Sunday, August 14, 2016
















ဗီယက်နမ်က သိပ်လှ တယ်လို့ကိုယ်ပြောရင် မင်းယုံလိုက်ပါ ..

ပျော်ဖို့ကာင်းလွန်းခဲ့တဲ့ .. ဗီယက်နမ်ရဲ့ ညချမ်းခရီးစဉ် ရေးလို့ အပြီးမှာ .ဒီတစ်ခါကတော့ အလယ်ပိုင်းရဲ့ အလှဆုံးသော နေရာလေး နှစ်ခု အကြောင်းကို ပြောပြချင်တယ်.. ရောက်သွားတာ နဲ့ လှလိုက်တာ…ကြည်နူးဖို့ကောင်းလိုက်တာ လို့ ခနခန ရေရွတ်နေမိ မယ့်နေရာလေးတွေပေါ့..

ပထမ ဦးဆုံးပုံလေး စစချင်း မြင်တုန်းက.. ဟယ်လှလိုက်တာ ရဲတိုက် ကြီးတွေ နေရောင် ကြားထဲမှာ တောင် ပေါ်ကဥရောပ မြို့လေး သွားချင်လိုက်တာ …ဘယ်နိုင်ငံကမြို့ပါလဲဆိုပြီး.အရမ်းကို သိချင်စိတ်တွေ များသွားတယ်.. တကယ်တော့ ဒီနေရာ ဟာ ဗီယက်နမ် အလယ်ပိုင်း ရဲ့မြို့တော် ဒါနမ်း လို့ ခေါ်တဲ့ အရမ်းကို စည်ကားတဲ့ ဆိပ်ကမ်းမြို့ ကလေးရဲ့တောင်ပေါ်မှာ တည်ရှိတာပါ..
ဒီ ဒါနမ်း မြို့လေးက တော့ ဗီယက်နမ်ရဲ့ မြောက်ဘက် ဟနွိုင်း မြို့ကြီး နဲ့ တောင်ဘက် ဟိုချီမင်း မြို့ကြီးတို့ရဲ့ အလယ် တောင်မြောက် လမ်းဆုံ နေရာမှာ ရှိနေတာပါ.. အရမ်းကို သာယာ လှပပြီး စင်ကာပူလိုမျိုး သန့်ရှင်းတဲ့ မြို့ အဖြစ် စာရင်း ၀င်တော့ မယ် ဆိုပြီး ဒေသခံ ဧည့်လမ်းညွှန်ကတော့ ပြောပါတယ်.. ဒီမြီု့ဟာ ဆိပ်ကမ်းမြို့ဖြစ်ပြီး ပင်လယ်ကူးသဘောင်္ကြီးတွေ အများ ကြီး ၀င်ထွက်သွားလာနေတဲ့ အပြင် အရမ်းလှတဲ့ Beach တွေ အများကြီး ရှိလို့လဲ ကျော်ကြားပါတယ် ..

ဒါနမ်းဆိုတာ

ဒီမြို့လေး က အရမ်းကို သန့်ရှင်း သပ်ရပ် လှပခေတ်မှီနေ တဲ့ အပြင် သဲဖြူဖြူဖွေးဖွေးနဲ့ တော်တော့်ကို လှတဲ့ ကမ်းခြေများကြောင့် နာမည်ကျော် တဲ့ အတွက် အထူးသဖြင့် ဟန်းနီးမွန်း ထွက်မယ့်စုံတွဲတွေ အတွက် အရမ်းကို သင့်တော် တဲ့ beach resort တွေအများကြီးရှိတယ်.. သူ့ရဲ့ က်းခြေတွေ က ညချမ်း လို စည်ကားပြီး လူတွေ အများကြီး ကမ်းခြေလမ်းမ ကြီးတစ်လျောက် အထပ်အမြင့် ဟိုတယ်တွေတန်းစီနေ တာမျိုးမဟုတ်ပဲ.. ဒီက beach တွေလို့ ကိုယ့်ဟိုတယ် ရှေ့ ကိုယ့် ကမ်းခြေ ပဲ တိတ်တိတ်ဆိတ်ဆိတ် နဲ့ အနားယူ အပန်းဖြေ လို့ ရသလို .. ဘော်ဒါတွေ စုပြီး သွားမယ် ဆိုရင်တော့ family ခန်းလို နှစ်ခန်းတွဲ သုံးခန်းတွဲတွေ မှာ ကိုယ်ပိုင် private pool နဲ့ ဟိုတယ် တွေ မှာ နေရင်တော့ တော်တော်လေးမိုက်ပါတယ်.. ဗီယက်နမ် ရဲ့ ထုံးစံ အတိုင်း အခန်းခ ကတော့ ဈေးမကြီးလှဘူးရယ်..

