြီး ကနေ ညနေ နေ၀င်ချိန်ရှုခင်းကို ကြည့်ရှုပြီးတိတ်တိတ်ဆိတ်ဆိတ်နှင့် အပန်းဖြေနိုင်ပါတယ်။ မေလအတွက် Promotion အနေနဲ့ ညနေ ၁ နာရီခွဲမှ ၃ နာရီခွဲအထိ (တနင်္လာနေ့မှ သောကြာနေ့အထိ) ဘီယာနှင့် အချိုရည်များကို (Buy 1 Get 1 Free) ရရှိနိုင်ပါတယ်။

ကန်ရိပ်သာလမ်း၊ ကန်တော်ကြီးကန်အနီးမှာ တည်ရှိပါတယ်။

Governor's Residence
ကိုလိုနီခေတ် Design နဲ့ ညနေ စိမ်းလန်းစိုပြေတဲ့ ရေကူးကန်ပါ။ တစ် ယောက် ဒေါ်လာ ၃၀ ကျပါတယ်။ အခွန် အခနဲ့ လုပ်အားခ မပါဝင်ပါဘူး။ Spa Treatment လုပ်မယ်ဆိုရင် ၃၀% ထပ်လျှော့ပေးပါသေးတယ်။ နံနက်၊ နေ့လည်စာ အပြင် အအေးအဖြစ် (ကော့တေး၊ ၀ိုင်သို့မဟုတ် ဘီယာ) ကတော့ တစ်ယောက် ၇၉ ဒေါ်လာ ကျပါတယ်။ နံနက် ၈ နာရီမှ ညနေ ၅း၃၀ ထိ ဖြစ်ပါတယ်။

အမှတ် ၃၅၊ တော်ဝင်လမ်းကြီး၊ အမေရိကန်စင်တာအကျော်

Rose Garden

နေချင်စဖွယ်ဖြစ်အောင်ဆောက်ထားတဲ့ Rose Garden ရဲ့ အတွင်းမှာ ရှိတဲ့ ဒီရေကူးကန်အတွင်းမှာ အနောက် တိုင်း အစားအစာတွေ ရနိုင်ပါတယ်။ ရေကူးမယ်ဆိုရင်တော့ ဒေါ်လာ ၂၀ ကျသင့်ပါတယ်။ အစားအသောက်ကုန် ကျစရိတ်အဖြစ် ဒေါ်လာ ၁၀ ပါဝင် ပြီးဖြစ်ပါတယ်။ ရေကူးကန်ကအတော် နက်ပြီး ကျယ်ဝန်းပါတယ်။ ရေကူးအား ကစားပြုလုပ်လိုသူများအတွက် အထူး သင့်လျော်ပါတယ်။

အမှတ် ၁၇၁၊
အထက်ပန်းဆိုးတန်းလမ်းမ

Jasmine Palace Hotel

ဒီ Hotel က ပြည်လမ်းရှိ ပြင်သစ်  ယဉ်ကျေးမှုဌာနရှေ့မှာ အသစ်ဖွင့် လှစ်လိုက်တဲ့ ဟိုတယ် ဖြစ်ပါတယ်။ ရေကူးကန်က ငါးလွှာမှာ ရှိပြီး တစ်ဝက်က မိုးလုံ လေလုံတစ်ဝက်က ဥကအိသသမ ဖြစ်ပါ တယ်။ အပေါ်မှနေပြီး မြို့ရဲ့မြင်ကွင်း၊ ရွှေတိဂုံဘုရားကိုလည်း ဖူးမျှော် ကြည့် ရှုနိုင်ပါတယ်။ ရေကူးခ အဖြစ် ဒေါ်လာ ၁၀ ကျပါတယ်။

အမှတ် ၃၄၁၊ပြည်လမ်း၊
စမ်းချောင်း
Park Royal
စိတ်ကူးယဉ်စရာကောင်းလောက်အောင် ရှုခင်းက မလှပေမယ့်လည်း လက်တွေ့  ကျတဲ့ ရေကူးကန်တစ်ခုပါ။ အားကစားလေ့ ကျင့်ခန်းလည်းပါဝင်ပါတယ်။ ဒီမှာတည်းဖို့ စိတ်မကူးရင်လည်း ရေကူးခဒေါ်လာ ၃၀ ပေးပြီးဟိုတယ်ရှိအလတ်စားရေကူးကန် မှာရေ၀င်ကူးနိုင်ပါတယ်။ရေပူစမ်းနဲ့ချိုးရင် လည်းရတယ်။ ၀ိုင်ဖိုင်ကိုလည်း အသုံးပြု နိုင်ပါတယ်။

အမှတ် ၃၃၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့

No comments:

Post a Comment