Friday, August 12, 2016














အခု ရန်ကုန်မြို့ရဲ့ Dining Scenes တွေနဲ့ လူငယ်၊ လူလတ်တွေ ကြားထဲမှာ Myanmar Vineyard Estate ရဲ့ Aythaya ဝိုင်က တော်တော်လေး နာမည်ရလာပါတယ်။ အဲဒီစပျစ်ဝိုင်ခြံကထွက်တဲ့ Aythaya ၊ Monte Vinoဝိုင်အမျိုးအစားတွေ၊ Fruitty ဘရန်ဒီ၊ Sparkling Rose ဝိုင်နဲ့ ဝိုင်ချို (Desert Wine) တွေက ရန်ကုန်မြို့ရဲ့ ရှောပင်းမောလ် တော်တော်များများမှာ မြင်တွေ့နေကြပါ။ ဒီဝိုင်တွေကိုထုတ်လုပ်တဲ့ Myanmar Vineyard Estate ကုမ္ပဏီက နေပြီး ဇူလိုင်လမှာ လာဗေါ်ဒီကာ (La Bodega) အမည်နဲ့ ဝိုင်အမျိုးအစား အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

တောင်အာဖရိက စပျစ်မျိုးနဲ့ ပေါင်းစပ်ထားတဲ့ ဒီသီးသန့် လာဗေါ်ဒီကာ (La Bodega) ဝိုင်ဟာဆိုရင် အစားအသောက်အမျိုးမျိုးနဲ့လည်း လိုက်ဖက်အောင် ပြင်ဆင်ထုတ်လုပ်ထားတာကြောင့် စားသောက်ဆိုင်တွေနဲ့ ဟိုတယ်ဘားတွေ အတွက်လည်း အထူးသင့်လျော်တဲ့ ဝိုင်ဖြစ်ပါတယ်။ ဒီဝိုင်ကို မိတ်ဆက်တဲ့ပွဲမှာ Myanmar Vineyard ရဲ့ မန်နေဂျင်း ဒါရိုက်တာ Bert Morsbach နဲ့ MY Yangon အဖွဲ့တွေ့ဆုံမေးမြန်းဖို့ဖြစ်ခဲ့ပါတယ်။



Mr. Bert Morsbach မြန်မာနိုင်ငံမှာ ပထမဆုံးစပျစ်ဝိုင်လုပ်ငန်းလုပ်ဖို့ ဘယ် လိုဆုံးဖြတ်ခဲ့တာပါလဲ။

ကျွန်တော်မြန်မာပြည်မှာ အော်ဂင်းနစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့ ရောက်လာ တာပါ။ ကျွန်တော်မြန်မာနိုင်ငံကို ၁၉၈၉ ခုနှစ်ကတည်းက ရောက်ခဲ့တာဆိုတော့ နှစ်နှစ်ဆယ်ကျော်ခဲ့ပြီပေါ့။ ၁၉၈၉ ကနေ ၁၉၉၉ အထိဆယ်နှစ်တာကာလအတွင်း ဘန်ကောက်နဲ့ မြန်မာမှာရှိနေခဲ့ပြီး အော် ဂင်းနစ်စိုက်ပျိုးရေးလုပ်ငန်းကို ငါးနှစ် လောက်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် မြန်မာအော်ဂင်းနစ်စိုက်ပျိုးရေးနဲ့ အော်ဂင်းနစ်အစားအစာတွေကို ဥရောပ ဈေးကွက်ထဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အစိုးရစီမံကိန်းအပြောင်းအလဲတွေကြား မှာ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ ရပါတယ်။ မိတ်ဆွေတွေကဒီနေရာကနေ ထွက်လိုက်ဖို့ ပြောကြပေမယ့် ကျွန်တော် မြန်မာနိုင်ငံ    ကို နှစ်သက်လို့ ဆက်နေပြီး ဝိုင်လုပ်ငန်းကို ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကြီးက ကျွန်တော့်ရဲ့ စပျစ်ဝိုင်ခြံက ဆိုရင် မြန်မာပြည်ရဲ့ပထမဦးဆုံးသော စပျစ်ဝိုင်ခြံပါ။