Bana Hill

ဒီတောင်ပေါ်လေးကတော့ ဗီယက်နမ် အလယ်ပိုင်းရဲ့ oasis လေးပေါ့ .. တောင်ခြေကနေ ကေဘယ်ကား နဲ့ ကို 45 မိနစ်လောက် စီးသွားရတယ် ..အာရှရဲ့ အရှည်ဆုံး ကေဘယ်ကားထဲ မှာ ကို တစ်ခုပါတယ် ..ကေဘယ်ကားစီ ရောက်ဖို့ကိုတောင် စက်လှေကားကို အရှည်ကြီးစီးရသေးတယ် .. ကေဘယ်ကား စီးရတာ တကယ် ကို မိုက်တယ် .. တောင်တွေ တစ်တောင်ပြီး တစ်တောင်ကို ဖြတ်ပြီး တက်သွားတာ ..တိမ်တွေက ကိုယ့်အောက်မှာ ကျန်ခဲ့တာ.. အောက် ကိုငုံ့ကြည့်ရင် လဲ အသဲယားစရာ တောအုပ်တွေ နဲ့ လူသွားလမ်းလေး တွေ ကို သေးသေးလေးပဲ မြင်ရတယ်..ဘယ်လောက်မြင့် သလဲဆိုရင် တ၀က်လောက်လဲ ရောက်ရော နားပါ အူလာ ပါလေရော.. တောင်ပေါ်ကို ရောက်တာ နဲ့ တခါတည်း မြင်ကွင်းရော ရာသီဥတုပါ ပြောင်းသွားတာ ..ကိုယ် တွေသွားတဲ့ အချိန် သူတို့ ဆီရဲ့ နွေခေါင်ခါင် ကို အောက်မှာ တုန်းက ချွေးတွေ ထွက် ပြီး မူးနောက်နောက် ဖြစ်ချင်နေတဲ့ ကိုယ် ဟာ အပေါ်လဲရောက်ရော ရုတ်တရက် ကို အေးစိမ့်စိမ့် ကိုဖြစ်သွားတာ..ဆောင်းတွင်းဆို ဘယ်လိုများနေ မလဲ ဆိုပြီးတွေး လိုက် မိသေးတယ် .. မြင်ကွင်းကတော့ စစချင်းမှာ တင် ပဲရစ် မြို့ရဲ့ Nortre Dame ဘုရားကျောင်း ကြီး အပါအ၀င် အားလုံးဟာ ပြင်သစ်ပုံစံ အဆောက်အဦးတွေ ကြီးပဲ .. ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့တဲ့ ဗီယက်နမ် ဟာ ပြင်သစ် လက်ရာတွေ ကို တော်တော်လေးလဲ ကြိုက်နှစ်သက်ပုံရတယ်.. ပြင်သစ် ကိုခနခန ရောက်ဘူးတဲ့ ကိုယ်တောင် ဒီ အဆောက် အဦးတွေ ကို တစ်နေရာထဲ မှာ ပဲအများ ကြီးတွေ့ရတဲ့ အပြင်..တောင်ပေါ့်မှာ ရောက်နေတဲ့ ခံစားမူရော..