Friday, August 26, 2016




ဥရောပတိုက်ကိုသွားမလား.. ဒါလေးတွေ သတိထားး

ဥရောပလို့ တွေးလိုက်တာနဲ့ လည်ပတ်စရာနေရာများပြားပြီး သိပ်ကို လှပတဲ့ရူခင်းတွေ ရဲတိုက်ကြီးတွေ ရှေးခေတ်အဆောက်အဦးတွေ အနုပညာ လက်ရာတွေ နဲ့တူတူ သိပ်ကို အေးဆေး ပြီး ပညာရှင်ဆန် နူးညံပြီး လူကြီး လူကောင်းဆန်ကြတဲ့ ဥရောပတိုက်သားတွေ အကြောင်းရယ် ရာဇဝတ်မူတွေမရှိသလောက်ရှားပါးပြီး ငြိမ်းချမ်းမူ တွေနဲ့ လှပနေမယ့် မြို့တွေ အကြောင်း ကို တွေးမိကြမှာပါ.. ကိုယ်ကိုတိုင်လဲ ဥရောပ ကိုမရောက် ဖူးခင်ကတော့ အရမ်းစိတ်လူပ်ရှားပြီး ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းက ကိုယ်တွေနဲ့ လုံးစုံ ကွဲပြားနေတဲ့ နိဗ္ဗာန် ဘုံလေးကို ရူးသွပ်နေခဲ့တာပေါ့ .. အနွေးထည်ထူထူတွေ ဝတ်.. မာဖလာ တွေ တလွင့်လွင့်နဲ့ လည်ရှည် ဖိနပ်ကြီးတွေ စီးပြီး အီတလီ brand အိတ်တွေ ချက်ချက်းဝယ် ချက်ချင်း ကိုင်ပြီး စတိုင်တွေ ထုတ်မယ်ပေါ့ ..
စတိုင်း အရမ်းမိုက်နေမယ့် ဥရောပတိုက်သားလေးတွေ ကိုလိုက်ကြည့်ပြီး စိတ်ကူးတွေ ယဉ်နေမယ်ပေါ့.. မသွားခင် ဥရောပ အကြောင်း ရေးထားတဲ့ blog တွေ website တွေ အသေကြေ ဖတ်တော့ မှပဲ တိုးရစ်တွေအတွက် ခါးပိုက်နိုက် အကြောင်းတွေကို တော်တော်လေးကို စောင်းပေး ပြီးရေးထားတာ တွေ့တော့ နည်းနည်း လန့်လာတယ်.. ဧည့်သည်တွေကိုလဲ သေချာမှာပေါ့ .. ပိုက်ဆံအိတ်.. Passport တွေ ဘာတွေကို သေချာဂရုစိုက်ဖို့ .. ဟိုရောက်မှ ပဲ သူတို့ local guide ရဲ့ သတိပေး မူ တလှေကြီး ကြားမှ ကိုယ်ဟာ ဥစ္စာရူး တစ်ယောက် ဖြစ်သွားတော့တယ်.. စတိုင်လဲ ဓါတ်ပုံရိုက်ချိန် တချိန်သာ ထုတ်ပြီး ဘေးကပ်လာတဲ့ လူတွေကို ကြည့်ရ ဧည့်သည်တွေကိုကြည့်ရနဲ့ ဂနာမငြိမ် ဖြစ်နေတော့တာပေါ့ .. ကိုယ်တွေ Asia မှာခရီးသွားရင်တောင် အဲ့လောက် ဂရုမစိုက်စရာ မလိုဘူး :( တစ်ကယ့်ကို သူပြောတာတွေ မလွန်ဘူးဆိုတာကို ကိုယ်တိုင် အခေါက်ခေါက် အခါခါ သွားပြီးမှ သိလာတော့တယ်.. ကဲ ဒီတော့ ဥရောပကို ခရီးသွားမယ့် လူတွေအတွက် ဥရောပကို အကျည်းတန်စေတဲ့ အလစ်သုတ်ခါးပိုက်နှိုက်များ အကြောင်းကိုဖောက်သည်ချပါတော့မယ်..

နှစ်စဉ်နှစ်တိုင်း ခရီးသွားပေါင်းများစွာဟာ ခါးပိုက်နှိုက်များရဲ့ သားကောင်အဖြစ် ကြုံတွေ့နေရပေမယ့် သတိထားရမယ့် အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သိပ်စိတပူစရာ မလိုပါဘူး။
ဥရောပမှာရှိတဲ့ ခါးပိုက်နှိုက်အပေါများဆုံး မြို့တွေရောက်ရင် သတိထားနိုင်ဖို့ ဒီမှာ အစဉ်လိုက်ရေးပေးလိုက်တယ်...
Barcelona (စပိန်)
Rome (အီတလီ)
Paris (ပြင်သစ်)
Madrid (စပိန်)
Athens (ဂရိ)
Lisbon (ပေါ်တူဂီ)
Florence (အီတလီ)
London (အင်္ဂလန်)
Amsterdam (နယ်သာလန်)

ဒါပေမယ့် ခါးပိုက်နှိုက်တွေကို မြို့ကြီးတွေမှာပဲ ရှိတယ်လို့ မထင်ပါနင်ငံခြားသား ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့တိုင်းလိုလိုမှာ ရှိတတ်ပါတယ်..

ခါးပိုက်နှိုက်တွေက ဘယ်သူတွေလဲ
လူအများမထင်ထားတဲ့အချက်ကတော့ ခါးပိုက်နှိုက်အများစုဟာ ၁၀နှစ်မှ ၁၆နှစ်အထိ ငယ်ရွယ်တဲ့ကောင်လေး ကောင်မလေးတွေ ဖြစ်နေတတ်ပါတယ်.. ခရီးသွားအများစုဟာလည်း ဒီကလေးတွေကို သူတို့ပစ္စည်းတွေ ခိုးယူမယ့်သူတွေအဖြစ် သံသယမရှိကြပါဘူး..နောက်တမျိုးကတော့ ကောင်းကောင်းမွန်မွန် ၀တ်စားထားလေ့ရှိပါတယ် ဒါဟာလည်းသင်သံသယ မဖြစ်အောင်လုပ်နည်း တမျိုးပါပဲ.. တခါတလေ သူတို့တွေဟာ အုပ်စုလိုက် လှုပ်ရှားလေ့ရှိပါတယ်.. တယောက် ဒါမှမဟုတ် နှစ်ယောက်က သင့်ကို စိတ်ရှုပ်အောင် လုပ်ပါလိမ့်မယ်.. ကျန်တယောက်က သင်ပစ္စည်းကို ရယူဖို့ကြိုးစားပါလိမ့်မယ်.. အကယ်၍ သင်သာသိသွားလိမ့်မယ်ဆိုရင်တော့ သူတို့ဟာ ပစ္စည်းကို တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းပြီး ထွက်ပြေးသွားကြပါလိမ့်မယ်.. ဒါမှလိုက်လို့မမှီနိုင်အောင်ပေါ့..

ခါးပိုက်နှိုက်များရှိတတ်သောနေရာများ
နိုင်ငံခြားသား အများအပြားရောက်ရှိသောနေရာများ
ဥပမာ-ပြင်သစ်နိုင်ငံမှ အီဖယ်မျှော်စင် လိုနေရာ မှာဆိုရင် အပေါ်တက်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးကြားမှာ နောက်ပီး အဲ့ဒီမှာ ဆိုရင် ခရီးသွားများတော်တော် များများက ပတ်ဝန်းကျင်ကို ကြည့်ရှူလေ့လာဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ကိုပဲ စိတ်ဝင်တစားရှိကြတဲ့အတွက် လှုပ်ရှားဖို့ အကောင်းဆုံး နေရာပဲ.. ဈေးရောင်းနေကြတဲ့ အမဲကောင်တွေဟာလဲ အုတ်လိုက် ချဉ်းကပ်လာပြီး ဈေးဆစ်ရင်း ပိုက်ဆံအိတ်ဖွင့်ရင်းလဲ အနိုက်ခံရတတ်တယ်.. ဖြစ်နိုင်ရင် အဲ့ဒီနေရာတွေမှာ လုံးဝ ပိုက်ဆံ အိတ်ကို မဖွင့်တာ အကောင်းဆုံးပါပဲ..

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနေရာများ
မြေအောက်ရထား၊မြို့တွင်ဘက်စ်ကားများဟာလည်း၊သတိထားရမယ့် နေရာများလည်းဖြစ်တယ်.. သူတို့တွေက အထူးသဖြင့် ပိုမိုလူရှုပ်တဲ့နေရာများကို ပစ်မှတ်ထားကြပါတယ်။
ပြတိုက်များ
ပြတိုက်ဝင်ကြေးပေးဆောင်ရပေမယ့်လည်း ခါးပိုက်နှိုက်များဟာ ခရီးသွားဧည့်သည် အသွင်ရောနှောဝင်ရောက်တတ်ကြပါသေးတယ်.. ဒီလိုချိန်တွေဆို သူတို့ရဲ့ နွေရာသီချိန် ဖြစ်ပြီး ခရီးသွား ဝင်ရောက်မူအများဆုံးကာလတွေမို့ ပြတိုက်တွေ နန်းတော်တွေဟာ တိုးမပေါက်အောင် များပြီး ရေကျော် ပွဲဈေး တိုးရသလို ဖြစ်နေလို့ ဒင်းတို့တွေအတွက်က မဟာ အခွင့်အရေးပါပဲ .. ဧည့်သည်များဟာ ပြတိုက်အတွင်း စိတ်ဝင်တစားကြည့်ရှူလေ့လာနေကြပြီဆိုရင်တော့ စတင်လှုပ်ရှားလေ့ရှိကြပါတော့တယ်..
ဘူတာရုံများ
ဘူတာရုံများဟာ ကြီးမားကျယ်ပြန့်ပြီး လူရှုပ်လေ့ရှိပါတယ်။ခရီးသွားတွေဟာလည်းအထုတ်အပိုးများစွာနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ဒါဟာ ခါးပိုက်နှိုက်တွေ အကြိုက်ဆုံးနေရာပါပဲ.. များသောအားဖြင့်ပဲရစ် ကဘူတာ တွေမှာ သတိထားရမှာပါ..
စားသောက်ဆိုင်များ
လူအများစုဟာ အစားအသောက်စားနေချိန်မှာ ၀န်စည်စလွယ်တွေ ပိုက်ဆံအိတ်တွေကို ခုံနောက်မှာ၊ခုံအောက်မှာ လက်ကိုင်ဖုန်းတွေကို စားပွဲပေါ်မှာ ထားပြီး စိတ်လွတ်လက်လွတ် စားတတ်ကြပါတယ်.. အထူးသဖြင့် မြို့ကြီးတွေရဲ့ square တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ဘီယာအေးဆေးထိုင်သောက် ဖုန်းလေးကို စားပွဲပေါ်တင် ပိုက်ဆံအိတ်လေး ဘေးမှာ ချ ထား ဟိုဒီငေးနေပီဆိုရင်တော့ ပါသွားပြီသာမှတ်ပေတော့...
ရွေ့လျားစက်လှေကား
ရွေ့လျားစက်လှေကားတွေဟာလည်းခါးပိုက်နှီုက်များ လှုပ်ရှားရာနေရာပဲ ဖြစ်ပါတယ်။ပစ်မှတ်ထားသူရဲ့အရှေ့မှာ လူနှစ်ယောက်လောက်နဲ့ အနောက်ဘက်မှာ လူနှစ်ယောက် လောက်ကနေရာယူထားတတ်ကြပါတယ်...စက်လှေကားအဆုံးနားရောက်ခါနီးမှာ ထိပ်ဆုံးမှာရှိတဲ့လူတယောက်က ရပ်လိုက်ပြီးလူတွေထပ်ခါရှုပ်ထွေးသွားအောင်ပြုလုပ်ပါလိမ့်မယ်.. ဒီအချိန်မှာ အနောက်မှလူက ခါးပိုက်နှိုက်ဖို့ကြိုးစား ပါတော့တယ်။အကယ်၍ သင်သိသွားခဲ့လျှင် ပစ္စည်းကို ဆန့်ကျင်ဘက်ဖက်စက်လှေကားမှာ ရှိနေတဲ့နောက် အဖော် တစ်ယောက်ကို လက်ဆင့်ကမ်းပါတယ်...
အိတ်ကိုဓားနဲ့ခွဲခြင်း
အချို့ခါးပိုက်နှိုက်တွေဟာ သင့်အိတ်ကို တစ်ကူးတစ်ကဖွင့်ဖို့ မကြ်ုးစားကြတော့ပါဘူး....အလွယ်တကူပဲဓားနဲ့ခွဲပြီးသင့်ပစ္စည်းကို ယူသွားပါလိမ့်မယ်..,
လမ်းဘေးဖျော်ဖြေပွဲများ
ဥရောပရဲ့ လမ်းဘေးဖျော်ဖြေပွဲတွေဟာ တော်တော်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်..ခရီးသွားတွေ တိုးဝေ့ကြည့်နေတတ်ကြပြီး ကိုယ်ဟာလဲ စိတ်လွတ်ကိုယ်လွတ် ငေးနေပီဆိုရင်တော့ သူတို့အတွက် အကွက်ကောင်းပါပဲ

အယောင်ဆောင်ရန်ဖြစ်မှုများ
တခါတခါကျရင် ခရီးသွားဧည့်သည်တွေရဲ့ အနီးအနားလူအုပ်စုတစ်စုဟာ ရန်ဖြစ်ချင်ယောင်ဆောင်ကြပါလိမ့်မယ်..သည်အချိန်မှာ အခြားတစ်ယောက်ကခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ရထားအတက်အဆင်းများ
ကိုယ့်ဟာကိုယ် သွားတဲ့ FIT တွေအတွက် အထူးသတိထားရမှာပါ.. ရထားဆိုက်ပြီးတိုးဝင်ချိန်မှာ ပစ်မှတ်ထားတဲ့လူနားမှာရှိတတ်ကြပါတယ်..ရထားဆိုက်ပြီးတိုးဝင်ချိန်မှာပစ်မှတ်ကိုတွန်းတိုက်တိုးဝှေ့တက်ပြီးရထားပေါ်တက်ဖို့ကြိုးစားရင်းခါးပိုက်နှိုက်ပါတယ်.. ပြီးရင်တံခါးမပိတ်ခင်မှာ အလျှင်အမြန်ပြန်ဆင်းသွားကြပါတယ်...

အိတ်ကူသယ်ပေးသူများ
ဘူတာရုံအချို့မှာလှေကားထစ်များကို အတက်အဆင်းလုပ်ရတတ်ပါတယ်..သည်အခါမျိုးမှာ သင့်အိတ်ကို ကူသယ်ပေးပါမယ်.. ပြီးရင်အစောင့်အရှောက်မရှိချိန် လူပျက်ချိန်မျိုးမှာ အလစ်သုတ်လေ့ရှိပါတယ်..ဘယ်သူ့ကိုမှ မယုံပါနဲ့..

ခါးပိုက်နှိုက်များသုံးလေ့ရှိသောနည်းလမ်းများ

ပရဟိတအလှူခံများ ပြင်သစ်မှာတော့အများဆုံးသုံးတဲ့နည်းလမ်းပါ.. ဆွံ့အနားမကြားအမျိုးသမီးငယ်လေးများဟာ သင့်ဆီလာပြီးအလှူခံပါလိမ့်မည်.. ပြီးရင် လက်မှတ်ထိုးခိုင်းပါလိမ့်မည်.. တကယ်တော့ အလှူခံတာဟာ အတုအယောင်ပါ..သင်လက်မှတ်ထိုးဖို့စာရွက်ကိုထုတ်ပြီး အလုပ်ရှုပ်နေချိန်မှာ ခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ဘယ်သူတွေကပစ်မှတ်လဲ
လူတိုင်းဟာ ခါးပိုက်နှိုက်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်... ဒါပေမယ့် သူတို့ဟာ လွယ်ကူဆုံးသူတွေကိုပဲအရင်ဆုံးပစ်မှတ်ထားတတ်ကြပါတယ်..
ခရီးသွားဧည့်သည်များ
ခါးပိုက်နှိုက်တွေရဲ့အမြင်မှာ သင်ဟာခရီးသွားဧည့်သည်ပုံဆိုရင်တော့ သင်ဟာအလိုအလျောက်ပစ်မှတ်ဖြစ်သွားပါပြီ...
အိတ်အများအပြားနဲ့လူတွေ
သင်ဟာ ခရီးဆောင်အိတ်တစ်ဖတ်တစ်ချက်စီနဲ့ကျောပိုးအိတ် နဲ့ဆိုရင်တော့ ခါပိုက်နှိုက်တွေအတွက် ပစ်မှတ်ဖြစ်ချင်စရာပါပဲ
အာရှသားများ
အာရှသားများအထူးသဖြင့် တရုတ်လူမျိုးတွေဟာ ခါးပိုက်နှိုက်တွေအတွက် ရွေးချယ်စရာ အကောင်းဆုံးတွေပါပဲ.. ခရီးသွားတဲ့ တရုတ်တွေဟာ ချမိးသာကြပါတယ်.. တရုတ်နိုင်ငံသား အများအပြားဟာ ကတ်တွေမသုံးကြပါဘူး ဒါကြောင့် သူတို့ဟာ ပိုက်ဆံအများအပြားကိုသယ်ပြီး ခရီးသွားလေ့ရှိပါတယ်..ဒါကို သူတို့လည်းကောင်းကောင်းသိပါတယ်.. ဖြစ်နိင်ရင် တရုတ် အုပ်စု နောက်က ကပ်မလိုက်ပါနဲ့ .. သူတို့နဲ့ရော ပြီး သင်ပါ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်..

ခါးပိုက်နှိုက်ရန်ကဘယ်လိုကာကွယ်မလဲ

သင်သယ်မသွားနိုင်တဲ့အရာတွေကို အလစ်မသုတ်နိုင်ပါဘူး ဒါကြောင့် သင်လိုအပ်သလောက်ပစ္စည်းနဲ့ ငွေကြေးကိုပဲသယ်ဆောင်သွားသင့်ပါတယ်..ငွေသားကိုအများကြီးမသယ်သွားသင့်ပါဘူး.. visa , master card တွေ လုပ်သွားပါ.. အခုဆို လုပ်ရတာအရမ်းလွယ်ကူနေပါပြီ.. ဟိုမှာ ပိုက်ဆံကုန်သွားရင်လဲ ဒီကနေ လှမ်းထည့်ပေးလို့ရပါတယ်... နောက်ပြီး တချို့ shopping တွေဆို euro 1000 ဖိုးလောက်အထိပဲ cash နဲ့ဝယ်လို့ရလို့ card လုပ်သွားတာလျင် အကောင်းဆုံးပါပဲ..
euro ငွေ အကြွေလေးတွေ လဲသွားပါလမ်းဘေး မုန်ဝယ်စား ရေဝယ်သောက်ဖို့အတွက် ၁၀၀ တန် ၂၀၀ တန်တွေ ခနခန လူမြင်ခံလို့မကောင်းပါဘူး..
သင့်ရဲ့အိတ်တွေကို အသေအချာ သော့ခတ် ဇစ်ပိတ်ထားပါ..
အမျိုးသားများဟာ ပိုက်ဆံအိတ် များကိုဘောင်းဘီအရှေ့အိတ်မှာထားရပါမယ်..
သင့်ရဲ့ဖုန်းကို စားပွဲပေါ်လုံးဝ လုံးဝ မထားခဲ့ပါနဲ့
ကိုယ့်ရဲ့ လက်ကိုင် ဖုန်းတွေ ကင်မရာတွေ ကို သူမှား ကို ပေးပြီး ဓါတ်ပုံမရှိုက်ခိုင်းပါနဲ့
သင့်ရဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာများကို မတူညီတဲ့အိတ်များထဲမှာခွဲထည့်ထားပါ..
အမျိုးသမီးများ အိတ်ကိုတစောင်းလွယ်ပြီး ရှေ့ဘက်မှာထားပါ..
Passport ပထမစာမျက်နှာကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားပါ.. ဗီဇာ စာမျက်နှာကိုလဲ ဓါတ်ပုံရိုက်ထားပါ.. ဈေးဝယ် ပြီး tax refund ပြုလုပ်တဲ့အခါ ..ခနခန passport ထုတ်ရခြင်းမှ ကင်းဝေးအောင်ပါ....

ဥရောပကိုခရီးသွားခြင်းဟာ အံ့သြဖွယ်အခွင့်အရေးတစ်ခုပါ.. ဒါကို ခါးပိုက်နှိုက်တွေကြောင့် စိတ်အနှောက်အယှက်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ကြပါစေ..

No comments:

Post a Comment