လာဗေါ်ဒီကာဝိုင်အသစ်ကို ဘယ်လိုမျိုး စတင်ထုတ်လုပ်ဖြစ်ခဲ့ပါသလဲ။

ပိုမိုကောင်းမွန်တဲ့ ဝိုင်ကို ဒီထက်ဈေးနှုန်း ချိုချိုနဲ့ ထုတ်လုပ်နိုင်မလားလို့ လူတွေက မေးကြပါတယ်။ ရန်ကုန်က ရှော့ပင်း မောလ်တွေမှာ မရနိုင်တဲ့ဝိုင်မျိုး၊ ဟို တယ်နဲ့ စားသောက်ဆိုင်တွေမှာပဲ သီးသန့် ရနိုင်တာမျိုးပေါ့။ ဒါကြောင့်လာဗေါ်ဒီကာ ဝိုင်ကို မိတ်ဆက်ပေး လိုက်ရတာပါ။

La Bodega ဆိုတဲ့ အမည်ကတော့ စပိန် ဘာသာစကားကနေ ဆင်းသက်လာ တာပါ။ "ဝိုင်ဘား" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တခြားဝိုင်တွေနဲ့ မတူတဲ့ သီး သန့် ဟိုတယ်ဘားတွေနဲ့ ထိပ်တန်းစား သောက်ဆိုင်တွေမှာပဲ ရနိုင်တဲ့ ဒီလာ ဗေါ်ဒီကာကို ထုတ်လုပ်ရတာပါ။ ဝိုင်ကောင်းတွေထွက်တဲ့ တောင်အာဖရိက က စပျစ်မျိုးတွေနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဝိုင်ကုန်ကြမ်းတွေကလည်း အဲဒီကပဲ တင်သွင်း ဖြစ်ခဲ့ပါတယ်။ ဝိုင်ထုတ်လုပ်မှု (Wine Processing) ရဲ့ ၅၀% ကို ဒီရောက်မှဆက်လုပ်ထားတာပါ။ ဈေးနှုန်းကတော့ ဝိုင်တစ်ပုလင်းကို ၉,၅၀ဝ ကျပ်နဲ့ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကိုပေးဖို့ စီစဉ်ထားပါတယ်။ ဒီဈေးနဲ့ ဒီအရသာကို ဘယ်မှာမှ မရနိုင်ပါဘူး။ ဘယ်ဝိုင်မှလည်း ဒီအရသာနဲ့ ဒီလောက် ဈေးမချိုပါဘူး။ ဒီဝိုင်ကို ဝိုင်ချစ်သူတွေနဲ့ မိတ်ဆက်ပေး နိုင်ဖို့ အနံ့အရသာ အများကြီး ပိုကောင်း လာအောင် ကြိုးစားခဲ့ရတာကြောင့် သောက်သုံးတဲ့သူတွေ နှစ်သက်လက်ခံ အားပေးလာကြမယ်လို့ မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဝိုင်ဈေးကွက်ကို ဘယ်လို မြင်ပါသလဲ။

မြန်မာနိုင်ငံမှာ တစ်နှစ်ကိုဝိုင်ပုလင်း တစ်သန်းလောက်ထွက်ရှိပြီး ကျွန်တော် တို့ က သုံးပုံတစ်ပုံ လောက် ထုတ်လုပ်ပါ တယ်။ ကျွန်တော့်ဆန်းစစ်ချက်အရ ဝိုင်ဈေးကွက်ကတော့ ၇၀% လောက်က ပြည်ပကနေတင်သွင်းပါတယ်။ ကျန်ရှိတဲ့၃၀% ကနေ ၄၀% ကို ပြည်တွင်းက ထုတ်လုပ်တာပါ။ ဒါကြောင့် မြန်မာ့ ဝိုင်ဈေးကွက်က လူတွေရဲ့ ဝယ်လိုအား အပေါ်မူတည်ပြီး လျင်လျင်မြန်မြန်ကို ကြီးထွားလာနေပါတယ်။ လတ်တလော စီးပွားရေး မတည်ငြိမ်မှုကြောင့် ဝိုင်ဈေးကွက်က အနည်းငယ် နှေးသွား ပါတယ်။ ဒါပေမဲ့ ဝိုင်ဈေးကွက် အနာ ဂတ်ကတော့ တော်တော်လေးကို အလားအလာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ လူတစ်ဦးက တစ် နှစ်မှာ ဝိုင်တစ်ခွက်လောက် ခန့်မှန်းခြေ သောက်ကြတာ၊ စပိန်၊ ဂျာမနီနဲ့ ဥရောပ နိုင်ငံတွေမှာဆိုရင် လူတစ်ဦးက ဝိုင် ပုလင်း ၃၀ လောက်ကို သောက်နေကြ တာ။ တိုးတက်လာမယ့် လူနေမှုဘဝပုံစံ တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ ထမင်းစား ဝိုင်းတွေမှာ ဝိုင်သောက်ခြင်းက နေရာယူလာမယ်၊ ရိုးရိုးရေထက် ဝိုင်တွေ ကို သုံးလာမယ်ဆိုရင်တော့ မြန်မာ့ဝိုင် ဈေးကွက် တိုးတက်လာဖို့ ရှိပါတယ်။