တိမ်တွေ ကြားထဲကနေ တောင်တွေ ကို လှမ်းကြည့်ရတာ နဲ့ပေါင်းပြီး အောက်ကိုတောင် ပြန်မဆင်းချင်တော့ဘူးရယ်..ပန်းတွေ ဆိုတာလဲ နေရာတိုင်းမှာ စိုက်ထားတာ..လှလိုက်တာ. ရာသီဥတု ကအေးနေတော့ ပန်းလေးတွေကလဲ လန်းနေတာပေါ့.. တောင်ပေါ်မှာ လှည့်ပတ်သွား..ဓါတ်ပုံတွေ တစ်ဝ ကြီးရိုက်ပြီးရင် indoor ကစားကွင်းလဲ ရှိသေးလို့ ၀င်ဆော့ လို့ရသေးတယ်.. indoor ကစားကွင်းဆိုလို့ သေးသေးလေး မထင်နဲ့ ..စီးစရာတွေ မှ အများကြီး၇ယ်.. Apline coaster လဲ outdoor မှာရှိသေးလို့ အဲဒါလဲ စီးလို့ရသေးတယ်.. သူကတော့ စီးတဲ့ လူများလို့ နည်းနည်းတော့ တန်းစီ ရတယ်..နောက်ပြီး ပြင်သစ် မြို့ငယ်လေးဖြစ်တာ နဲ့အညီ ၀ိုင်တွေ စမ်းသောက်လို့ရတဲ့ ဆိုင်တွေ ..ဥရောပ အစားအစာ ဆိုင်တွေ လဲအများကြီးပဲ.. ကိုယ်တွေ စားခဲ့တဲ့ဆိုင် ဆိုရင် ဥရောပ အစားအစာ ဘူဖေး မှ တစ်ယောက် ကို 10 $ ပဲ ပေးရတယ်.. စားပြီးတော ၀ိုင်တွေ သွားသောက် ..ရီဝေေ၀ ..ရာသီဥတုအေးအေး နဲ့ ဓါတ်ပုံတွေ လျောက်ရိုက်ကြတာ .နောက် ပြီး ဥရောပ ၀တ်စုံတွေ နဲ့ parade လှည့်ကြတာ လဲ အရမ်းကြည့်လို့ကောင်းတာ. အပေါ်မှာ တင် လေးနာရီလောက် ကြာအောင် အချိန် ဖြုန်းခဲ့တယ်.. Danang လေဆိပ် ကနေ တောင်ခြေ ကို မိနစ်လေးဆယ်လောက် ပဲမောင်းရပြီး တောင်ခြေမှာ လက်မှတ် တန်းဝယ်လဲ ရတယ် တစ်ယောက် ကို 25US$ ပဲပေးရပါတယ်..ကေဘယ်ကား အသွားအပြန် ရယ် တောင်ပေါ်မှာပါ indoor ကစားကွင်း ကစားလို့ပါ ရလို့ တန်တယ် လို့ပြောရမယ်.. တောင်ပေါ်မှာလဲ resort တွေရှိလို့ အဲ့ဒီပေါ်မှာ ညအိပ်လို့လဲ ရတယ်..အော်.. Pre-wedding လာရိုက်နေတဲ့လူတွေ လဲ များကြီးရယ်.. ဓါတ်ပုံတွေ ကတော့တော်တော်လှမှာပဲ..

Hoi An

ဒီမြို့လေးကတော့ တော်တော်လေးချစ်စရာကောင်းတယ် .. ရှေးခေတ်ကြီးထဲ ပြန်ရောက်သွားသလို ခံစားချင်ရင် ဒီမြို့လေးကိုသွား.. ဒါနမ်း ကနေ တစ်နာရီလောက် ကားမောင်းသွားရင်ရောက်တဲ့ ဒီမြို့လေးဟာ ဒါနမ်း ကိုရောက်ရင် မသွားမဖြစ် သွားရမယ့်နေရာလေးပေါ့..ဟိုးအရင် နှစ်များစွာ က တရုတ် နဲ့ ဂျပန်တို့ရဲ့ နဲ့ ကုန်သွယ် ပြီး သဘောင်္တွေ ၀င်ထွက် သွားလာ ခဲ့ကြတဲ့ ဒီမြို့လေး ကိုရောက်သွားမယ် ဆိုရင် ကိုယ်တွေ ငယ်ငယ် ထဲက ကြည့်ကြည့်ဖူးနေ တဲ့ တရုတ် ကားထဲက မြို့လေးတွေ ထဲရောက်သွားသလို ပဲ အားလုံးဟာ မပျက်မစီး တည်ရှိနေတယ်.. မြို့ထဲ ၀င်လိုက်တာ နဲ့ ဟိုတယ်တွေ က အစ တရုတ်ဘုံကျောင်းလို လို..တရုတ်ကားတွေထဲက တည်းခိုခန်းတွေ လိုလို..တရုတ်သဋ္ဌေး ကြီးရဲ့ အခန်းတွေ အများကြီးရှိတဲ့ အိမ်ကြီးထဲ ကို တွေက ၀င်တည်းသလိုလို..ဲမြို့ထဲ ရောက်တာ နဲ့ လမ်းတွေက ကျဉ်းကျဉ်းလေးတွေ နဲ့ ကားတောင်သိပ်ဝင်လို့ မရချင်ဘူးရယ်..ဟိုတယ်တွေကတော့ ထုံးစံ အတိုင်းဈေးကပေါသလားမမေးနဲ့ 3star ကို 30$ - 35$ ပဲ.ရေကူးကန်တောင်ပါသေးတယ်...walk-in ၀င်လဲတူတူပဲ 5$ လောက်ပဲကွာတယ်.. မြို့လေးကို လည်မယ်ဆို ရင်ကားမလို ဘူး..လမ်းလျောက်သွား ..ဒါမှ မဟုတ် စက်ဘီးစီး ရုံပဲ..တစ်စီးမှ 1$ ပဲပေးရတယ်.. ဘော်ဒါတွေ နဲ့ သို့ ချစ်သူနဲ့ စက်ဘီးတွေ ပတ်စီး ..ညနေဘက် ဆို ချစ်စရာ ကောင်းတဲ့ သူပွန် မြစ်နားမှာ လမ်းလျောက်..တစ်မြို့လုံး ညဘက်ဆို မီးပုံးလေးတွေ နဲ့ အရမ်းကို ကဗျာဆန်ပြီးလှတာ.ဟန်နီးမွန်း အတွဲတွေ သာ သွားလိုက်လို့ရတော့ ဘယ်လိုတွေ ပိုပြီးအချစ်တွေ တိုးသွားမလဲ ဆိုတာ..

မြစ်ဘေးတစ်လျောက် လမ်းလေးတွေ တလျောက် လမ်းမီး မထွန်းထားပဲ မီးပုံးလေးတွေ ကြီးပဲမို့ ကိုယ်ဟာ ဒဏ္ဍရီ ထဲလမ်းလျောက်နေသလို ခံစားမိတယ်..နောက်ပြီး ညဘက်ရောက်ရင် လှေသေးလေးတွေ နဲ့ မြစ်လယ်လေးကို သွားပြီး မီးပုံးလေးတွေ လွတ်ရတာလဲ အရမ်းမိုက်တယ်..လေလေးတွေက တစ်ဖြူးဖြူးနဲ့တိုက် ကိုယ်ဆုတောင်းချင်တာလေးတွေ စိတ်ထဲက တိတ်တိတ်လေး ဆုတောင်းပြီး မီးပုံးလေးတွေ မျောသွားတာကို ကြည့်ရတာ ကြည်နူးဖို့ အရမ်းကောင်းတယ်.. ပြီးသွားရင် မြစ်ဘေးတလျောက် ကဘားတွေ ဆိုင်လေးတွေ မှာ ထိုင်ပြီး ဖယောင်းတိုင် မီးလေးတွေနဲ့ ညစာ စားရင်း ၀ိုင်လေးတွေ သောက်လဲရတယ်.. ကိုယ်တွေ လို ဘော်ဒါ တွေ နဲ့ လာတဲ့ လူတွေ တောင် စကား ကို တိုးတိုးလေးပြော ..ဖွင့်ထားတဲ့ သီချင်းသံလေးတွေ နားထောင် ပြီး သာယာကြတာ ..အင်းးးးး ချစ်သူနဲ့သာဆိုရင် .. 😃 ဒီမြို့လေးက တော်တော် ကိုဈေးပေါတယ်..အစားအသောက်..ဟိုတယ်..လမ်းလျောက်ပြီး လည်ရတာဆိုတော့ ပိုက်ဆံကို မကုန်တာ.. ဒီမြို့ရောက် ရင် အနောက်နိုင်ငံသားတွေ မလုပ် မဖြစ်လုပ်တာ ကတော့ အကျီင်္ချုပ်တာပါပဲ..လက်ရာအရမ်းကောင်းတယ် လို့ဆိုကြတယ်.. ညနေ ချုပ်ရင် နောက်နေ့ မနက်ဆိုရပြီ..ဈေးလဲ အရမ်းသက်သာတယ်.. ကိုယ်တွေ က အချိန် မရလို့ မချုပ်ခဲ့ရပေမယ့် ဈေးတော့ ကောင်းကောင်းဝယ်ခဲ့တယ်..

အကျီင်္တွေ ဂါဝန်တွေ ဆိုတာ ဈေးပေါသလားမမေးနဲ့ ..တစ်ထည်မှ မြန်မာငွေနဲ့ဆို တစ်သောင်း ပတ်ချာ လညိပဲ.ချည်သားတွေ ဒီဇိုင်းတွေ ကလဲ လှလိုက်တာ.. ကို်ယ်တွေ အုပ်စုက မိန်းကလေး များတော့ ယောင်္ကျားလေးတွေဆိုတာ စိတ် ကိုမရှည်ကြတော့ ဘူး .၀ယ်တာမပြီးနိုင် မစီးနိုင် နဲ့မို့လို့.. အဲ့ဒီတော့ ဒီမြို့ကို ရောက်ခဲ့ရင် ယောကျာင်္းလေးတွေ ကို ဘားတွေ ဘာတွေ ကို အရင်ပို့ထား ..ပြီးရင် မိန်းကလေးတွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးသာ ပတ်ဝယ်..ဆိုင်တွေကလဲ အများကြီး လမ်းတလျောက်လုံး ကပ်ရပ်တွေ ကြီး ဆိုတော့ ဘာပြောကောင်းမလဲ..ချစ်စရာကောင်းတဲ့ ဗီယက်နမ်ကော်ဖီ ဆိုင်လေးတွေလဲ ထိုင်ခဲ့ပါအုန်း..ကော်ဖီရဲ့ အရသာကို ရင်ထဲထိရောက်သွားစေမယ့် ဗီယက်နမ်စတိုင်လေး နဲ့ နှပ်ပြီးတော့ သောက်ရင်းပေါ့.. လမ်းလျောက် (ပ၀ါတစ်ထည်လောက်တော့ဆောင်သွားနော်.လေတိုက်တော့အေးတယ်) ..မီးပုံးလွတ်..စက်ဘီးစီး ..ဈေးဝယ်..ကော်ဖီသောက်..မြစ်ဘေးကဘားမှာထိုင်..ဓါတ်ပုံတွေအများကြီးရိုက်.. ဒါတွေကတော့ ဟွေအန် ရောက်ရင်မဖြစ်မနေ လုပ်ရမယ့် အရာတွေပါပဲ.. ဒီမြို့ကိုတော့ နေ့လည်ဘက်ကြီး ပဲခန လည်မယ်လို့ မစဉ်းစားပါနဲ့ ..ညအိပ်ဖြစ်အောင် အိပ်ပါနော်..သူ့ရဲ့ညလေးကို ခံစားစေချင်လို့ပါ..

ဒါကတော့ ဗီယက်နမ်အလည်ပိုင်း က ဒါနမ်းရဲ့ ကိုယ်အကြိုက်ဆုံး နှစ်နေရာပါပဲ.. ကိုယ်တွေ ညချမ်း ကနေ ဒါနမ်းကို တစ်ခါတည်း ဆက်သွားခဲ့တာ ဆိုတော့ ဒါနမ်းရဲ့ beach life ကိုမခံစားတော့တာ.. အကယ်၍ ဒါနမ်း တစ်ခုထဲ သီးသန့်သွားချင်ရင်တော့ ရန်ကုန်ကနေ ဟိုချီမင်း ကို vietnam airline သို့ viet jet နဲ့သွား ပြီးရင် ဟိုချီမင်းကနေ ..ဒါနမ်းကို လေယာဉ် ထပ်စီး (တစ်ခါတည်းလေယာဉ်လက်မှတ်ကို ဆက်တိုက်ဝယ်သွားပါ) ..ဒါနမ်းရောက်ရင် လေဆိပ်မှာ taxi တွေ အများကြီးပဲရယ်.. ကိုယ် booking လုပ်ထားတဲ့ ဟိုတယ် ကို ငှားသွားလိုက်ရုံပဲ..ဟိုမှာ နှစ်ည သို့ သုံးည အိပ်..bana hill ကိုလဲသွားလည်လို့ရသေးတယ်..နောက်နေ့ မှhoi an ကို ကားငှားပြီး သွားလိုက်ပေါ့နော်.. ကားခကတော့ တစ်စီးကို 30 $ လောက်ပဲပေးရပါတယ်.. hoi an ကနေ နေ့လည် flight နဲ့ ဟနွိုင်း ကို ပြန်ရင်တော့ ညနေ flight နဲ့ မြန်မာပြည် တန်းပြန်လို့ရပါတယ်.. ဒါပေမယ့် Vietnam Airline ပဲရမှာပါ.. Viet Jet စီးချင်ရင်တော့ ဟိုချီမင်းကို ပြန်မှ ရမှာပါ ဟိုချီမင်း မှာ တစ်ဘ အိပ်ပြီးမှ ..ရန်ကုန်ကိုနောက်နေ့မနက်လေယာဉ်နဲ့ ပြန်လို့ရပါတယ်..

ကိုယ်တွေခရီးစဉ်
ကိုယ်တွေကတော့ beach life ကို အပြည့်အ၀ ခံစားချင်လို့ ညချမ်းကို ပဲသွားပါတယ် ..ညချမ်းမှာ သုံးည ရေငုပ်..nightlife ..ကစားကွင်းတွေ နဲ့ မအားရအောင် အမုန်းကဲပြီးတော့မှ .. ဒါနမ်းကို တစ်နာရီလေယာဉ်စီးပြီးသွားပါတယ်.. ဒါနမ်းရောက်တော့ ကားကို တစ်ခါတည်းနှစ်ရက်စာ ငှားလိုက်ပါတယ်.. လေဆိပ် ကနေ bana hill – bana hill ကနေ Hoi An .ဟိုမှာ တစ်ည အိပ်ပြီး နောက်နေ့ လေဆိပ် နေ့လည်လောက် သွားတာ ကို မှ 160 $ ပေးရပါတယ် . ကားက ၁၂ ယောက်လောက်စီးလို့ရပါတယ်..ကိုယ်တွေက ၁၀ယောက် ဆိုတော့ တစ်ယောက်မှအားလုံး 16$ ပဲကျတယ်..ဟိုတယ်က 35$ ဆိုတော့ တစ်ယောက် ကို 18$ ..bana hill က 25$ ..ဒီခရီး တစ်ညစာ ကို မှ 60$ လောက်ပဲ ကျတယ်..လေယာဉ် ခကလဲ ရန်ကုန်ထဲက ရန်ကုန်-ဟိုချီမင်း-ညချမ်း-ဒါနမ်း-ဟနွိုင်း-ရန်ကုန် vietnam airlines နဲ့ ၆ ကြောင်းစာ ဆက်တိုက် တစ်ခါတည်း ၀ယ်လိုက်တာ 295 $ လောက်ပဲ ကျတယ်..ဒါနမ်းကြီးပဲဆိုရင်တော့ 200$ လောက်ပဲကျမှာပါ.. viet jet တော့ နည်းနည်း ပိုသက်သာပါတယ်.. ဒါပေမယ့် သူက.ညချမ်းကနေ ဒါနမ်းကို မဆွဲတော့ Vietnam airline နဲ့ပဲ ၀ယ်ရမှာ ဆိုတော့ လဲမထူးပါဘူး ..ရောက်မယ့်ရောက်တော့လဲ အဲ့ဒီနားတွေ ဆက်တိုက်သွားလိုက်တာ အကောင်းဆုံးပါပဲ..နောက်တစ်ခေါက် ပြန်လာရင် ရန်ကုန်ကနေ အထွက် လေယာဉ်ခက ထပ်ကုန်မှာမို့လို့ပါ.. ဟန်းနီးမွန်း တွေ..လူကြီးတွေ နဲ့ သွားတာ မဟုတ်ရင်တော့ ဒီ ညချမ်းကမ်းခြေက ပိုပြီးတော့ မိုက်ပါတယ်..ဈေးလဲ သက်သာ..တောင်ပေါ်..ကမ်းခြေ..မြို့ဟောင်းလေး ..ဥရောပ စတဲ့ ရသာစုံခံစားရတဲ့ ဗီယက်နမ်ရဲ့ အလယ်ပိုင်း ညချမ်း နဲ့ ဒါနမ်း ကို ခ၇ီးထွက်ရင်း ပျော်ရွင် ခဲ့ကြပါလို့ !း)

1 comment:

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete