Friday, August 12, 2016














မြို့ ပြလူနေမှုစနစ်ဟာ သိပ်ကိုရှုပ်ထွေးလှတာနဲ့အမျှ လူသားချင်းတွေ့ဆုံတဲ့နေရာမှာ အချင်းချင်း ပြင်ပရုပ်လက္ခဏာ သွင်ပြင်တွေဟာလည်း အရေးတကြီးဂရုစိုက် ပြုပြင်စရာ ဖြစ်နေပါတယ်ဆိုရင်
ငြင်း မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စတင်ဆုံတွေ့  ကြပြီဆိုရင် ဘာစကားမှ စမပြောကြခင် ရုပ်ရည်ဘယ်လောက် ချောသလဲဆိုတာထက် ဝတ်စားဆင်ယင်မှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ဘယ် လောက်ရှိသလဲလို့ အကဲခတ်စူးစမ်းကြ စမြဲပါပဲ။

မိန်းကလေးငယ်တွေ အကြားမှာ ပြောလေ့ပြော ထရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ ယောကျာ်းတစ် ယောက်ရဲ့ လူနေမှုအဆင့် အတန်းကို အကြမ်းဖျင်းခန့် မှန်းချင်တယ်ဆိုရင် သူ့ရဲ့ ခြေသည်း လက်သည်းတွေကို ကြည့်လိုက်တဲ့။ ကြေးညှော်ကင်းစင်ပြီး တိတိရိရိညှပ် ထားတဲ့လက်သည်း၊ ခြေသည်းပိုင်ရှင် အမျိုးသားတွေကို တခုတ်တရ အမှတ် ပေးချင်ကြတဲ့ မိန်းမသားတွေရဲ့ဗီဇကို အစဆွဲထုတ်ပြီးတွေးလိုက်တော့ လက် သည်းခြေသည်းတွေရဲ့ အရေးပါမှုဟာ ပိုမိုအလေးထားစရာ ဖြစ်နေပါတော့ တယ်။
                                    
ဟုတ်တယ်။ အရေး ပါတယ်။ လှပသပ်ရပ်၊ သန့်ရှင်းမှုအတွက် အရေးပါတယ်။ အဲဒါကလူအများကြားမှာ ကိုယ့်ကိုတခြား သူတွေ လေးလေးစားစားဆက်ဆံပြောဆို မှုကိုရရှိဖို့ အရေးပါတယ်။ အဲဒီမှာ ငြင်း ချက် ထုတ်စရာတစ်ခု ပေါ်လာတာက လက်သည်းခြေသည်း သပ်ရပ်၊ သန့်ရှင်း ပြီး တခြားကိုယ်အမူအယာ၊ နှုတ်အမူ အယာတွေက ရိုင်းပြနေခဲ့ရင်ရော လေး စားခံရပါ့မလားလို့။ ဟုတ်တာပေါ့လေ၊ လူဆိုတာမျိုးက ပတ်ဝန်းကျင်နဲ့ ရှင် သန်ရတာကိုး။ ပတ်ဝန်းကျင်ရဲ့ အသိ အမှတ်ပြုခြင်းခံရဖို့ လူတိုင်းမှာ ဆန္ဒ ရှိကြတာပဲလေ။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးပဲ ရှင်သန်နေထိုင် တတ်ခြင်းဟာ လူ့တန်ဖိုးပါပဲ။ ပတ် ဝန်းကျင်ဆီမှာ အမှတ်လျော့ မနေချင်ကြ တာကိုက လူ့သဘာဝ။ ဒါကြောင့်လည်း အရေးပါတဲ့ လက်သည်းလေးတွေကို မသိချင်ယောင်ဆောင်နေလို့ မဖြစ်တော့ ဘူး။ ရှင်းသန့်လှပတဲ့ လက်သည်းတွေကို မိတ်ဆွေရဲ့ အသိုင်းအဝိုင်းမှာ ချပြကြရ အောင်။ အဲဒါက မိတ်ဆွေအတွက် မိမိကိုယ် မိမိယုံကြည်စိတ်ချမှုရှိခြင်းကို တည်ဆောက်ပေးလိမ့်မယ်။

လက်သည်းတွေမညီမညာဖြစ်ပြီး ကြေးတွေနဲ့ဖြစ်နေရင်တော့ကာယကံရှင်ရဲ့လိုအပ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဆုတ် ပြည်တည်တဲ့ရောဂါ၊ အသည်းခြောက်တဲ့ ရောဂါ၊ နှလုံးအမြှေးရောင်တဲ့ရောဂါ၊ သံ ဓာတ်စုပ်ယူမှု အားနည်းပြီး သံဓာတ်ချို့ တဲ့ တဲ့ရောဂါ၊ လက်ဖျားခြေဖျား သွေး လျှောက်နည်းတဲ့ရောဂါ၊ သိုင်းရွိုက် ဟော်မုန်းအထွက်လွန်ကဲတဲ့ရောဂါ၊ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့ရောဂါ စတဲ့ ကိုယ်တွင်းရောဂါတွေကြောင့် ကျိုးကြေပဲ့ရွဲ့ကွဲအက် ဝါဖန့် ညိုပုပ်နေ တဲ့လက်သည်းတွေ ဖြစ်လာနိုင်တယ်ဆို တာကို သိထားသင့်ပါသေးတယ်။ ပြီးတော့ လက်သည်းမှိုစွဲတဲ့အတွက်
ကြောင့်လည်း လက်သည်းပျက်စီး တတ်ပါတယ်။

လက်သည်းဟာ သုံးလအတွင်း တစ်စင် တီမီတာနှုန်း ရှည်နိုင်ပြီးတော့ ခြေသည်း ရှည်ထွက်နှုန်းဟာ အဲဒါထက် သုံးလနှေး တယ်လို့ သိရပါတယ်။ ဒါကြောင့် ပျက် စီးနေတဲ့လက်သည်း၊ ခြေသည်းကို အ ကောင်း ပကတိဖြစ်လာအောင် အချိန်ယူ ရတော့မှာပါ။ ခြေသည်းလက်သည်းက ပျက်စီးစပြုပြီဆိုတာနဲ့ စတင်ဂရုစိုက် သင့်နေပါပြီ။ မခက်ခဲပါဘူး။ အိမ်မှာ နေရင်း အလွယ်တကူဂရုစိုက်လို့ရပါ တယ်။

လွယ်လွယ်လေးပါ။ ရေနွေးနွေးလေးထဲမှာ ဆားထည့်(ဆားခါးဆိုရင်အကောင်းဆုံးပါပဲ) ပြီး ၁၀ မိနစ်လောက် စိမ် ထားရပါမယ်။ ပြီးတဲ့အခါကျမှ လက် သည်းညှပ်ထက်ထက်ကလေးနဲ့ ဂရု တစိုက်ညှပ်ရပါမယ်။ ခပ်တုံးတုံးလက် သည်းညှပ်တွေဟာ လက်သည်းထိပ်တွေ ကို ဖွာထွက်၊ ကွဲအက်စေတတ်တယ်။ လိုအပ်တယ်ဆိုရင် အသားမာတွေကို လည်း ရှင်းလင်းနေအောင် ညှပ်ရမယ်။ ပြီးတော့ ဖော့အကြမ်းတုံးနဲ့ ပွတ်တိုက် ပစ်ဖို့ လိုပါတယ်။ အဲဒီနောက်မှာတော့လက်သည်းထိပ်တွေကို သံပုရာသီး (မရှိရင် ရှောက်သီး၊ သံပယိုသီးလည်း ရပါတယ်)နဲ့ ၁၀ မိနစ်လောက်ကြာအောင် ပွတ်တိုက်ပေးရပါမယ်။ ပြီးတဲ့အခါမှာ ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေးလိုက် ရုံပါပဲ။

အဲဒီလိုလေး တစ်ပတ်တစ်ခါ လုပ်ပေး မယ်ဆိုရင်တော့ မိတ်ဆွေရဲ့ ပျက်စီး နေတဲ့ ခြေသည်းလက်သည်းတွေ တဖြည်း ဖြည်း ပြန်ကောင်းလာမှာဖြစ်ပါတယ်။ ပျက်စီးမနေဘူးဆိုရင်လည်း ကြည် စင်တောက်ပအောင် ထိန်းသိမ်းဖို့ လုပ်သွားသင့်တဲ့နည်းပါပဲ။ ကျန်းမာ ကြည်လင်သန့်စင်လှပတဲ့ လက်သည်း ခြေသည်းတွေနဲ့ လူရှေ့သူရှေ့မှာ ယုံယုံ ကြည်ကြည် ရှင်သန်နေထိုင်ကြရတာ ပို မကောင်းပေဘူးလား မိတ်ဆွေ။     ။


No comments:

Post a Comment