လက်ရှိ နိုင်ငံခြားဝိုင် တင်သွင်းမှုအခြေ အနေနဲ့ ဈေးကွက် ပြိုင်ဆိုင်မှုတွေက ဘယ်လိုရှိပါသလဲ။

တင်သွင်းဝိုင်ဈေးကွက်က ဒီနှစ်အတွင်း တော်တော်လေးမြင့်တက်လာပါတယ်။ ပြည်ပဝိုင် ကုမ္ပဏီအရေအတွက် ထောင် ဂဏန်းလောက်နဲ့ ကျွန်တော်တို့ ပြိုင်ဆိုင် နေရတာပါ။ ပြိုင်ဆိုင်မှုရှိတာ ကောင်းပါ တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ တော့ ကျွန်တော်တို့ထုတ်လုပ်တဲ့ ဝိုင်ပဲ ရှိခဲ့တယ်။ ခုတော့ နေရာတိုင်းမှာ အပြိုင် အဆိုင် ထွက်ပေါ်လာကြပြီ။ အခြား ကုမ္ပဏီတွေထက် အရည်အသွေး ပိုကောင်း တဲ့ ဝိုင်ကို ပိုမျှတတဲ့ဈေးနှုန်းနဲ့ ကျွန်တော် တို့ရောင်းချပေးနေတယ်လို့ ယုံကြည်ပါ တယ်။



ဝိုင်သောက်သုံးတဲ့ ဓလေ့နဲ့ သိပ်ရင်းနှီးမှု မရှိတဲ့ မြန်မာလူမျိုးတွေကို ဘယ်လို ဝိုင်ယဉ်ကျေးမှုကို မိတ်ဆက်ပေးမလဲ။

တစ်နေ့ကို ဝိုင်တစ်ခွက်၊ နှစ်ခွက်သောက် သုံးခြင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ် ပါတယ်။ ဒီလိုဝိုင်ရဲ့ ကောင်းကျိုးတွေကို မြန်မာလူမျိုးတွေက သိစေချင်ပေမယ့် ငွေကြေးအရ အခုလောလောဆယ် ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အစီအစဉ်တွေ ရှိပါတယ်။
Myanmar Vineyard Estate ကို ပိုင်ရှင် Bert Morsbach ရဲ့ အနောက် တိုင်းစတိုင်ဝိုင်ကို မြန်မာနိုင်ငံမှာ ထုတ် လုပ်ချင်တဲ့ စိတ်ကူးကနေ စတင် ဖြစ်ခဲ့ တာပါ။ ၁၉၉၉ ခုနှစ်မှာ ဝိုင်ကို ချစ် မြတ်နိုးတဲ့ သူနဲ့ သူ့မိတ်ဆွေတစ်စုက တောင်ကြီးမြို့နားက စပျစ်ဝိုင်ခြံကို စတင်စိုက်ပျိုးခဲ့ပါတယ်။ စပျစ်မျိုးတွေကို ဥရောပကနေ တင်သွင်းခဲ့ပြီး ၄ နှစ်ကြာ စိုက်ပျိုးစမ်းသပ်ခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်၊ ဒီဇင်ဘာမှာ ဒီစပျစ်ခြံကနေ ပထမဆုံး ဝိုင်ပုလင်းကို ပြည်တွင်းမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ် မှာတော့ ပြည်တွင်းအပြင် ပြည်ပကိုပါ တင်သွင်းဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment